OT ဆင်းရလွန်းလို့ အလုပ်သစ်လျှောက်တဲ့သူ၊ အင်တာဗျူးခန်းထဲမှာ လဲကျသေဆုံး

115

သူများဝန်ထမ်းရတာ တကယ် မလွယ်ပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မဟုတ်ဘဲ၊ သူများစိတ်နဲ့ ကိုယ့်ကို နေရပါတယ်။ ဖွံဖြိုးစနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ အလုပ်သမားဖောင်းပွမှုတွေက ရှိနေတော့ ကိုယ့်မှာရှိတဲ့အလုပ်ကလေး မပြုတ်ရေး သူဌေးတွေကို မလွန်ဆန်ဝံ့ကြပါဘူး။

ဒီတော့ OT ဆိုလည်း တရားသည်မတရားသည် မတွက်အား၊ ဆင်းပေးရပါတယ်။ တစ်ချို့သော နိုင်ငံခြား လုပ်ငန်းရှင်သူဌေးတွေဟာ လုပ်အားခစျေးချိုတဲ့နိုင်ငံတွေမှာ စက်ရုံအလုပ်ရုံတွေ တည်ထောင်ပြီး၊ လုပ်အားခကိုလည်း သာမန်သာ ပေးချေကြသလို၊ အချိန်ပိုဆင်းခိုင်းရာမှာလည်း ရက်စက်ကြပါတယ်။

အခုလည်း အမျိုးသားတစ်ယောက်ဟာ သူရဲ့အရင်အလုပ်တွေမှာ အလွန်များပြားတဲ့ OT ဆင်းရမှုတွေကြောင့် အလုပ်အသစ် ပြောင်းလျှောက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ယခင်အလုပ်တွေက အလုပ်ခွင်ပင်ပန်းမှုဒဏ်တွေကြောင့် အင်တာဗျူးခန်းထဲမှာပဲ လဲကျ သေဆုံးခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Hangzhou မှာ ပြီးခဲ့တဲ့နိုဝင်္ဘာ(၂၆)ရက်က ဖြစ်ခဲ့တာပါ။ သူ့ကို အင်တာဗျူးသမားတွေက အရေးပေါ်ကားနဲ့ ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် အသက်မမီတော့ပါဘူး။ သူဟာ နှလုံးအလွန်အားနည်းနေသူဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို စစ်ဆေးနေပါတယ်။

လင်းဇော်ကို D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

သူမ်ားဝန္ထမ္းရတာ တကယ္ မလြယ္ပါဘူး။ ကုိယ့္စိတ္နဲ႔ ကိုယ့္ကိုယ္မဟုတ္ဘဲ၊ သူမ်ားစိတ္နဲ႔ ကုိယ့္ကုိ ေနရပါတယ္။ ဖြံၿဖိဳးစႏုိင္ငံေတြမွာ အလုပ္အကုိင္ရွားပါးမႈနဲ႔အတူ အလုပ္သမားေဖာင္းပြမႈေတြက ရွိေနေတာ့ ကိုယ့္မွာရွိတဲ့အလုပ္ကေလး မျပုတ္ေရး သူေဌးေတြကို မလြန္ဆန္ဝံ့ၾကပါဘူး။

ဒီေတာ့ OT ဆုိလည္း တရားသည္မတရားသည္ မတြက္အား၊ ဆင္းေပးရပါတယ္။ တစ္ခ်ိဳ႕ေသာ ႏုိင္ငံျခား လုပ္ငန္းရွင္သူေဌးေတြဟာ လုပ္အားခေစ်းခ်ိဳတဲ့ႏုိင္ငံေတြမွာ စက္႐ုံအလုပ္႐ုံေတြ တည္ေထာင္ၿပီး၊ လုပ္အားခကိုလည္း သာမန္သာ ေပးေခ်ၾကသလုိ၊ အခ်ိန္ပုိဆင္းခုိင္းရာမွာလည္း ရက္စက္ၾကပါတယ္။

အခုလည္း (၃၆)ႏွစ္ အမ်ိဳးသားတစ္ေယာက္ဟာ သူရဲ႕အရင္အလုပ္ေတြမွာ အလြန္မ်ားျပားတဲ့ OT ဆင္းရမႈေတြေၾကာင့္ အလုပ္အသစ္ ေျပာင္းေလွ်ာက္ခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ယခင္အလုပ္ေတြက အလုပ္ခြင္ပင္ပန္းမႈဒဏ္ေတြေၾကာင့္ အင္တာဗ်ဴးခန္းထဲမွာပဲ လဲက် ေသဆုံးခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္နုိင္ငံ၊ Hangzhou မွာ ၿပီးခဲ့တဲ့ႏုိဝဘၤာ(၂၆)ရက္က ျဖစ္ခဲ့တာပါ။ သူ႕ကို အင္တာဗ်ဴးသမားေတြက အေရးေပၚကားနဲ႔ ေဆး႐ုံအျမန္ပုိ႔ေပးခဲ့ေပမယ့္ အသက္မမီေတာ့ပါဘူး။ သူဟာ ႏွလုံးအလြန္အားနည္းေနသူျဖစ္ေၾကာင္း သိရပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ ဒီကိစၥကို စစ္ေဆးေနပါတယ္။

လင္းေဇာ္ကုိ D Nae Khit Media