အုပ်စုဗိုလ်အဖြစ် ဆီမီးတက်သွားသည့် မြန်မာ-ယူ၂၂ နှင့် အမျိုးသမီးအသင်းတို့ကို ဆုငွေကျပ်သိန်း ၇၀၀ ဆုချီးမြှင့်

214

ဖိလစ်ပိုင် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲမှာ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တဲ့ မြန်မာ ယူ ၂၂ အသင်းနဲ့ မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းတို့ကို ဂုဏ်ပြုဆုငွေတွေ ပေးအပ် ချီးမြှင့်လိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

ပြိုင်ပွဲမစမီ အသိပေးထားတဲ့အတိုင်း ဆီမီးဖိုင်နယ်ကို ပထမ နေရာနဲ့ တက်ရောက်ခဲ့တဲ့ မြန်မာ ယူ၂၂ အသင်းကို ဆုကြေးကျပ် သိန်း ၅၀၀ နဲ့ အမျိုးသမီး အသင်းကို ကျပ်သိန်း ၂၀၀ ချီးမြှင့်ပေးအပ်မှာဖြစ်ပြီး အဆိုပါ ချီးမြှင့်မှုတွေကို MFF နာယက ဦးအောင်ကို၀င်းက ကျပ်သိန်း ၃၅၀ နဲ့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၅၀ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲ၀င် ကစားသမားတွေ စိတ်ဓာတ် တက်ကြွစေဖို့နဲ့ ကြိုးစားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်တာဖြစ်တယ်လို့ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မနေ့ညက ဖိလစ်ပိုင်နိုင်ငံမှာ ကန်သွားတဲ့ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာယူ ၂၂ အသင်းက ဒီနှစ်မှာ ခြေစွမ်းတက်လာတဲ့ ကမ္ဘောဒီးယား ယူ ၂၂ အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ရပြီး ရှုံးပွဲမရှိ ရမှတ် ၁၀ မှတ်နဲ့ ဆီမီးဖိုင်နယ်ကို အစောဆုံးတက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန် ၂၁ မိနစ်မှာ မြန်မာဂိုးသမား ဆန်းဆက်နိုင်ဆီက ပြန်အန်ထွက်လာတဲ့ ဘောလုံးကို ကမ္ဘောဒီးယားအသင်းကပိတ်သွင်းယူနိုင်လိုက်လို့ ဦးဆောင်ဂိုးအရင် ရခဲ့ပေမယ့် ၆ မိနစ်အကြာမှာပဲ မြတ်ကောင်းခန့် ချပေးတဲ့ ဘောလုံးကို မြန်မာ ကွင်းလယ်ကစားသမား လွင်မိုးအောင်က ပြန်လည်ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဂိုစီ သရေကျနေခဲ့ပါတယ်။

မြန်မာအသင်း ဆီးမီးတက်ဖို့ သေချာစေခဲ့တဲ့ အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၈၇ မိနစ်အရောက်မှာ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်က ဂိုးသမားကို ကျော်ထည့်ကန်သွင်းခဲ့ရာမှာ ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကို ကျော်လွန် ဂိုး ဝင်သွားပြီး အနိုင်ဂိုးရခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၁ ခုနှစ် ဆီးဂိမ်းစ်ကစလို့ ၂၀၁၃ မှာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲကလွဲပြီး ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်၊ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်နဲ့ အခု ဖိလစ်ပိုင်ဆီးဂိမ်းစ် အထိ တောက်လျှောက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲ နောက်ဆုံးကျင်းပခဲ့တဲ့ ၅ ကြိမ်မှာ ၄ ကြိမ်အထိ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အလားတူ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကလည်း မနေ့က ကန်သွားတဲ့ အုပ်စုပွဲစဉ်မှာ မလေးရှားကို ၅ ဂိုးပြတ် သွင်းယူပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မြန်မာအသင်းဟာ အုပ်စုတွင်းအိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်တူပေမယ့် အဝါကတ်ပြသခံရမှု တကြိမ်သာရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းက အဝါကတ် ၃ ကြိမ်ပြသခံရတဲ့အတွက် မြန်မာအသင်းဟာ အုပ်စုပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အနေနဲ့ တဖက်အုပ်စုက အုပ်စု ဒုတိယရရှိတဲ့ ထိုင်းအသင်းနဲ့ ဒီဇင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မြန်မာ ယူ- ၂၂ အမျိုးသားအသင်းကတော့ တဖက်အုပ်စုက ဒုတိယရရှိတဲ့ အင်ဒိုနီးရှား သို့မဟုတ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖွယ်ရှိနေပါတယ်။

ဓာတ်ပုံ- MFF

This news is published with the permission of DVB TV News .

ဖိလစ္ပိုင္ ဆီးဂိမ္းစ္ ေဘာလုံးၿပိဳင္ပြဲမွာ အုပ္စုဗိုလ္အျဖစ္ ဆီမီးဖိုင္နယ္ တက္ႏိုင္ခဲ့တဲ့ ျမန္မာ ယူ ၂၂ အသင္းနဲ႔ ျမန္မာ အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းတို႔ကို ဂုဏ္ျပဳဆုေငြေတြ ေပးအပ္ ခ်ီးျမႇင့္လိုက္တယ္လို႔ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ပါတယ္။

