တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း ( 28.11.2019 မှ 04.12.2019 အထိ )

277

တနင်္ဂနွေ

ဒီကာလမှာတော့ အများပြည်သူသုံးစွဲကြတဲ့ ကုန်ပစ္စည်းမျိုးတွေရောင်းပန်းဝယ်ပန်းပွင့်တတ်ပါတယ်။ ကုန်စုံဆိုင်ဖွင့်ထားသူများအရောင်းအဝယ်တွေပြန်တတ်လာတတ်ပါတယ်။ဘာလုပ်လုပ်မြန်မြန်ဆန်ဆန်လုပ်တတ်ဖို့တော့လိုပါတယ်။ လခစားဝန်ထမ်းများအလုပ်ကြောင့်အဝေးသွားရတာမျိုးတွေကြုံရတတ်ပါတယ်။

မိသားစုကို ထောက်ပံ့ရတာများတာကြောင့်ဝင်ငွေထွက်ငွေမမျှဆိုတာမျိုးတော့ဖြစ်ရတတ်ပါတယ်။ လူငယ်များ မိဘဆရာသမားတွေကို ပြစ်မှားစော်ကားမိတတ်ပါတယ်။ မလုပ်ပါနဲ့။လွန်စွာမှလာဘ်ပိတ်သွားတတ်ပါတယ်။ ငွေကြေးအာမခံတာမျိုးတွေလုံးဝမလုပ်ပါနဲ့။

ပညာရေးနဲ့ပက်သက်သောလုပ်ငန်းများအဆင်မပြေနှေးကွေးနေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ မိမိအလုပ်အပေါ်အာရုံနှစ်လို့မရဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ ကိုယ်အလေး ချိန်ကျသွားတတ်ပါတယ်။ သွေးပေါင်လဲကျတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူဆီက ပူလောင်ခါးရှသော အချစ်ကိုရနေတတ်ပါတယ်။

ချစ်သူရဲ့ဥပေက္ခာကိုရနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိသားစုတာဝန် တွေကြောင့်မနားရတတ်ပါ။ ထမင်းလက်ဆုံစားရဖို့တောင်မလွယ်တာမျိုးတွေ့ရတတ်ပါတယ်။ ပညာရေးမှာ တော့ အားနည်းချက်များပါတယ်။ဆရာသင်တာနားမလည်တာက များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/7 ..အထူးဟော အညံ့တွေကြုံရပြီးမှ အကောင်းတွေကြုံရလိမ့်မယ်။ ..ယတြာ အသက်ကြီးသူတစ်ဦးကို စတုမဓုလှူဒါန်းလိုက်ပါ။

တနင်္လာ

ဒီလိုနေ့ရက်တွေမှာတော့ လုပ်ငန်းခွင်အတွင်း အဝေမတည့်မှုများ၊စာရင်းရှုပ်ထွေးမှုများ ကြုံနေရတတ်ပါတယ်။နေရာအပြောင်းအလဲရှိနေတတ်ပါတယ်။ကောင်းသောပြောင်းလဲခြင်းတွေပါပဲ။ ဟိုတယ်လုပ်ငန်းများ၊ခရီး သွားလုပ်ငန်းများ၊စက်ကားငှားရမ်းခြင်းလုပ်ငန်းများအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေ ခဏခဏပျက်နေရတတ်ပါတယ်။ စိတ်ချရတဲ့ ဆိုင်မှာပဲပြင်ပါ။ နှစ်ခါပြန်သွားနေရတတ်ပါတယ်။ တစ်ခုခုအမှားလုပ် မိတယ်ဆိုရင်တောင်မှဆရာသမားတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ လူငယ်ဆန်ဆန်လုပ်လို့မရပါဘူး။

