ပျဉ်းမနားမင်းသားကြီးနှင့် သူငယ်တော်ရုပ်များ ဖြစ်ရပ်ဆန်း

378

မြန်မာများသည် ဥရောပဓလေ့များ ရောက်စပြုလာသည့် ခရစ် ၁၉ ရာစု နှစ်ဦးအထိ ရုပ်တုထုလျှင် ကိုးကွယ်ယုံကြည်မှုနှင့် ဆိုင်သည်ကိုသာ ထုလုပ်လေ့ရှိကြသည်။ လောကီနှင့်ဆိုင်သည့် ဤသူငယ်တော်ရုပ်သည် ဘုရင့်ပလ္လင်တော် ရှေ့တွင် ထောင်ထားသည့် အရုပ်ဖြစ်ပါသည်။

ဤကလေးငယ်သည် တစ်နေ့ထက်တစ်နေ့ ကြီးလာသကဲ့သို့ ရှင်ဘုရင်၏ ဘုန်းတန်ခိုးသြဇာ အာဏာသည်လည်း တစ်စထက်တစ်စ ကြီးလာရစေမည်ဟု အစွဲအယူ ရှိသည်။

အမရပူရ မြို့တည်နန်းတည် ဗဒုံမင်းတရားကြီးသည် နတ်ပြည်ပြောင်းရွှေ့ စံမြန်းတော်မူမည့် အခါ၌ ပုဗ္ဗနိမိတ်များ ပေါ်ပေါက်လာသည်ကို မှတ်တမ်းတင်ရာတွင် “သူငယ်ရုပ် ၈ ယောက်လည်း လက်ပန်းဟန် ပြ၏” ဟု မှတ်တမ်းတင်ထားပါ၏။

သူငယ်ရုပ် ဆိုသည်မှာ ဦးစွန်းဖုတ်နှင့် အဝတ်အစား မပါ၊ မတ်တတ်ရပ်လျက် ပူးယှက်ထားသော လက်နှစ်ဘက်ကို နဖူးပြင်၌တင်ကာ ပူဇော်နေဟန် ၂ နှစ်သားအရွယ် ယောကျ်ားသူငယ် ရွှေပိန်းချ ပန်းပုရုပ် ဖြစ်ပါ၏။

ရွှေတောင်နော်ရထာ ပြုစုရေးသားသော “ပလ္လင်ကိုးရပ်စာတမ်း”၌ ပလ္လင်ခံ သူငယ်သဏ္ဌာန် ပူဇော်ဟန် ထုလုပ်ထားသည်မှာ သူငယ်သည် တရွေ့ရွေ့ ကြီးပြင်းလာသကဲ့သို့ ဘုန်းတော် အာဏာတော် ကြီးမားလျက် မြင့်ရှည်စွာ တည်မည့်အကြောင်းကို ရည်၍ သူငယ်ရုပ် ထုလုပ်ထားရလေသည်ဟု ဖော်ပြထားပါ၏။

ထို့ကြောင့်လည်း ယင်းသူငယ်တော်ရုပ်များကိုပင် “တက်တိုးရုပ်”ဟု တစ်နည်းတစ်ဖုံ ခေါ်ဝေါ်ကြ၏။ယင်းသူငယ်တော်ရုပ်များကို လွှတ်တော်ရှိ သီဟာသနပလ္လင်တော်ရှေ့တွင် လည်းကောင်း၊ မြနန်းစံကျော် ရွှေနန်းတော်ကြီး အတွင်းရှိ ပလ္လင်တော်များရှေ့တွင် လည်းကောင်း၊

