အားသွင်းဆဲဖုန်းဖြင့် ဂိမ်းကစားတဲ့အမျိုးသား ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

138

ထိုင်းနိုင်ငံက အမျိုုးသားတစ်ယောက်ဟာ အားသွင်းနေဆဲဖုန်းနဲ့ ဂိမ်းကစားခဲ့ရာမှ မတော်တဆ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအနောက်ပိုင်း၊ Chonburi မှာ ဖြစ်ခဲ့တာလို့ DailyStar သတင်းစာက ဖော်ပြထားတာပါ။

သေဆုံးသူရဲ့အမည်မှာ Kittisak Moonkitti လို့ သိရပြီး၊ အသက်(၂၈)နှစ်လို့ သိရပါတယ်။ တနင်္လာနေ့က ဖြစ်ပျက်ခဲ့တဲ့ ဒီမတော်တဆမှုမှာ Kittisak အခန်းထဲမှာ သေဆုံးနေတာကို (၅၇)နှစ်အရွယ် မိခင် Rinnaporn Moonkitti တောင်မသိဘဲ အလုပ် သွားခဲ့ပါတယ်။

အလုပ်က ပြန်လာမှ သာဖြစ်သူ အခန်းထဲမှာ သေဆုံးနေတာကို သိလိုက်ရတာပါ။ ဖုန်းကတော့ ပလက်မှာ အားသွင်းထားဆဲဖြစ်ပြီး၊ ဓာတ်လိုက်ထားလို့ တစ်ချို့နေရာတွေမှာ ညိုမည်းနေကြောင်း သိရပါတယ်။ မိခင်က ရဲကို ဖုန်းဆက်ခေါ်ခဲ့လို့ ရဲတွေ ရောက်လာခဲ့ပါတယ်။

သေချာစစ်ဆေးကြည့်တော့ Kittisak အလောင်းမှာ တောင့်တင်းနေပြီဖြစ်ပြီး၊ သေဆုံးနေပြီဆိုတာ သေချာသွားပါတယ်။ Kittisak ဟာ စားသောက်ဆိုင်တစ်ခုမှာ စားဖိုမှူးလုပ်ဆောင်နေသူဖြစ်ပြီး၊ မိခင်နဲ့အတူ လာရောက်နေထိုင်သူပါ။ ဖုန်းကုမ္ပဏီကို တရားစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နေသူရိန်  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ထုိင္းႏုိင္ငံက အမ်ိဳဳးသားတစ္ေယာက္ဟာ အားသြင္းေနဆဲဖုန္းနဲ႔ ဂိမ္းကစားခဲ့ရာမွ မေတာ္တဆ ဓာတ္လုိက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ထုိင္းႏုိင္ငံအေနာက္ပုိင္း၊ Chonburi မွာ ျဖစ္ခဲ့တာလုိ႔ DailyStar သတင္းစာက ေဖာ္ျပထားတာပါ။

ေသဆုံးသူရဲ႕အမည္မွာ Kittisak Moonkitti လုိ႔ သိရၿပီး၊ အသက္(၂၈)ႏွစ္လုိ႔ သိရပါတယ္။ တနလၤာေန႔က ျဖစ္ပ်က္ခဲ့တဲ့ ဒီမေတာ္တဆမႈမွာ Kittisak အခန္းထဲမွာ ေသဆုံးေနတာကို (၅၇)ႏွစ္အရြယ္ မိခင္ Rinnaporn Moonkitti ေတာင္မသိဘဲ အလုပ္ သြားခဲ့ပါတယ္။

အလုပ္က ျပန္လာမွ သာျဖစ္သူ အခန္းထဲမွာ ေသဆုံးေနတာကို သိလုိက္ရတာပါ။ ဖုန္းကေတာ့ ပလက္မွာ အားသြင္းထားဆဲျဖစ္ၿပီး၊ ဓာတ္လုိက္ထားလုိ႔ တစ္ခ်ိဳ႕ေနရာေတြမွာ ညိဳမည္းေနေၾကာင္း သိရပါတယ္။ မိခင္က ရဲကုိ ဖုန္းဆက္ေခၚခဲ့လုိ႔ ရဲေတြ ေရာက္လာခဲ့ပါတယ္။

ေသခ်ာစစ္ေဆးၾကည့္ေတာ့ Kittisak အေလာင္းမွာ ေတာင့္တင္းေနၿပီျဖစ္ၿပီး၊ ေသဆုံးေနၿပီဆုိတာ ေသခ်ာသြားပါတယ္။ Kittisak ဟာ စားေသာက္ဆုိင္တစ္ခုမွာ စားဖုိမွဴးလုပ္ေဆာင္ေနသူျဖစ္ၿပီး၊ မိခင္နဲ႔အတူ လာေရာက္ေနထုိင္သူပါ။ ဖုန္းကုမၸဏီကုိ တရားစြဲဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

ေနသူရိန္  D Nae Khit Media