မြန်မာ ၂ – ၁ ကမ္ဘောဒီးယား ရုပ်သံဟိုက်လိုက်

279

ဒီကနေ့မှာ ကစားခဲ့တဲ့ ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲတွေမှာတော့ မြန်မာ အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ကမ္ဘောဒီးယား အသင်း နဲ့ ယှဉ်ပြိုင် ခဲ့ရာမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင် ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ အသင်း အတွက် ဂိုးတွေကိုတော့ လွင်မိုးအောင် နဲ့ အောင်ကောင်းမာန်တို့က သွင်းယူ ပေးခဲ့ကြတာပါ။ မြန်မာ အနေနဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယား ကို ဘယ်လို ယှဉ်ပြိုင် ကစားခဲ့တာလဲ ဆိုတာ ရုပ်သံမှာ ကြည့်ရှု နိုင်ပါပြီ။

—————-



ဘီဘီစီမြန်မာပိုင်း