သူငယ်တော်ရုပ်ကို ပလ္လင်မျက်နှာမူသည့် အနေအထားဖြင့် လည်းကောင်း၊ ခင်္သြေ့ရုပ်များကို ပရိသတ်တို့ မျက်နှာမူသည့် အနေအထားဖြင့် တစ်ရုပ်ခြား တစ်ကောင်ခြား စီတန်းထားရှိ၏။ ကမ္ဘာဦးတွင် လူတို့သည် ဂေါတမမြတ်စွာဘုရားလောင်းကို သမ္မတမင်း ပြုတော်မူပါဟု တညီတညွတ်တည်း လျှောက်ထားကြသည်ကို ရည်ညွှန်းသည်ဟု အစဉ်အလာ စကားရှိ၏။

သီပေါမင်းတရားကြီးနှင့် အရှင်နန်းမတော် မိဖုရားခေါင်ကြီးတို့ သီဟာသန ပလ္လင်ထက်၌ စံတော်မူလျက် ရိုက်ကူးထားသော ဓာတ်ပုံအရ လည်းကောင်း၊ အထက်မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ခရစ်နှစ် ၁၈၈၅ အတွင်း ဓာတ်ပုံဝါသနာရှင် ကပ္ပတိန်ကူးပါး ရိုက်ကူးခဲ့သော ရွှေနန်းတော်ကြီး မှတ်တမ်းဓာတ်ပုံများအနက် ပလ္လင်ကိုးခန်း ဓာတ်ပုံများအရ လည်းကောင်း၊

ခရစ်နှစ် ၁၈၈၃ တွင် ပုံနှိပ်သည့် မဟာရာဇဝင်တော်ကြီး ပထမ စာမျက်နှာတွင် ရာဇပလ္လင် ရှေ့မျက်နှာစာ အောက်ခြေ၌ သူငယ်တော် ၆ ရုပ်၊ ခင်္သြေ့ရုပ် ၇ ရုပ် စီတန်းထားသည်ကို ရေးဆွဲဖော်ပြထားခြင်းအရ လည်းကောင်း ရာဇပလ္လင်နှင့် သူငယ်တော်ရုပ်များသည် ရေနှင့်ကြာကဲ့သို့ မကွဲမကွာ ဒွန်တွဲလျက် ရှိသည်ဟု ယူဆနိုင်ပါသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် ရာဇပလ္လင်တော်များ ရှေ့တော်၌ ခင်းကျင်းထားရသည့် သူငယ်တော်ရုပ်များကို ပန်းပုခေါင်း မောင်ပန်းအောင်နှင့် တပည့်လက်သား ၂၀ တို့က ထုလုပ်ဆက်သရကြောင်း၊ ပန်းပုအမှုထမ်းတို့မှာ တစ်ဦးလျှင် လစာငွေ ၂၀ ကျပ် ရရှိကြောင်းကို ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်၌ ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းသူငယ်တော်ရုပ်များကို ထုလုပ်ပြီးလျှင် လိုအပ်သည့် လောကီအစီအရင် ဂါထာမန္တရားများ ရွတ်ဆိုကာ သိဒ္ဓိတင်ကြရ၏။ “လိပ်ပြာသွင်းသည်” ဟုလည်း အရပ်စကားက ဆိုသည်။ ထို့ကြောင့် ထိုသူငယ်တော်ရုပ်များသည် အသက်ရှိသည်ဟု ဆို၏။

ခေတ်လူငယ်များက အယူသီးသည်ဟု ဆိုကြမည် ဖြစ်သော်လည်း မင်းတုန်းမင်းတရားကြီးနှင့် ကြေးမြှင်မိဖုရားတို့၏ တစ်ပါးတည်းသော သားတော် ပျဉ်းမနားမင်းသားကြီးသည် သူငယ်တော်ရုပ်များနှင့် ပတ်သက်၍ ထူးဆန်းသော ဖြစ်ရပ်တစ်ခုကို ငယ်စဉ်က ကြုံတွေ့ခဲ့ရဖူးလေသည်။

