ဆေးလိပ်ဖြတ်လိုသူတွေ ဆေးလိပ်အမြန်ဆုံးပြတ်စေမယ့် နည်းလမ်းကောင်းများ

315

ဆေးလိပ်အရက်ဆိုတာ တကယ်စွဲလန်းနေသူတွေအတွက်တော့ အလွန်ဖြတ်ရခက်ပါတယ်။ သိရသလောက်တော့ တော်တော်များများသော ဆေးလိပ်ဇိုး၊ အရက်ဇိုးသမားကြီးတွေဟာ မိမိတို့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေမျိုးမှာမှ သူတို့စွဲလန်းနေတာတွေကို ဖြတ်လေ့ရှိပါသတဲ့။

ဒီတော့ အသက်အန္တရာယ် ရင်မဆိုင်ရသေးခင်မှာ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိသူတွေအတွက် အလွယ်ကူဆုံးနည်းလမ်း(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။ D Nae Khit ပရိသတ်ကြီးအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ အသက်ရှည်ရှည်နေစေချင်ရင် ဒီဆောင်းပါးလေးကို သူတို့ကို ပေးဖတ်လိုက်ကြနော်။

(၁) တိကျတဲ့ရက်ကို သတ်မှတ်လိုက်ပါ

ဆေးလိပ်ဖြတ်မယ်ဆိုရင် အချိန်သတ်မှတ်တာ ရက်သတ်မှတ်တာက ပိုပြီးထိရောက်ပါတယ်။ ပြက္ခဒိန်မှာ မိမိဆေးလိပ်ဖြတ်မယ့်နေ့ကို တိတိကျကျ ရေးပြီး၊ အဲဒီမတိုင်ခင်မှာ ကြိုတင်ပြင်ဆင််မှုတွေ လုပ်ဖို့ လိုပါတယ်။ မိမိစိတ်ကို မနိုင်မှာစိုးတဲ့အတွက် အဲဒီလို ရက်သတ်မှတ်လိုက်ရင် အဆင်ပြေမှာပါ။

(၂) ဆေးလိပ်ဖြတ်ရခက်ခြင်း အကြောင်းအရင်းကို စာနဲ့ချရေးပါ

လူဆိုတာ စိတ်ကို အလွန်ဦးစားပေးကြပါတယ်။ ဆေးလိပ်ဖြတ်ရ ခက်စေတယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို စာရွက်မှာ ချရေးပါ။ ဥပမာအားဖြင့် သင်ဟာ ဆေးလိပ်ကို အာရုံစူးစိုက်မှုကောင်းစေဖို့ သောက်တယ်ဆိုပါစို့။ တစ်ခြားနည်းလမ်းတစ်ခုနဲ့ အာရုံစူးစိုက်မှုကောင်းအောင် အစားထို့လို့ရတယ်ဆိုတာ သင် တွေးလို့ရပါတယ်။

တစ်ခါ ကိုယ်က ဆေးလိပ်ကို စွဲလန်းနေလို့ ဖြတ်ရခက်တယ်ဆိုပါစို့။ ဒီစွဲလန်းမှုကို တစ်ခြား ရသေ့စိတ်ဖြေနည်းနဲ့ အစားထိုးလို့ရပါတယ်။ အစားထိုးလို့ရတဲ့နည်းလမ်းတွေ အများကြီးပါ။ ကိုယ်က အစားထိုးမကြည့်တာသာ ဖြစ်ပါတယ်။ အဲဒီလိုတွေးလိုက်ရင် ဆေးလိပ်ဖြတ်ရတာ ထင်သလောက် မခက်ပါဘူး။

(၃) စိတ်ပါတုန်း ဖြတ်ပါ

တစ်ခါတလေ ဆေးလိပ်ဖြတ်တာ နောက်ကျနေတတ်ပါတယ်။ တစ်ချိုဆို အဆုတ်တွေ ကျွမ်းနေမှ ဆေးလိပ်ဖြတ်တော့ မထိရောက်တော့ပါဘူး။ ဒီတော့ ကိုယ်လည်း ကျန်းမာနေတုန်း၊ စိတ်ကလည်း ဆေးလိပ်ဖြတ်ဖို့ အားသန်နေတုန်း လက်တွေ့အကောင်အထည် ဖော်လိုက်ပါ။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လူတစ်ယောက် ဆေးလိပ်စဖြတ်တာနဲ့ ခန္ဓာကိုယ်ရဲ့ ယခင်နှစ်ရှည်လများ လုပ်ဆောင်ခဲ့တဲ့ဇီဝကမ္မစနစ်တွေက ကမောက်ကမ စဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတစ်ယောက်အတွက် ဒီလို ဇီဝကမ္မဖြစ်စဉ် အပြောင်းအလဲဟာ သိပ်ပြီး မသိသာလိုက်ဘဲ အလိုလို ကျော်ဖြတ်သွားနိုင်ပါတယ်။

