မြန်မာအသင်း အုပ်စုပထမနဲ့ ဆီမီးတက်ပြီ

282

ဖိလစ်ပိုင် SEA Games ပြိုင်ပွဲမှာ ကမ္ဘောဒီးယားကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ယူပြီး မြန်မာ့ယူ ၂၂ အသင်းအနေနဲ့ နောက်တစ်ဆင့် ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။

ကမ္ဘောဒီးယား က ဦးဆောင်ဂိုး အရင်သွင်းတာကို မြန်မာက နောက်က လိုက်သွင်းရတာပါ ၈၇ မိနစ်မှာ အောင်ကောင်းမာန် က မြန်မာအတွက် အနိုင်ဂိုး သွင်းခဲ့ပါတယ်။

အုပ်စုပွဲစဉ် တွေ အားလုံးကစားအပြီးမှာ မြန်မာ က သုံးပွဲနိုင် တစ်ပွဲ သရေ ၁၀ မှတ်နဲံ့ အုပ်စု အေ မှာ ပထမနေရာကနေ ဆီမီးတက်သွားတာဖြစ်ပါတယ်။

အုပ်စုအေ ဒုတိယနေ ရာအတွက် မလေးရှား ကမ္ဘောဒီးယား နဲ့ အိမ်ရှင် ဖိလစ်ပိုင်တို့ က စားဖို့ တစ်ပွဲစီကျနိပြီး အကြိတ်အနယ် ရှိနေပါတယ် ။

ဓာတ်ပုံ MFF  BBC Burmese




