လက်နှစ်ချောင်း ထောင်၊ ဓါတ်ပုံ ရိုက်တာက အသက်အန္တရာယ် ရှိတယ်လို့ ရဲအဖွဲ့က ထုတ်ပြန်

248
Source: Stocksy / New York Post




Source: New York Post




Source: Stocksy




မလေးရှားနိုင်ငံက (RMP) ရဲတပ်ဖွဲ့က ဓါတ်ပုံ ရိုက်တဲ့ အခါမှာ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံ ရိုက်တာက အလွန် အန္တာရာယ်များပြီး အသက်အန္တာရယ်တောင် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာကြောင့် အသက်အန္တရာယ် ရှိတယ်လို့ ပြောနိုင်တာလဲ ဆိုရင် လက်နှစ်ချောင်းကို ထောင်ပြီး ဓါတ်ပုံ ရိုက်မယ်ဆိုရင် ဟက်ကာသမားတွေက လက်ဗွေရာကို ခြေရာခံမိနိုင်လို့ပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အမျိုးသမီး သတင်းအချက်အလက် အဖွဲ့အစည်း (NII) ကလည်း (၃) မိတာအကွာ အဝေးကနေ ရိုက်ထားတဲ့ လက်ချောင်းကနေ လက်ဗွေရာ ရနိုင်တယ်လို့ ထုတ်ပြန်သွားပါတယ်။

ဒါကြောင့်၊ ကိုယ်က ဓါတ်ပုံ ရိုက်တော့မယ်ဆိုရင် ဖြစ်နိုင်ရင် လက်နှစ်ချောင်း ထောင်ပြီး ဓါတ်ပု ရိုက်တာကို ရှောင်သင့်သလို၊ လက်နှစ်ချောင်း ထောင်ပြီး ဓါတ်ပုံ မရိုက်ရင် ပိုကောင်းပါတယ်။

Worldofbuzz သတင်းက ဟက်ကာသမားတွေဟာ ဓါတ်ပုံထဲကနေ လက်ဗွေရာ ရနိုင်ဖို့အတွက် နည်းပညာ မလိုအပ်ဘဲ ဓါတ်ပုံ ကြည်ရင် လက်ဗွေ အလွယ် ရနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

တကယ်လို့ ဟက်ကာသမားတွေက လက်ဗွေရာကို ရသွားပြီ ဆိုရင် လက်ဗွေရာကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ဘဏ်အကောင့် ဒါမှမဟုတ်ရင် ဖုန်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ Alphr သတင်းက ဟက်ကာသမားဖြစ်သူ Jan Starbug Krissler ဟာ ဂျာမနီကာကွယ်ရေး ဝန်ကြီချုပ် လက်ဗွေရာကို ဓါတ်ပုံကနေ ရယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ တကယ်လို့ ဓါတ်ပုံ ရိုက်မယ်ဆိုရင် လက်နှစ်ချောင်း ထောင်ပြီး ရိုက်တာကိုတော့ တက်နိုင်သမျှ ရှောင်သင့်ပြီး၊ ရှောင်မှသာ ကိုယ့်ရဲ့ အသက်အန္တာရယ်ကင်းရှင်းမှာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )