ချောင်းဆိုးတဲ့ကလေးကို ဆေးမပေးဘဲ၊ နှိပ်ပေးတဲ့ဒေါက်တာကြောင့် ကလေးသေဆုံး

99

အသက်(၄)လသာရှိသေးတဲ့ သမီးလေးတစ်ဦးဟာ ချောင်းဆိုးနေတဲ့အတွက်အတွက် ကလေးမိဘတွေက ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။ ဒေါက်တာက ဆေးမပေးဘဲ၊ ကလေးကို နှိပ်ရုံနဲ့ပျောက်ကင်းတယ်ဆိုပြီး ကလေးကို နှိပ်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးသေဆုံးသွားပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်က ဖြစ်ခဲ့တာပါ။ ဒေါက်တာဟာ ကလေးမလေးရဲ့ လည်ချောင်းနဲ့အဆုတ်ကို စစ်ဆေးပြီး၊ အားလုံးအဆင်ပြေကြောင်း၊ ဆေးပေးဖို့ မလိုတဲ့အတွက် နှိပ်ပေးတာနဲ့ ပျောက်ကင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ပြတဲ့ဆေးခန်းကလည်း တိုင်းရင်းဆေးကုခန်းနဲ့ တွဲစပ်ဖွင့်လှစ်ထားတဲ့ Traditional Chinese Medicine (TCM) မှာ ဖြစ်ပြီး၊ ကလေးကို ချောင်းဆိုးတာနဲ့မဆိုင်ဘဲ နှိပ်နယ်ခဲ့ပါတယ်။ မိနစ်(၂၀)လောက်အထိ ဒေါက်တာက ခပ်ကြမ်းကြမ်း နှိပ်ခဲ့တာပါ။

ကလေးကို မိခင်ဖြစ်သူက ပြန်ခေါ်လာချိန်မှာ နှာခေါင်းကနေ သွေးခဲတွေ ထွက်လာခဲ့ပါတယ်။ အဲဒီနောက် မိခင်က ကလေးကို နီးစပ်ရာဆေးခန်းကို ပြန်ပြတဲ့အခါမှာတော့ ကလေးက သေနေပါပြီ။ ခန္ဓာကိုယ်တွင်းပိုင်း အင်္ဂါအစိတ်အပိုင်းတွေ လုပ်ဆောင်မှု ရပ်တန့်ကုန်တာပါ။ မိခင်က ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

လင်းဇော်ကို  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

အသက္(၄)လသာရွိေသးတဲ့ သမီးေလးတစ္ဦးဟာ ေခ်ာင္းဆုိးေနတဲ့အတြက္အတြက္ ကေလးမိဘေတြက ေဆးခန္းကို သြားေရာက္ျပသခဲ့ပါတယ္။ ေဒါက္တာက ေဆးမေပးဘဲ၊ ကေလးကို ႏွိပ္႐ုံနဲ႔ေပ်ာက္ကင္းတယ္ဆုိၿပီး ကေလးကို ႏွိပ္ခဲ့ပါတယ္။ ဒါေပမယ့္ ကေလးေသဆုံးသြားပါတယ္။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ(၃၀)ရက္က ျဖစ္ခဲ့တာပါ။ ေဒါက္တာဟာ ကေလးမေလးရဲ႕ လည္ေခ်ာင္းနဲ႔အဆုတ္ကို စစ္ေဆးၿပီး၊ အားလုံးအဆင္ေျပေၾကာင္း၊ ေဆးေပးဖုိ႔ မလုိတဲ့အတြက္ ႏွိပ္ေပးတာနဲ႔ ေပ်ာက္ကင္းႏုိင္တယ္လုိ႔ ေျပာခဲ့ပါတယ္။

ျပတဲ့ေဆးခန္းကလည္း တုိင္းရင္းေဆးကုခန္းနဲ႔ တြဲစပ္ဖြင့္လွစ္ထားတဲ့ Traditional Chinese Medicine (TCM) မွာ ျဖစ္ၿပီး၊ ကေလးကို ေခ်ာင္းဆုိးတာနဲ႔မဆုိင္ဘဲ ႏွိပ္နယ္ခဲ့ပါတယ္။ မိနစ္(၂၀)ေလာက္အထိ ေဒါက္တာက ခပ္ၾကမ္းၾကမ္း ႏွိပ္ခဲ့တာပါ။

ကေလးကို မိခင္ျဖစ္သူက ျပန္ေခၚလာခ်ိန္မွာ ႏွာေခါင္းကေန ေသြးခဲေတြ ထြက္လာခဲ့ပါတယ္။ အဲဒီေနာက္ မိခင္က ကေလးကို နီးစပ္ရာေဆးခန္းကို ျပန္ျပတဲ့အခါမွာေတာ့ ကေလးက ေသေနပါၿပီ။ ခႏၶာကိုယ္တြင္းပိုင္း အဂၤါအစိတ္အပိုင္းေတြ လုပ္ေဆာင္မႈ ရပ္တန္႔ကုန္တာပါ။ မိခင္က ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

လင္းေဇာ္ကုိ  D Nae Khit Media