ဘာကိစ္စဖြစ်ဖြစ်အချိန်ယူပြီးမှ ဆုံးဖြတ်ချက်ချပါ။ လုပ်ရဲကိုင်ရဲတဲ့စိတ်တွေက ဒီကာလမှာအမှားတွေကိုဖန်းတီးမိသ လိုဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ချော်လဲတတ်တာမျိုးနဲ့အပူလောင်တာမျိုး တွေကတော့ ကြုံရတတ်ပါတယ်။အချစ်ရေးမှာတော့ ဟန်ဆောင်လိမ်ညာသောချစ်သူကြောင့်စိတ်ညစ် ရတတ်ပါ တယ်။

ချစ်သူက ပြဿ နာတွေကိုဖွင့်မပြောဘဲ တစ်ယောက်ထဲကြိတ်ဖြေရှင်းနေတတ်ပါတယ်။ အိမ်ထောင်ရေး ကတော့တည်ငြိမ်သောအိမ်ထောင်ရေးပါပဲ။ အိမ်ထောင်အညံ့အဆိုးတွေကင်းနေတတ်ပါတယ်။ ပညာရေးကတော့ ဆိုးနေတာတော့မတွေ့ပါဘူး။ မိမိကိုယ်တိုင်သင်ယူလိုစိတ်ရှိဖို့ပဲလိုပါတယ်။

အကျိုးပေးဂဏန်း 2/4/6 .. အထူးဟော စိတ်ပင်ပန်းရတတ်ပါတယ်။ ..ယတြာ မိဘနှစ်ပါးကို တတ်နိုင်တာလေးနဲ့ကန်တော့လိုက်ပါ။

အင်္ဂါ

စွန့်စားပြီးလုပ်ကိုင်ရတဲ့ကိစ္စတွေအောင်မြင်တတ်ပါတယ်။ အောက်လက်ငယ်သားတွေကိုလွန်စွာမှအားကိုး နေရတတ်ပါတယ်။ဟောပြောမှုဆိုင်ရာအလုပ်များ၊အကျိုးဆောင်အလုပ်များအောင်မြင်နေတတ်ပါတယ်။မြေယာနှင့် အဆောက်အဦးနဲ့ပက်သက်ပြီး ရင်းနှီးမြုပ်နှံခွင့်တွေရလာတတ်ပါတယ်။ စိုက်ပျိုးရေးကိစ္စများအထူးအောင်မြင်တတ် ပါတယ်။နှစ်ရှည်ပင်များစတင်စိုက်ပျိုးခွင့်တွေရလာတတ်ပါတယ်

ဈေးသည်များဈေးရောင်းကောင်းသောအခြေအနေကို ကြုံရတတ်ပါတယ်။ မိမိဝယ်ချင်သောစက်ပစ္စည်းတွေရှိရင် ဒီကာလမှာဝယ်လို့အထူးကောင်းပါတယ်။ကိုယ်စားချင်နေတဲ့အစားအသောက်တွေစားခွင့်ရလာတတ်ပါတယ်။ ဆေးစစ်ခြင်းများ၊ဆေးစတင်မှီဝဲခြင်းများဆောင်ရွက် လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ခရီးကိစ္စတွေအဆင်ပြေနေလိမ့်မယ်။ စားသောက်ကုန်လုပ်ငန်းများ အစားအသောက် အသစ်တွေကိုစတင်ဖန်တီးသင့်တဲ့ကာလပါပဲ။ကျန်းမာရေးညံ့နေတာမျိုးမတွေ့ရပါဘူ။ ချစ်သူရဲ့လေးနက်တဲ့ချစ်ခြင်း တရားကိုရရှိပါလိမ့်မယ်။အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်က အစစအရာရာနားလည်မှုပေးနေတတ်ပါတယ်။ ပညာရေးမှာတော့လွယ်ကူစွာတတ်မြောက်မည်။ ပညာရေးပြိုင်ပွဲများတွင် ဆုထူးချွန်စွာရလာလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/7 ..အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ..ယတြာ ခေါင်းလောင်းတစ်လုံး မွေးနံထောင့်မှာလှူဒါန်းပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအရောင်းအဝယ်နှင့်ပုတ်ပြတ်လုပ်သောအလုပ်များမှအထူးငွေဝင်လာတတ်ပါတယ်။စက်ပြု ပြင်ရတတ်ပါတယ်။ လက်ဝယ်ရှိတဲ့စက်တွေခြူခြာနေတတ်ပါတယ်။ ရောင်းလိုသောမြေများ ရောင်းလိုသောအိမ် များရောင်းထွက်ဖို့ အကြောင်းဖန်လာတတ်ပါတယ်။ အလှူကိစ္စတွေ၊ မင်္ဂလာကိစ္စတွေကြုံရတတ်ပါတယ်။လုပ်သက် များသူများနှင့်ရာထူးတတ်ဖို့ကြန့်ကြာနေသူများ ရာထူးတတ်နိုင်ပါတယ်။