ပျဉ်းမနားမင်းသားကြီး ကလေးဘဝက မြေနန်းပြာသာဒ်တော်ကြီးရှိ သီဟာသနပလ္လင်တော်ရှေ့မှ သူငယ်တော်ရုပ်များ၏ ခေါင်းများကို ဆိုင်းဝိုင်းထဲက ပတ်လုံးများ တီးသကဲ့သို့ လက်နှင့် ပုတ်ခတ်တီး၍ ဆော့ကစားလေရာ ဦးရီးတော် မြေနန်းဝန် မောင်မောင်လေးနှင့် အဆောင်နီမှူး ရနောင်မောင်မောင်တုတ်တို့က တားမြစ်သော်လည်း မရဘဲ ဆော့ကစားခဲ့၏။

ယင်းည၌ မယ်တော် ကြေးမြှင်မိဖုရားက မှန်နန်းဆောင် မင်းတရားကြီးထံ အခစား ဝင်ရ၍ သားတော်လေးသည် သီပေါမိဖုရား အဆောင်၌ သွားအိပ်ရလေရာ အိပ်ရာထဲ လှဲလိုက်သည်နှင့်ပင် တက်တိုးရုပ်များ ရောက်လာကြကာ မင်းသားလေး၏ ခေါင်းကို ဝိုင်းပုတ်ကြသဖြင့် မအိပ်နိုင်ဘဲ ငိုယိုနေရတော့၏။

အကြောင်းစုံ သိရှိသွားသော သီပေါမိဖုရားက ညတွင်းချင်းပင် ကန်တော့ပွဲပြင်ကာ သီဟာသနပလ္လင်ရှေ့မှ တက်တိုးရုပ်များကို တောင်းပန် ကန်တော့ခိုင်းလေ၏။ ထိုသို့ပြုပြီး အဆောင်တော်သို့ ပြန်လာမှပင် အနှောင့်အယှက် မရှိ၊ ချမ်းချမ်းသာသာ အိပ်စက်နိုင်သွားခဲ့လေသည် ဟူ၏။

အထက်မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းသောအခါ၌ သူငယ်တော်ရုပ် ၇၂ ရုပ်ကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားသည်ဟု သိရသည်။ ယခုအခါ-ဗြိတိသျှပြတိုက်တွင် ၂ ရုပ်၊ဝိတိုရိယနှင့် အဲလ်ဗတ်ပြတိုက်တွင် ၁ ရုပ်၊အောက်စဖို့ဒ် ပစ်ရေးဗာ့ ပြတိုက်တွင် ၁ ရုပ်၊ရှေးဟောင်းပစ္စည်း စုဆောင်းသူ Mr. N. Whiting ဆိုသူထံတွင် ၄ ရုပ်၊မြန်မာနိုင်ငံတွင် ၁ ရုပ်
-စုစုပေါင်း ၉ ရုပ်သာ ကျန်တော့သည်ဟု ဦးစိန်မောင်ဦး ရေးသားသည့် သမိုင်းပုလဲသွယ် စာအုပ်တွင် ဖတ်ရဖူးပါသည်။

မောင်သန်းဆွေ(ထားဝယ်)၏ စာစု
ဗဟုသုတကြယ်စင်

( Zawgyi )

ျမန္မာမ်ားသည္ ဥေရာပဓေလ့မ်ား ေရာက္စျပဳလာသည့္ ခရစ္ ၁၉ ရာစု ႏွစ္ဦးအထိ ႐ုပ္တုထုလၽွင္ ကိုးကြယ္ယုံၾကည္မွုႏွင့္ ဆိုင္သည္ကိုသာ ထုလုပ္ေလ့ရွိၾကသည္။ ေလာကီႏွင့္ဆိုင္သည့္ ဤသူငယ္ေတာ္႐ုပ္သည္ ဘုရင့္ပလႅင္ေတာ္ ေရွ႕တြင္ ေထာင္ထားသည့္ အ႐ုပ္ျဖစ္ပါသည္။

