မိဘတွေဆီ မတောင်းချင်လို့ ရတဲ့မုန့်ဖိုးလေးတွေစုပြီး ဖုန်းလာဝယ်တဲ့ ညီမနှစ်ဦး

91

ဖုန်းနဲ့နည်းပညာပစ္စည်းတွေဟာ ယနေ့ခေတ်မှာ မရှိမဖြစ် အရေးပါလာကြပါတယ်။ မရှိမဖြစ်လို့ ပြောရလောက်အောင်အထိ အရေးပါလာတဲ့အတွက်၊ အသစ်အဆန်းတွေကလည်း တစ်နေ့တစ်မျိုး မရိုးရလောက်အောင်ကို ပေါ်ပေါက်နေပါတယ်။ အခု WorldOfBuzz က ဖော်ပြထားတဲ့သတင်းလေးကို ပြန်လည်မျှဝေချင်ပါတယ်။

ညီအစ်မတော်စပ်တဲ့ ကလေးမလေးနှစ်ယောက်ဟာ ဖုန်းဆိုင်ကို သူတို့စုဆောင်းထားတဲ့ အကြွေလေးတွေနဲ့ ဖုန်းလာခဲ့ပါတယ်။ ထိုင်းလူမျိုးတွေ ဖြစ်ပြီး၊ သူတို့ စုဆောင်းထားတာတွေလေးတွေနဲ့ ဖုန်းတစ်လုံး လုံလောက်စွာ ဝယ်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။

သူတို့မိဘတွေဆီကနေပြီးတော့လည်း လက်မဖြန့်ချင်ပါဘူးတဲ့။ Surat Thani မှာရှိတဲ့ ဖုန်းစတိုးအတွင်း အကြီးမက ဝင်လာပြီး၊ အကြွေစေ့နဲ့စျေးဝယ်မယ်ဆို လက်ခံမလားလို့ မေးခဲ့ပါတယ်။ ဝန်ထမ်းက လက်ခံတယ်ပြောတော့ သူတို့ဟာ ပါလာသမျှ အကြွေစေ့လေးတွေကို ကောင်တာပေါ်တင်လိုက်ပါတယ်။

သူတို့ လိုချင်တဲ့ဖုန်းက Oppo As 2020 ပါတဲ့။ တန်ဖိုးက ထိုင်းဘတ်(၅)ထောင်ဖြစ်ပါတယ်။ အကြီးမကြီးက ပိုက်ဆံဘယ်လို စုခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး၊ သူမ စုလာတာ ကြာပြီဖြစ်ကြောင်း၊ သူမတို့အဖေက ပိုက်ဆံစုဖို့ အလေ့အကျင့် လုပ်ပေးကြောင်း ဆိုပါတယ်။ အခုပါလာတဲ့ ပိုက်ဆံကလည်း သူတို့လိုချင်တဲ့ ဖုန်းနဲ့ကွက်တိပါတဲ့။

လင်းဇော်ကို  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ဖုန္းနဲ႔နည္းပညာပစၥည္းေတြဟာ ယေန႔ေခတ္မွာ မရွိမျဖစ္ အေရးပါလာၾကပါတယ္။ မရွိမျဖစ္လုိ႔ ေျပာရေလာက္ေအာင္အထိ အေရးပါလာတဲ့အတြက္၊ အသစ္အဆန္းေတြကလည္း တစ္ေန႔တစ္မ်ိဳး မ႐ုိးရေလာက္ေအာင္ကို ေပၚေပါက္ေနပါတယ္။ အခု WorldOfBuzz က ေဖာ္ျပထားတဲ့သတင္းေလးကို ျပန္လည္မွ်ေဝခ်င္ပါတယ္။

ညီအစ္မေတာ္စပ္တဲ့ ကေလးမေလးႏွစ္ေယာက္ဟာ ဖုန္းဆုိင္ကုိ သူတုိ႔စုေဆာင္းထားတဲ့ အေၾကြေလးေတြနဲ႔ ဖုန္းလာခဲ့ပါတယ္။ ထုိင္းလူမ်ိဳးေတြ ျဖစ္ၿပီး၊ သူတုိ႔ စုေဆာင္းထားတာေတြေလးေတြနဲ႔ ဖုန္းတစ္လုံး လုံေလာက္စြာ ဝယ္ႏုိင္မယ္လုိ႔ ထင္ခဲ့ပါတယ္။

သူတုိ႔မိဘေတြဆီကေနၿပီးေတာ့လည္း လက္မျဖန္႔ခ်င္ပါဘူးတဲ့။ Surat Thani မွာရွိတဲ့ ဖုန္းစတုိးအတြင္း အႀကီးမက ဝင္လာၿပီး၊ အေၾကြေစ့နဲ႔ေစ်းဝယ္မယ္ဆုိ လက္ခံမလားလုိ႔ ေမးခဲ့ပါတယ္။ ဝန္ထမ္းက လက္ခံတယ္ေျပာေတာ့ သူတုိ႔ဟာ ပါလာသမွ် အေၾကြေစ့ေလးေတြကို ေကာင္တာေပၚတင္လုိက္ပါတယ္။

သူတုိ႔ လုိခ်င္တဲ့ဖုန္းက Oppo As 2020 ပါတဲ့။ တန္ဖုိးက ထုိင္းဘတ္(၅)ေထာင္ျဖစ္ပါတယ္။ အႀကီးမႀကီးက ပုိက္ဆံဘယ္လုိ စုခဲ့တာလဲဆုိတဲ့ ေမးခြန္းနဲ႔ပတ္သက္ၿပီး၊ သူမ စုလာတာ ၾကာၿပီျဖစ္ေၾကာင္း၊ သူမတုိ႔အေဖက ပုိက္ဆံစုဖုိ႔ အေလ့အက်င့္ လုပ္ေပးေၾကာင္း ဆုိပါတယ္။ အခုပါလာတဲ့ ပိုက္ဆံကလည္း သူတုိ႔လုိခ်င္တဲ့ ဖုန္းနဲ႔ကြက္တိပါတဲ့။

လင္းေဇာ္ကုိ  D Nae Khit Media