(၅) ရသေ့စိတ်ဖြေနည်းတစ်ခုခုကို ရွေးချယ်ပါ

ဆေးလိပ်ဖြတ်တဲ့အခါ တုံးတိကြီးဖြတ်လိုက်တာထက်၊ သူ့နေရာမှာ အခြားတစ်ခု အစားထိုးတဲ့နည်းက ပိုထိရောက်ပါတယ်။ တစ်ချို့က ကွမ်းနဲ့ ဖြတ်ကြပါသတဲ့။ တကယ်တော့ ဆေးလိပ်မပြတ်ဘဲ ကွမ်းပါစွဲလန်းသွားရင် ပိုဆိုးပါလိမ့်မယ်။ ပီကေဝါးတာ၊ ဆေးလိပ်ဆာတိုင်း ငါးများထွက်တာမျိုးပေါ့။

(၆) အားလုံးကို အသိပေးကြေညာတာ

ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်ပြီဆိုရင် ကိုယ်တစ်ယောက်တည်း ကြိတ်ဖြတ်တာထက် အားလုံးကို အသိပေးလိုက်တာ ပိုပြီးတော့ ကောင်းပါတယ်။ အရပ်စကားနဲ့ပြောရရင် ကိုယ်က ဆေးလိပ်ပြန်သောက်ချင်ဦးတောင်မှ၊ ငါ သူတို့ကို ကတိပေးပြီးပြီပဲဆိုပြီး အဟန့်အတားဖြစ်စေပါလိမ့်မယ်။ အဲဒီနည်းတွေကို ကြိုးစားကြည့်ကြပါ။

နတ်စည်တော်  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ေဆးလိပ္အရက္ဆုိတာ တကယ္စြဲလန္းေနသူေတြအတြက္ေတာ့ အလြန္ျဖတ္ရခက္ပါတယ္။ သိရသေလာက္ေတာ့ ေတာ္ေတာ္မ်ားမ်ားေသာ ေဆးလိပ္ဇုိး၊ အရက္ဇုိးသမားႀကီးေတြဟာ မိမိတုိ႔ အသက္အႏၱရာယ္ ထိခုိက္ႏုိင္တဲ့ အေျခအေနမ်ိဳးမွာမွ သူတုိ႔စြဲလန္းေနတာေတြကို ျဖတ္ေလ့ရွိပါသတဲ့။

ဒီေတာ့ အသက္အႏၱရာယ္ ရင္မဆုိင္ရေသးခင္မွာ ေဆးလိပ္ျဖတ္ဖုိ႔ စိတ္ကူးရွိသူေတြအတြက္ အလြယ္ကူဆုံးနည္းလမ္း(၆)မ်ိဳးကို မွ်ေဝေပးလုိက္ပါတယ္။ D Nae Khit ပရိသတ္ႀကီးအေနနဲ႔ ကုိယ္ခ်စ္တဲ့သူေတြ အသက္ရွည္ရွည္ေနေစခ်င္ရင္ ဒီေဆာင္းပါးေလးကို သူတုိ႔ကုိ ေပးဖတ္လုိက္ၾကေနာ္။

(၁) တိက်တဲ့ရက္ကုိ သတ္မွတ္လုိက္ပါ

ေဆးလိပ္ျဖတ္မယ္ဆုိရင္ အခ်ိန္သတ္မွတ္တာ ရက္သတ္မွတ္တာက ပုိၿပီးထိေရာက္ပါတယ္။ ျပကၡဒိန္မွာ မိမိေဆးလိပ္ျဖတ္မယ့္ေန႔ကို တိတိက်က် ေရးၿပီး၊ အဲဒီမတိုင္ခင္မွာ ႀကိဳတင္ျပင္ဆင္္မႈေတြ လုပ္ဖုိ႔ လုိပါတယ္။ မိမိစိတ္ကို မႏုိင္မွာစုိးတဲ့အတြက္ အဲဒီလုိ ရက္သတ္မွတ္လုိက္ရင္ အဆင္ေျပမွာပါ။

(၂) ေဆးလိပ္ျဖတ္ရခက္ျခင္း အေၾကာင္းအရင္းကို စာနဲ႔ခ်ေရးပါ

လူဆုိတာ စိတ္ကို အလြန္ဦးစားေပးၾကပါတယ္။ ေဆးလိပ္ျဖတ္ရ ခက္ေစတယ္လုိ႔ ထင္ရတဲ့ အေၾကာင္းအရာေတြကို စာရြက္မွာ ခ်ေရးပါ။ ဥပမာအားျဖင့္ သင္ဟာ ေဆးလိပ္ကုိ အာ႐ုံစူးစုိက္မႈေကာင္းေစဖုိ႔ ေသာက္တယ္ဆုိပါစုိ႔။ တစ္ျခားနည္းလမ္းတစ္ခုနဲ႔ အာ႐ုံစူးစုိက္မႈေကာင္းေအာင္ အစားထုိ႔လုိ႔ရတယ္ဆုိတာ သင္ ေတြးလုိ႔ရပါတယ္။