ဤကေလးငယ္သည္ တစ္ေန႔ထက္တစ္ေန႔ ႀကီးလာသကဲ့သို့ ရွင္ဘုရင္၏ ဘုန္းတန္ခိုးၾသဇာ အာဏာသည္လည္း တစ္စထက္တစ္စ ႀကီးလာရေစမည္ဟု အစြဲအယူ ရွိသည္။

အမရပူရ ၿမိဳ့တည္နန္းတည္ ဗဒုံမင္းတရားႀကီးသည္ နတ္ျပည္ေျပာင္းေရႊ႕ စံျမန္းေတာ္မူမည့္ အခါ၌ ပုဗၺနိမိတ္မ်ား ေပၚေပါက္လာသည္ကို မွတ္တမ္းတင္ရာတြင္ “သူငယ္႐ုပ္ ၈ ေယာက္လည္း လက္ပန္းဟန္ ျပ၏” ဟု မွတ္တမ္းတင္ထားပါ၏။

သူငယ္႐ုပ္ ဆိုသည္မွာ ဦးစြန္းဖုတ္ႏွင့္ အဝတ္အစား မပါ၊ မတ္တတ္ရပ္လ်က္ ပူးယွက္ထားေသာ လက္ႏွစ္ဘက္ကို နဖူးျပင္၌တင္ကာ ပူေဇာ္ေနဟန္ ၂ ႏွစ္သားအရြယ္ ေယာက်္ားသူငယ္ ေရႊပိန္းခ် ပန္းပု႐ုပ္ ျဖစ္ပါ၏။

ေရႊေတာင္ေနာ္ရထာ ျပဳစုေရးသားေသာ “ပလႅင္ကိုးရပ္စာတမ္း”၌ ပလႅင္ခံ သူငယ္သဏၭာန္ ပူေဇာ္ဟန္ ထုလုပ္ထားသည္မွာ သူငယ္သည္ တေရြ႕ေရြ႕ ႀကီးျပင္းလာသကဲ့သို့ ဘုန္းေတာ္ အာဏာေတာ္ ႀကီးမားလ်က္ ျမင့္ရွည္စြာ တည္မည့္အေၾကာင္းကို ရည္၍ သူငယ္႐ုပ္ ထုလုပ္ထားရေလသည္ဟု ေဖာ္ျပထားပါ၏။

ထို့ေၾကာင့္လည္း ယင္းသူငယ္ေတာ္႐ုပ္မ်ားကိုပင္ “တက္တိုး႐ုပ္”ဟု တစ္နည္းတစ္ဖုံ ေခၚေဝၚၾက၏။ယင္းသူငယ္ေတာ္႐ုပ္မ်ားကို လႊတ္ေတာ္ရွိ သီဟာသနပလႅင္ေတာ္ေရွ႕တြင္ လည္းေကာင္း၊ ျမနန္းစံေက်ာ္ ေရႊနန္းေတာ္ႀကီး အတြင္းရွိ ပလႅင္ေတာ္မ်ားေရွ႕တြင္ လည္းေကာင္း၊

သူငယ္ေတာ္႐ုပ္ကို ပလႅင္မ်က္ႏွာမူသည့္ အေနအထားျဖင့္ လည္းေကာင္း၊ ခေၾသၤ့႐ုပ္မ်ားကို ပရိသတ္တို့ မ်က္ႏွာမူသည့္ အေနအထားျဖင့္ တစ္႐ုပ္ျခား တစ္ေကာင္ျခား စီတန္းထားရွိ၏။ ကမၻာဦးတြင္ လူတို့သည္ ေဂါတမျမတ္စြာဘုရားေလာင္းကို သမၼတမင္း ျပဳေတာ္မူပါဟု တညီတညြတ္တည္း ေလၽွာက္ထားၾကသည္ကို ရည္ညႊန္းသည္ဟု အစဥ္အလာ စကားရွိ၏။

