တောင်ကိုရီးယား ကစားသမားနှင့်ပွဲ ကမ္ဘာ့ချန်ပီယံဖြစ်ရေးအတွက် အရေးပါဟု တီရယ်ထန်းပြော

103

တောင်ကိုရီးယား ကစားသမားနဲ့ပွဲက ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲစဉ် ဖြစ်တယ်လို့ ချင်းတိုင်းရင်းသား တီရယ်ထန်းက ပြောပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ထိုးသတ်မယ့် တီရယ်ထန်းဟာ ဒီဇင်ဘာ ၆ ရက် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Mark of Greatness MMA ပွဲစဉ်မှာ တောင်ကိုရီးယားသား ကင်ဝန်းချုံးနဲ့ ထိုးသတ်ရမှာပါ။

MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်လိုပဲ ကမ္ဘာ့ချန်ပီယံတဦးဖြစ်ဖို့ ရည်မှန်းထားပြီး ဒီပွဲက အဲဒီမျှော်မှန်းချက်အတွက် နိုင်ပွဲရဖို့ အရေးကြီးတယ်လို့ တီရယ်ထန်းက ပြောပါတယ်။

တီရယ်ထန်းဟာ သူ့ရဲ့ MMA One Championship ပထမဆုံးပွဲအဖြစ် မတ် ၈ ရက်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘောဒီးယားက ဆာရော့ကို အနိုင်ယူပြီး ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

Mark of Greatness MMA ONE Championship ပွဲစဉ်မှာ ကစ်ဘောင်ဆင် စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းက ဂိုင်ယန်ဂါဒါအိုနဲ့ တရုတ်က ဝမ်ဂျန်ဂေါင်၊ ဘင်တန်ဝိတ် ကစ်ဘောင်ဆင် ချန်ပီယံလုပွဲအဖြစ် ရုရှားက ရာမာဇာနော့ဗ်နဲ့ တရုတ်က ချမ်းလုံတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

တခြားတွဲဆိုင်း ၁၁ ပွဲလည်း ပါဝင်ပြီး မလေးရှား၊ အမေရိကန်၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်း၊ အယ်လ်ဂျီးရီးယား၊ တောင်ကိုရီးယား၊ ရိုးမေးနီးယား၊ ဂျပန်၊ တောင်အာဖရိက၊ ပေါ်တူဂီ စတဲ့ နိုင်ငံတွေက ကစားသမားတွေ ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

This news is published with the permission of DVB TV News .

ေတာင္ကိုရီးယား ကစားသမားနဲ႔ပြဲက ကမာၻ႔ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္အတြက္ အေရးပါတဲ့ပြဲစဥ္ ျဖစ္တယ္လို႔ ခ်င္းတိုင္းရင္းသား တီရယ္ထန္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ထိုးသတ္မယ့္ တီရယ္ထန္းဟာ ဒီဇင္ဘာ ၆ ရက္ မေလးရွားႏိုင္ငံမွာ က်င္းပမယ့္ Mark of Greatness MMA ပြဲစဥ္မွာ ေတာင္ကိုရီးယားသား ကင္ဝန္းခ်ဳံးနဲ႔ ထိုးသတ္ရမွာပါ။

MMA ၿပိဳင္ပြဲမွာ ေအာင္လအန္ဆန္လိုပဲ ကမာၻ႔ခ်န္ပီယံတဦးျဖစ္ဖို႔ ရည္မွန္းထားၿပီး ဒီပြဲက အဲဒီေမွ်ာ္မွန္းခ်က္အတြက္ ႏိုင္ပြဲရဖို႔ အေရးႀကီးတယ္လို႔ တီရယ္ထန္းက ေျပာပါတယ္။

တီရယ္ထန္းဟာ သူ႔ရဲ႕ MMA One Championship ပထမဆုံးပြဲအျဖစ္ မတ္ ၈ ရက္က ရန္ကုန္မွာ က်င္းပခဲ့တဲ့ပြဲစဥ္မွာ ကေမာၻဒီးယားက ဆာေရာ့ကို အႏိုင္ယူၿပီး ပထမဆုံး ႏိုင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။

Mark of Greatness MMA ONE Championship ပြဲစဥ္မွာ ကစ္ေဘာင္ဆင္ စထေရာဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲအျဖစ္ ထိုင္းက ဂိုင္ယန္ဂါဒါအိုနဲ႔ တ႐ုတ္က ဝမ္ဂ်န္ေဂါင္၊ ဘင္တန္ဝိတ္ ကစ္ေဘာင္ဆင္ ခ်န္ပီယံလုပြဲအျဖစ္ ႐ုရွားက ရာမာဇာေနာ့ဗ္နဲ႔ တ႐ုတ္က ခ်မ္းလုံတို႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကမွာပါ။

တျခားတြဲဆိုင္း ၁၁ ပြဲလည္း ပါဝင္ၿပီး မေလးရွား၊ အေမရိကန္၊ ဘရာဇီး၊ ဖိလစ္ပိုင္၊ အိႏၵိယ၊ ထိုင္း၊ အယ္လ္ဂ်ီးရီးယား၊ ေတာင္ကိုရီးယား၊ ႐ိုးေမးနီးယား၊ ဂ်ပန္၊ ေတာင္အာဖရိက၊ ေပၚတူဂီ စတဲ့ ႏိုင္ငံေတြက ကစားသမားေတြ ပါဝင္ထိုးသတ္ၾကမွာ ျဖစ္ပါတယ္။

This news is published with the permission of DVB TV News .