တစ္ခါ ကိုယ္က ေဆးလိပ္ကုိ စြဲလန္းေနလုိ႔ ျဖတ္ရခက္တယ္ဆုိပါစုိ႔။ ဒီစြဲလန္းမႈကို တစ္ျခား ရေသ့စိတ္ေျဖနည္းနဲ႔ အစားထုိးလုိ႔ရပါတယ္။ အစားထုိးလုိ႔ရတဲ့နည္းလမ္းေတြ အမ်ားႀကီးပါ။ ကိုယ္က အစားထုိးမၾကည့္တာသာ ျဖစ္ပါတယ္။ အဲဒီလုိေတြးလုိက္ရင္ ေဆးလိပ္ျဖတ္ရတာ ထင္သေလာက္ မခက္ပါဘူး။

(၃) စိတ္ပါတုန္း ျဖတ္ပါ

တစ္ခါတေလ ေဆးလိပ္ျဖတ္တာ ေနာက္က်ေနတတ္ပါတယ္။ တစ္ခ်ိဳဆုိ အဆုတ္ေတြ ကၽြမ္းေနမွ ေဆးလိပ္ျဖတ္ေတာ့ မထိေရာက္ေတာ့ပါဘူး။ ဒီေတာ့ ကိုယ္လည္း က်န္းမာေနတုန္း၊ စိတ္ကလည္း ေဆးလိပ္ျဖတ္ဖုိ႔ အားသန္ေနတုန္း လက္ေတြ႕အေကာင္အထည္ ေဖာ္လုိက္ပါ။

(၄) ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ

လူတစ္ေယာက္ ေဆးလိပ္စျဖတ္တာနဲ႔ ခႏၶာကိုယ္ရဲ႕ ယခင္ႏွစ္ရွည္လမ်ား လုပ္ေဆာင္ခဲ့တဲ့ဇီဝကမၼစနစ္ေတြက ကေမာက္ကမ စျဖစ္တတ္ပါတယ္။ ေလ့က်င့္ခန္း ပုံမွန္လုပ္သူတစ္ေယာက္အတြက္ ဒီလုိ ဇီဝကမၼျဖစ္စဥ္ အေျပာင္းအလဲဟာ သိပ္ၿပီး မသိသာလုိက္ဘဲ အလုိလုိ ေက်ာ္ျဖတ္သြားႏုိင္ပါတယ္။

(၅) ရေသ့စိတ္ေျဖနည္းတစ္ခုခုကို ေရြးခ်ယ္ပါ

ေဆးလိပ္ျဖတ္တဲ့အခါ တုံးတိႀကီးျဖတ္လုိက္တာထက္၊ သူ႕ေနရာမွာ အျခားတစ္ခု အစားထုိးတဲ့နည္းက ပုိထိေရာက္ပါတယ္။ တစ္ခ်ိဳ႕က ကြမ္းနဲ႔ ျဖတ္ၾကပါသတဲ့။ တကယ္ေတာ့ ေဆးလိပ္မျပတ္ဘဲ ကြမ္းပါစြဲလန္းသြားရင္ ပုိဆုိးပါလိမ့္မယ္။ ပီေကဝါးတာ၊ ေဆးလိပ္ဆာတုိင္း ငါးမ်ားထြက္တာမ်ိဳးေပါ့။

(၆) အားလုံးကို အသိေပးေၾကညာတာ

ဘယ္လုိပဲျဖစ္ျဖစ္ ေဆးလိပ္ျဖတ္ၿပီဆုိရင္ ကုိယ္တစ္ေယာက္တည္း ႀကိတ္ျဖတ္တာထက္ အားလုံးကို အသိေပးလုိက္တာ ပုိၿပီးေတာ့ ေကာင္းပါတယ္။ အရပ္စကားနဲ႕ေျပာရရင္ ကိုယ္က ေဆးလိပ္ျပန္ေသာက္ခ်င္ဦးေတာင္မွ၊ ငါ သူတုိ႕ကုိ ကတိေပးၿပီးၿပီပဲဆုိၿပီး အဟန္႔အတားျဖစ္ေစပါလိမ့္မယ္။ အဲဒီနည္းေတြကို ႀကိဳးစားၾကည့္ၾကပါ။

နတ္စည္ေတာ္  D Nae Khit Media