ရွှေငွေလက်ဝတ်ရတနာများဒီကာလမှာ ဝယ်မယ်ဆိုအထူးသင့်လျော်ပါတယ်။ အရမ်းအေးစက်ပြီး သည်းခံတတ်သူများ ပေါက်ကွဲစရာကိစ္စပေါ်လာတတ်ပါ တယ်။ ရေနဲ့ပက်သက်သော အချိုရည်လုပ်ငန်း၊ရေသန့်လုပ်ငန်းနှင့် ပင်လယ်စာလုပ်ငန်းများကောင်းကျိူးပေးနေ တတ်ပါတယ်။ မဖြစ်မနေလုပ်ရမဲ့ကိစ္စတွေကို ရက်မရွှေ့လိုက်ပါနဲ့။

အခွင့်အရေးတွေဆုံးရှုံးရတတ်ပါတယ်။ လူများများနဲ့ အဖွဲ့အစည်းနဲ့လုပ်ရတဲ့အလုပ်တွေကသိသာစွာ ဝင်ငွေတိုးလာတတ်ပါတယ်။၊ကျန်းမာရေးကတော့နှလုံးအား နည်းတတ်ပါတယ်။ မောပန်းလွယ်တဲ့ကာလပါပဲ။အချစ်ရေးအညံ့မရှိပါဘူး။ ချစ်သူကျန်းမာရေးကိုတော့စိတ်ပူရ တတ်ပါတယ်။ အိမ်ထောင်ရေးကံမှာတော့ ဧည့်သည်များအိမ်ရောက်လာရင် ပိုမိုသာယာတတ်ပါတယ်။ ပညာရေး ကံအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/4/9 ..အထူးဟော အလုပ်စီးပွားတွေကောင်းလာတတ်ပါတယ်။ယတြာ ရင်းနှီးတဲ့မိတ်ဆွေတွေကို လက်ဖက်ရည်ဝယ်တိုက်လိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လုံခြုံရေးကျိုးပေါက်တတ်ပါတယ်။ account hack ခံရတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ ဆိုင်ဖွင့်ထားသူများ အလစ်သုတ်သူရဲ့ အန္တရာယ်ရှိပါတယ်။ ပြိုင်ဘက်များကိုရင်ဆိုင်နေရတတ်ပါတယ်။ပြဿနာ များဖြေရှင်းနေရသည့်အတွက် လုပ်ငန်းရှေ့ဆက်လို့မရတတ်ပါတယ်။ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်ဖြစ်နတတ်ပါတယ။် မိတ်ဆွေများကိုအားပြု၍တောင့်ခံနေရတတ်ပါတယ်။

အရောင်းအဝယ်သမားဆိုလဲ လှောင်မထားပါနဲ့။ လက်လွှွဲသဘောမျိုးပဲပြန်ရောင်းပါ။ ငွေမမြုပ်နှံသင့်တဲ့ကာလဖြစ်နေလို့ပါပဲ။ငွေကုန်စရာများနေတတ်ပါတယ်။ စုထားတာလေးတွေထုတ်သုံးနေရတတ်ပါတယ်။အလုပ်သစ်များမစသင့်ပါဘူး။ အနုပညာသမားများ အပုပ်ချပြောဆို ခြင်းမျိုးခံရတတ်ပါတယ်။ဘာလုပ်လုပ်အပြစ်ရှာနေသူကြောင့်စိတ်ညစ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အအေးပတ်တတ်ပါတယ်။