သီေပါမင္းတရားႀကီးႏွင့္ အရွင္နန္းမေတာ္ မိဖုရားေခါင္ႀကီးတို့ သီဟာသန ပလႅင္ထက္၌ စံေတာ္မူလ်က္ ရိုက္ကူးထားေသာ ဓာတ္ပုံအရ လည္းေကာင္း၊ အထက္ျမန္မာနိုင္ငံကို နယ္ခ်ဲ႕ အဂၤလိပ္တို့ သိမ္းပိုက္ၿပီးေနာက္ ခရစ္ႏွစ္ ၁၈၈၅ အတြင္း ဓာတ္ပုံဝါသနာရွင္ ကပၸတိန္ကူးပါး ရိုက္ကူးခဲ့ေသာ ေရႊနန္းေတာ္ႀကီး မွတ္တမ္းဓာတ္ပုံမ်ားအနက္ ပလႅင္ကိုးခန္း ဓာတ္ပုံမ်ားအရ လည္းေကာင္း၊

ခရစ္ႏွစ္ ၁၈၈၃ တြင္ ပုံႏွိပ္သည့္ မဟာရာဇဝင္ေတာ္ႀကီး ပထမ စာမ်က္ႏွာတြင္ ရာဇပလႅင္ ေရွ႕မ်က္ႏွာစာ ေအာက္ေျခ၌ သူငယ္ေတာ္ ၆ ႐ုပ္၊ ခေၾသၤ့႐ုပ္ ၇ ႐ုပ္ စီတန္းထားသည္ကို ေရးဆြဲေဖာ္ျပထားျခင္းအရ လည္းေကာင္း ရာဇပလႅင္ႏွင့္ သူငယ္ေတာ္႐ုပ္မ်ားသည္ ေရႏွင့္ၾကာကဲ့သို့ မကြဲမကြာ ဒြန္တြဲလ်က္ ရွိသည္ဟု ယူဆနိုင္ပါသည္။

မင္းတုန္းမင္းတရားႀကီး လက္ထက္ေတာ္တြင္ ရာဇပလႅင္ေတာ္မ်ား ေရွ႕ေတာ္၌ ခင္းက်င္းထားရသည့္ သူငယ္ေတာ္႐ုပ္မ်ားကို ပန္းပုေခါင္း ေမာင္ပန္းေအာင္ႏွင့္ တပည့္လက္သား ၂၀ တို့က ထုလုပ္ဆက္သရေၾကာင္း၊ ပန္းပုအမွုထမ္းတို့မွာ တစ္ဦးလၽွင္ လစာေငြ ၂၀ က်ပ္ ရရွိေၾကာင္းကို ေရႊနန္းသုံး ေဝါဟာရ အဘိဓာန္၌ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ယင္းသူငယ္ေတာ္႐ုပ္မ်ားကို ထုလုပ္ၿပီးလၽွင္ လိုအပ္သည့္ ေလာကီအစီအရင္ ဂါထာမႏၲရားမ်ား ရြတ္ဆိုကာ သိဒၶိတင္ၾကရ၏။ “လိပ္ျပာသြင္းသည္” ဟုလည္း အရပ္စကားက ဆိုသည္။ ထို့ေၾကာင့္ ထိုသူငယ္ေတာ္႐ုပ္မ်ားသည္ အသက္ရွိသည္ဟု ဆို၏။

ေခတ္လူငယ္မ်ားက အယူသီးသည္ဟု ဆိုၾကမည္ ျဖစ္ေသာ္လည္း မင္းတုန္းမင္းတရားႀကီးႏွင့္ ေၾကးျမႇင္မိဖုရားတို့၏ တစ္ပါးတည္းေသာ သားေတာ္ ပ်ဥ္းမနားမင္းသားႀကီးသည္ သူငယ္ေတာ္႐ုပ္မ်ားႏွင့္ ပတ္သက္၍ ထူးဆန္းေသာ ျဖစ္ရပ္တစ္ခုကို ငယ္စဥ္က ၾကဳံေတြ႕ခဲ့ရဖူးေလသည္။

