ကိုအောင်ကြီး အကြမ်းဖက်ဖို့ အခွင့်အရေးမရှိနိုင်ဘူးလို့ ဒေါ်ဥမ္မာလှိုင် တရားခွင်မှာထွက်ဆို

156

victoria အမှုမှာ သံသယတရားခံ ကိုအောင်ကြီးဟာ လိင်အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့အချိန်နဲ့ အခွင့်အရေး မရှိနိုင်‌ကြောင်း Wisdom Hill မူကြိုကျောင်း ‌ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဒီနေ့ ၁၂ ကြိမ်မြောက်ရုံးချိန်း တရားခွင်မှာ ထွက်ဆိုပါတယ်။

အမှုအတွက် အရေးပါတဲ့ CCTV လုံခြုံရေး ရုပ်သံကင်မရာ မှတ်တမ်းဖိုင်တွေ ပျောက်ဆုံးနေတာကို အိုင်တီပညာရှင်တွေ၊ နည်းပညာကျွမ်းကျင်တဲ့ ရဲအရာရှိတွေနဲ့ စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။ရိုက်ကူး – သက်စုအောင်၊ သီဟထွန်း/RFA

ကိုအောင်ကြီး လိင်အကြမ်းဖက်ဖို့ အခွင့်အရေး မရှိနိုင်ဘူးလို့ ဒေါ်ဥမ္မာလှိုင် တရားခွင်မှာထွက်ဆို