ရေကိုဇိမ်ဆွဲမချိုးလိုက်ပါနဲ့။ အချစ်ရေးကတော့ အညံ့မရှိသလောက်နည်းနေပါတယ်။ သာယာတဲ့အချစ်ခရီးလမ်းကိုလျှောက်လှမ်းရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ သားသမီးနဲ့ပက်သက်ပြီးလင် မယားချင်းစကားများရတတ်ပါတယ်။ ပညာရေးကတော့ အကောင်းများပါတယ်။ နည်းပညာနဲ့နွယ်သောပညာအ သစ်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/5 …အထူးဟော ကံအားနည်းနေတတ်ပါတယ်။ယတြာ သပြေပန်းဘုရားကပ်လှူပြီးလိုရာဆုတောင်းလိုက်ပါ။

သောကြာ

ဒီကာလအတွင်း တာဝန်ယူ၊တာဝန်ခံရသောအလုပ်များနဲ့ကြုံနေရတတ်ပါတယ်။ ကိုယ်ကျိုးထက်အများ အကျိုးကိုပိုမိုလုပ်ဖြစ်နေတတ်ပါတယ်။ ဆက်သွယ်ရေအလုပ်များ၊အစားအသောက်အလုပ်များ၊ဆေးလုပ်ငန်းများ ၊ဖက်ရှင်ဒီဇိုင်းနဲ့ပက်သက်သောအလုပ်များတိုးတတ်အောင်မြင်နေတတ်ပါတယ်။ ကတိမတည်သူများကြောင့် အနည်းငယ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။

အနုပညာသည်များ၊နာမည်ဖြင့်ရပ်တည်ကြသူများ နာမည်ကျော် ကြားဂုဏ်သတင်းကြီးလိမ့်မယ်။ ကြော်ငြာနဲ့ပက်သက်သောကိစ္စများကတော့ ဒီကာလမှာအားစိုက်လုပ်ကိုင်လို့ ကောင်းပါတယ်။ အကောင်းအဆိုးတွေ ရောထွေးနေတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။အလုပ်နဲ့ပက်သက်သော လိုအပ် တဲ့data အချက်အလက်တွေကိုစုဆောင်းနိုင်ပါလိမ့်မယ်။ကျန်းမာရေးနဲ့ပက်သက်ရင် အမျိုးသမီးတွေသတိထားပါ။

ဓမ္မတာနဲ့ပက်သက်သောရောဂါတွေရလာတတ်ပါတယ်။ ကိုယ်ဝန်နုသူများ သားလျှော၊သားပျက်ဖြစ်လွယ်ပါတယ်။ အနေအထိုင်အသွားအလာဆင်ခြင်ပါ။ အချစ်ရေးမှာတော့ ရပ်ဝေး၊နယ်ခြား၊အွန်လိုင်းကနေ ချစ်သူရတတ်မျိုးဖြစ်လွယ်ပါတယ်။ အိမ်ထောင်ရေးရှုပ်ထွေးပွေလီတတ်ပါတယ်။ ရုတ်တရက် ရန်ထဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ မည်သည့်ပညာမဆိုစတင်သင်ယူလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/4/6 …အထူးဟော ကံအကောင်းအဆိုးမျှနေတတ်ပါတယ်။ယတြာ ဘုရားရှင်ကို ရွှေဆိုင်း၊ရွှေသင်္ကန်းကပ်လှူလိုက်ပါ။