ပ်ဥ္းမနားမင္းသားႀကီး ကေလးဘဝက ေျမနန္းျပာသာဒ္ေတာ္ႀကီးရွိ သီဟာသနပလႅင္ေတာ္ေရွ႕မွ သူငယ္ေတာ္႐ုပ္မ်ား၏ ေခါင္းမ်ားကို ဆိုင္းဝိုင္းထဲက ပတ္လုံးမ်ား တီးသကဲ့သို့ လက္ႏွင့္ ပုတ္ခတ္တီး၍ ေဆာ့ကစားေလရာ ဦးရီးေတာ္ ေျမနန္းဝန္ ေမာင္ေမာင္ေလးႏွင့္ အေဆာင္နီမွူး ရေနာင္ေမာင္ေမာင္တုတ္တို့က တားျမစ္ေသာ္လည္း မရဘဲ ေဆာ့ကစားခဲ့၏။

ယင္းည၌ မယ္ေတာ္ ေၾကးျမႇင္မိဖုရားက မွန္နန္းေဆာင္ မင္းတရားႀကီးထံ အခစား ဝင္ရ၍ သားေတာ္ေလးသည္ သီေပါမိဖုရား အေဆာင္၌ သြားအိပ္ရေလရာ အိပ္ရာထဲ လွဲလိုက္သည္ႏွင့္ပင္ တက္တိုး႐ုပ္မ်ား ေရာက္လာၾကကာ မင္းသားေလး၏ ေခါင္းကို ဝိုင္းပုတ္ၾကသျဖင့္ မအိပ္နိုင္ဘဲ ငိုယိုေနရေတာ့၏။

အေၾကာင္းစုံ သိရွိသြားေသာ သီေပါမိဖုရားက ညတြင္းခ်င္းပင္ ကန္ေတာ့ပြဲျပင္ကာ သီဟာသနပလႅင္ေရွ႕မွ တက္တိုး႐ုပ္မ်ားကို ေတာင္းပန္ ကန္ေတာ့ခိုင္းေလ၏။ ထိုသို့ျပဳၿပီး အေဆာင္ေတာ္သို့ ျပန္လာမွပင္ အေႏွာင့္အယွက္ မရွိ၊ ခ်မ္းခ်မ္းသာသာ အိပ္စက္နိုင္သြားခဲ့ေလသည္ ဟူ၏။

အထက္ျမန္မာနိုင္ငံကို ၿဗိတိသၽွနယ္ခ်ဲ႕တို့ သိမ္းေသာအခါ၌ သူငယ္ေတာ္႐ုပ္ ၇၂ ႐ုပ္ကို အဂၤလန္နိုင္ငံသို့ ယူေဆာင္သြားသည္ဟု သိရသည္။ ယခုအခါ-ၿဗိတိသၽွျပတိုက္တြင္ ၂ ႐ုပ္၊ဝိတိုရိယႏွင့္ အဲလ္ဗတ္ျပတိုက္တြင္ ၁ ႐ုပ္၊ေအာက္စဖို့ဒ္ ပစ္ေရးဗာ့ ျပတိုက္တြင္ ၁ ႐ုပ္၊ေရွးေဟာင္းပစၥည္း စုေဆာင္းသူ Mr. N. Whiting ဆိုသူထံတြင္ ၄ ႐ုပ္၊ျမန္မာနိုင္ငံတြင္ ၁ ႐ုပ္
-စုစုေပါင္း ၉ ႐ုပ္သာ က်န္ေတာ့သည္ဟု ဦးစိန္ေမာင္ဦး ေရးသားသည့္ သမိုင္းပုလဲသြယ္ စာအုပ္တြင္ ဖတ္ရဖူးပါသည္။

ေမာင္သန္းေဆြ(ထားဝယ္)၏ စာစု
ဗဟုသုတၾကယ္စင္