ကိုယ်ပိုင်ကားတစ်စီးလမ်းဘေးထိုးကျ ရေထဲနစ်မြုတ် ယာဉ်ပေါ်ပါ ၃ဦးစလုံးသေဆုံး

202

BreakingNews





မအူပင်သတင်းပုံရိပ်

BreakingNews

ဝါးခယ်မတွင် ကိုယ်ပိုင်မော်တော်ယာဉ် တစ်စီး လမ်းဘေးထိုးကျ ရေထဲနစ်မြုတ်သဖြင့် ယာဉ်ပေါ်ပါ ၃ဦး သေဆုံး။

ယနေ့ ဒီဇင်ဘာ ၄ရက်နေ့ နေ့လယ် ၁၂နာရီ အချိန်ခန့်မှာ ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ဝါးခယ်မမြို့နယ် ၊ ကျွန်းပြသာဒ်ကားလမ်း တဝါတံတားအနီးတွင် ကိုယ်ပိုင် KLUGER အဖြူရောင် ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးချောင်းထဲသို့ ထိုးကျ နစ်မြုတ်သွားရာ

ကားပေါ်၌ ပါရှိသော ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦး ၊ ပေါင်း(၃)ဦးတို့ သေဆုံးသွားခဲ့ရကြောင်း သတင်း ရရှိပါသည်။

သေဆုံးသူများမှာ သရွတ်မြိုက်တံတား ဆောက်လုပ်ရေးစီမံကိန်းသို့ လာရောက်သော အင်ဂျင်နီယာအမျိုးသမီး မအိနှင့် ၎င်း၏ တပည့် ၂ဦးတို့ ဖြစ်ကြကြောင်း အကြမ်းဖျဉ်း သိရသည် ။

မအူပင်သတင်းပုံရိပ်