လူမျိုးစွဲမထားကြရန်နှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြရန် အောင်လအန်ဆန် တိုက်တွန်း

259

လူမျိုးစွဲမထားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြဖို့ ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က တိုက်တွန်းလိုက်ပါတယ်။

One Championship မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား တီရယ်ထန်းနဲ့ ဗီယက်နမ်ကစားသမား မာတင်ငုရင်တို့ဟာ မလေးရှားရောက် ကချင်နဲ့ ချင်းတိုင်းရင်းသား လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ APW Bangsar ခန်းမမှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။

ဒီပွဲကို ကချင်နဲ့ ချင်း လူမှုအဖွဲ့အစည်းတွေနဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ လောက် လာရောက်တွေ့ဆုံခဲ့ပါတယ်။

ကျောင်းသားလူငယ်တွေအပေါ် စိတ်ဓာတ်ပိုင်း မြှင့်တင်စကားပြောကြားရာမှာတော့ ကချင်၊ ချင်း၊ အမေရိကန် ဆိုပြီး လူမျိုးစွဲမထားဘဲ အားလုံးဟာ အတူတူ ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်လည်း အတော်ဆုံးဆိုပြီး မာန်မာနမထားဘဲ နှိမ့်ချတတ်ရမယ်လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။

အောင်လအန်ဆန်အနေနဲ့ UFC မှာ ထိုးသတ်ဖို့ရှိသလားဆိုတဲ့ ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကိုတော့ UFC ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေက ကောင်းမွန်မှု မရှိတာကြောင့် One နဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်အောင် ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

This news is published with the permission of DVB TV News .

လူမ်ိဳးစြဲမထားဖို႔နဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ၾကဖို႔ ONE Championship ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္က တိုက္တြန္းလိုက္ပါတယ္။

One Championship မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္၊ ခ်င္းတိုင္းရင္းသား တီရယ္ထန္းနဲ႔ ဗီယက္နမ္ကစားသမား မာတင္ငုရင္တို႔ဟာ မေလးရွားေရာက္ ကခ်င္နဲ႔ ခ်င္းတိုင္းရင္းသား လူငယ္ေတြ၊ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ မေလးရွားႏိုင္ငံ ကြာလာလမ္ပူမွာရွိတဲ့ APW Bangsar ခန္းမမွာ ေတြ႕ဆုံစဥ္ေျပာဆိုခဲ့တာပါ။

ဒီပြဲကို ကခ်င္နဲ႔ ခ်င္း လူမႈအဖြဲ႕အစည္းေတြနဲ႔ ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း ၃၀၀ ေလာက္ လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ေက်ာင္းသားလူငယ္ေတြအေပၚ စိတ္ဓာတ္ပိုင္း ျမႇင့္တင္စကားေျပာၾကားရာမွာေတာ့ ကခ်င္၊ ခ်င္း၊ အေမရိကန္ ဆိုၿပီး လူမ်ိဳးစြဲမထားဘဲ အားလုံးဟာ အတူတူ ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုယ္လည္း အေတာ္ဆုံးဆိုၿပီး မာန္မာနမထားဘဲ ႏွိမ့္ခ်တတ္ရမယ္လို႔ ေအာင္လအန္ဆန္က ေျပာၾကားခဲ့ပါတယ္။

ေအာင္လအန္ဆန္အေနနဲ႔ UFC မွာ ထိုးသတ္ဖို႔ရွိသလားဆိုတဲ့ ခ်င္းတိုင္းရင္းသားတဦးရဲ႕ အေမးကိုေတာ့ UFC ရဲ႕ စည္းမ်ဥ္းစည္းကမ္းနဲ႔ မူဝါဒေတြက ေကာင္းမြန္မႈ မရွိတာေၾကာင့္ One နဲ႔ပဲ ဆက္လက္ယွဥ္ၿပိဳင္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေအာင္ ဆက္လက္ ႀကိဳးစားသြားမယ္လို႔ ဆိုခဲ့ပါတယ္။

This news is published with the permission of DVB TV News .