ရွံ့ဗွက်ထဲ ဆင်းဆော့မိရာက စအိုအတွင်းမျှော့ဝင်ပြီး၊ သေမလိုဖြစ်ခဲ့ရတဲ့ ကလေး

131

မလေးရှားနိုင်ငံ၊ Terengganu မှာ နေထိုင်တဲ့ ကောင်လေးတစ်ယောက်ဟာ ချောင်းဗွက်ထဲကို ဆင်းဆော့ခဲ့မိရာက စအိုထဲကို မျှော့ဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားပြီး၊ ဒေသခံတွေရဲ့ Facebook GP တစ်ခုကနေ သတင်းရင်းမြစ်ယူထားတာ ဖြစ်ပါတယ်။

မျှော့ဟာ တောင်ကျချောင်းရေကနေ တစ်ဆင့်မျှောပါလာပုံရပြီး၊ တော်ရုံလူတွေကတော့ ဒီလို မတော်တဆမှုဖြစ်လိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ပါဘူး။ အခင်းဖြစ်ရာဒေသဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိပြီး၊ မြေပြိုမှုတွေကလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဒီကောင်လေးဟာ သာမန်အားဖြင့်တော့ ကျန်းမာပုံရှိပေမယ့်၊ ရက်အနည်းငယ်ကြာတဲ့အခါ မျှော့က စအိုကနေ အူလမ်းကြောင်းအတွင်း ဝင်ရောက်ပြီး ဒုက္ခပေးပါတော့တယ်။ ကလေးဟာ နောက်ပိုင်းမှာ မကျန်းမမာဖြစ်ခဲ့ပြီး၊ သွေးတွေအန်သည်အထိ ဖြစ်လာခဲ့ပါတယ်။

ကလေးကို ဆေးရုံအမြန်တင်ခဲ့ကြပါတယ်။ ဒေါက်တာတွေက မျှော့ကို အမြန်ဖယ်ရှားခဲ့ပေမယ့်၊ လက်ရှိအချိန်ထိ ကောင်လေးရဲ့အခြေအနေကို အတိအကျ မသိရသေးပါဘူး။ မိဘတွေကတော့ ကလေးအတွက် စိတ်ပူနေရပြီး၊ တစ်ခြားကလေးတွေ ရေထဲ ဆင်းမဆော့ဖို့ သတိပေးထားပါတယ်။

နေသူရိန်  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

မေလးရွားနုိင္ငံ၊ Terengganu မွာ ေနထိုင္တဲ့ ေကာင္ေလးတစ္ေယာက္ဟာ ေခ်ာင္းဗြက္ထဲကို ဆင္းေဆာ့ခဲ့မိရာက စအုိထဲကို ေမွ်ာ့ဝင္ခဲ့ေၾကာင္း သိရပါတယ္။ ဒီအေၾကာင္းကို WorldOfBuzz က ေဖာ္ျပထားၿပီး၊ ေဒသခံေတြရဲ႕ Facebook GP တစ္ခုကေန သတင္းရင္းျမစ္ယူထားတာ ျဖစ္ပါတယ္။

ေမွ်ာ့ဟာ ေတာင္က်ေခ်ာင္းေရကေန တစ္ဆင့္ေမွ်ာပါလာပုံရၿပီး၊ ေတာ္႐ုံလူေတြကေတာ့ ဒီလုိ မေတာ္တဆမႈျဖစ္လိမ့္မယ္လုိ႔ ထင္မိၾကမွာ မဟုတ္ပါဘူး။ အခင္းျဖစ္ရာေဒသဟာ ႏွစ္စဥ္ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေလ့ရွိၿပီး၊ ေျမၿပိဳမႈေတြကလည္း မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။

ဒီေကာင္ေလးဟာ သာမန္အားျဖင့္ေတာ့ က်န္းမာပုံရွိေပမယ့္၊ ရက္အနည္းငယ္ၾကာတဲ့အခါ ေမွ်ာ့က စအုိကေန အူလမ္းေၾကာင္းအတြင္း ဝင္ေရာက္ၿပီး ဒုကၡေပးပါေတာ့တယ္။ ကေလးဟာ ေနာက္ပိုင္းမွာ မက်န္းမမာျဖစ္ခဲ့ၿပီး၊ ေသြးေတြအန္သည္အထိ ျဖစ္လာခဲ့ပါတယ္။

ကေလးကို ေဆး႐ုံအျမန္တင္ခဲ့ၾကပါတယ္။ ေဒါက္တာေတြက ေမွ်ာ့ကို အျမန္ဖယ္ရွားခဲ့ေပမယ့္၊ လက္ရွိအခ်ိန္ထိ ေကာင္ေလးရဲ႕အေျခအေနကုိ အတိအက် မသိရေသးပါဘူး။ မိဘေတြကေတာ့ ကေလးအတြက္ စိတ္ပူေနရၿပီး၊ တစ္ျခားကေလးေတြ ေရထဲ ဆင္းမေဆာ့ဖုိ႔ သတိေပးထားပါတယ္။

ေနသူရိန္  D Nae Khit Media