ၿပိဳင္ပြဲမစမီ အသိေပးထားတဲ့အတိုင္း ဆီမီးဖိုင္နယ္ကို ပထမ ေနရာနဲ႔ တက္ေရာက္ခဲ့တဲ့ ျမန္မာ ယူ၂၂ အသင္းကို ဆုေၾကးက်ပ္ သိန္း ၅၀၀ နဲ႔ အမ်ိဳးသမီး အသင္းကို က်ပ္သိန္း ၂၀၀ ခ်ီးျမႇင့္ေပးအပ္မွာျဖစ္ၿပီး အဆိုပါ ခ်ီးျမႇင့္မႈေတြကို MFF နာယက ဦးေအာင္ကို၀င္းက က်ပ္သိန္း ၃၅၀ နဲ႔ MFF ဥကၠ႒ ဦးေဇာ္ေဇာ္က က်ပ္သိန္း ၃၅၀ ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲ၀င္ ကစားသမားေတြ စိတ္ဓာတ္ တက္ႂကြေစဖို႔နဲ႔ ႀကိဳးစားမႈကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ေပးအပ္တာျဖစ္တယ္လို႔ အဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ပါတယ္။

မေန႔ညက ဖိလစ္ပိုင္ႏိုင္ငံမွာ ကန္သြားတဲ့ ဆီးဂိမ္းစ္ေဘာလုံးၿပိဳင္ပြဲ အုပ္စု ေနာက္ဆုံးပြဲစဥ္မွာ ျမန္မာယူ ၂၂ အသင္းက ဒီႏွစ္မွာ ေျခစြမ္းတက္လာတဲ့ ကေမာၻဒီးယား ယူ ၂၂ အသင္းကို (၂-၁) ဂိုးနဲ႔အႏိုင္ရၿပီး ရႈံးပြဲမရွိ ရမွတ္ ၁၀ မွတ္နဲ႔ ဆီမီးဖိုင္နယ္ကို အေစာဆုံးတက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း ပြဲခ်ိန္ ၂၁ မိနစ္မွာ ျမန္မာဂိုးသမား ဆန္းဆက္ႏိုင္ဆီက ျပန္အန္ထြက္လာတဲ့ ေဘာလုံးကို ကေမာၻဒီးယားအသင္းကပိတ္သြင္းယူႏိုင္လိုက္လို႔ ဦးေဆာင္ဂိုးအရင္ ရခဲ့ေပမယ့္ ၆ မိနစ္အၾကာမွာပဲ ျမတ္ေကာင္းခန႔္ ခ်ေပးတဲ့ ေဘာလုံးကို ျမန္မာ ကြင္းလယ္ကစားသမား လြင္မိုးေအာင္က ျပန္လည္ေခ်ပဂိုး သြင္းယူေပးခဲ့လို႔ ပထမပိုင္းမွာ တဂိုစီ သေရက်ေနခဲ့ပါတယ္။

ျမန္မာအသင္း ဆီးမီးတက္ဖို႔ ေသခ်ာေစခဲ့တဲ့ အႏိုင္ဂိုးကိုေတာ့ ဒုတိယပိုင္း ပြဲခ်ိန္ ၈၇ မိနစ္အေရာက္မွာ လူစားဝင္ကစားခဲ့တဲ့ တိုက္စစ္မႉးေအာင္ေကာင္းမာန္က ဂိုးသမားကို ေက်ာ္ထည့္ကန္သြင္းခဲ့ရာမွာ ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးစည္းကို ေက်ာ္လြန္ ဂိုး ဝင္သြားၿပီး အႏိုင္ဂိုးရခဲ့တာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ၂၀၁၁ ခုႏွစ္ ဆီးဂိမ္းစ္ကစလို႔ ၂၀၁၃ မွာ ျမန္မာႏိုင္ငံမွာ က်င္းပတဲ့ ဆီးဂိမ္းၿပိဳင္ပြဲကလြဲၿပီး ၂၀၁၅ စင္ကာပူဆီးဂိမ္းစ္၊ ၂၀၁၇ မေလးရွားဆီးဂိမ္းစ္နဲ႔ အခု ဖိလစ္ပိုင္ဆီးဂိမ္းစ္ အထိ ေတာက္ေလွ်ာက္ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တနည္းအားျဖင့္ ဆီးဂိမ္းစ္ၿပိဳင္ပြဲ ေနာက္ဆုံးက်င္းပခဲ့တဲ့ ၅ ႀကိမ္မွာ ၄ ႀကိမ္အထိ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အလားတူ ျမန္မာအမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကလည္း မေန႔က ကန္သြားတဲ့ အုပ္စုပြဲစဥ္မွာ မေလးရွားကို ၅ ဂိုးျပတ္ သြင္းယူၿပီး အုပ္စုဗိုလ္အျဖစ္ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားပါတယ္။

ျမန္မာအသင္းဟာ အုပ္စုတြင္းအိမ္ရွင္ ဖိလစ္ပိုင္အသင္းနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္တူေပမယ့္ အဝါကတ္ျပသခံရမႈ တႀကိမ္သာရွိခဲ့ၿပီး ဖိလစ္ပိုင္အသင္းက အဝါကတ္ ၃ ႀကိမ္ျပသခံရတဲ့အတြက္ ျမန္မာအသင္းဟာ အုပ္စုပထမေနရာမွာ ရပ္တည္ခဲ့ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ ဆီမီးဖိုင္နယ္ပြဲစဥ္အေနနဲ႔ တဖက္အုပ္စုက အုပ္စု ဒုတိယရရွိတဲ့ ထိုင္းအသင္းနဲ႔ ဒီဇင္ဘာ ၅ ရက္မွာ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ျမန္မာ ယူ- ၂၂ အမ်ိဳးသားအသင္းကေတာ့ တဖက္အုပ္စုက ဒုတိယရရွိတဲ့ အင္ဒိုနီးရွား သို႔မဟုတ္ ထိုင္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရဖြယ္ရွိေနပါတယ္။

ဓာတ္ပုံ- MFF

This news is published with the permission of DVB TV News .