စနေ

အလုပ်တွေကောင်းပေမဲ့အလုပ်တွေပိနေတတ်ပါတယ်။ ဝန်ထမ်းများကတော့ အတတ်ပညာမပြည့်စုံသူတွေနဲ့တွဲလုပ်ရတာမျိုးကြောင့် ကိုယ်ကပိုပင်ပန်းတတ်ပါတယ်။ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များမှငွေဝင် လာတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကနေအကျိုးအမြတ်ကြီးစွာရလာတတ်ပါတယ်။ မမျှော်လင့်ထားသောအလုပ် တွေကငွေဝင်လာတတ်ပါတယ်။

ထီကံကောင်းနေတတ်ပါတယ်။ ဖြစ်နိုင်ရင် အင်္ဂါသားသမီးတစ်ယောက်ယောက် နှင့်စပ်တူလုပ်ကိုင်စေချင်ပါတယ်။ အလုပ်ထဲစိတ်နှစ်နေမိတာကြောင့် မိသားစုကိုလျစ်လျူရှုမိနေတတ်ပါတယ်။ ဆေးသုတ်လုပ်ငန်းများ၊မြန်မာမှုလုပ်ငန်းများနှင့်အိမ်အလှဆင်လုပ်ငန်းများကတော့ အလုပ်အော်ဒါကျနေတတ်ပါ တယ်။ ဝန်ထမ်းများရာထူးတိုးခြင်း၊နေရာကောင်းရခြင်းမျိုးတွေအထူးကြုံနေရတတ်ပါတယ်။

လူမျိုးခြား၊တစ်စိမ်းတစ်ရံတွေဆီကနေအကူအညီတွေရလာတတ်ပါတယ်။ကျန်းမာရေးကတော့ ထင်သလောက်မညံ့ပါဘူး။ မတ်တပ်ဖျား မတ်တပ်နာလောက်ပါပဲ။အချစ်ရေးမှာတော့ စိတ်လေလွင့်နေတတ်ပါတယ်။ ချစ်သူရဲ့ငြင်းပယ်ခြင်းကိုခံရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကြောင့်စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်။ ပညာရေးဘက် စိတ်မဝင်စားဘဲ အားကစားဘက်နှင့် ဂိမ်းဘက်ကို ပိုမိုစိတ်ပါဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 4/5/7 …အထူးဟော ထင်ထားသည်ထက်ပိုမိုတိုးတတ်နိုင်ပါတယ်။ယတြာ ရဟန်းတစ်ပါးကိုဖိနပ်လှူဒါန်းလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 . . 09 44 5555 695

Zawgyi

တနဂၤေႏြ

ဒီကာလမွာေတာ့ အမ်ားျပည္သူသုံးစြဲၾကတဲ့ ကုန္ပစၥည္းမ်ိဳးေတြေရာင္းပန္းဝယ္ပန္းပြင့္တတ္ပါတယ္။ ကုန္စုံဆိုင္ဖြင့္ထားသူမ်ားအေရာင္းအဝယ္ေတြျပန္တတ္လာတတ္ပါတယ္။ဘာလုပ္လုပ္ျမန္ျမန္ဆန္ဆန္လုပ္တတ္ဖို႔ေတာ့လိုပါတယ္။ လခစားဝန္ထမ္းမ်ားအလုပ္ေၾကာင့္အေဝးသြားရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။

မိသားစုကို ေထာက္ပံ့ရတာမ်ားတာေၾကာင့္ဝင္ေငြထြက္ေငြမမွ်ဆိုတာမ်ိဳးေတာ့ျဖစ္ရတတ္ပါတယ္။ လူငယ္မ်ား မိဘဆရာသမားေတြကို ျပစ္မွားေစာ္ကားမိတတ္ပါတယ္။ မလုပ္ပါနဲ႔။လြန္စြာမွလာဘ္ပိတ္သြားတတ္ပါတယ္။ ေငြေၾကးအာမခံတာမ်ိဳးေတြလုံးဝမလုပ္ပါနဲ႔။

ပညာေရးနဲ႔ပက္သက္ေသာလုပ္ငန္းမ်ားအဆင္မေျပေႏွးေကြးေနတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား မိမိအလုပ္အေပၚအာ႐ုံႏွစ္လို႔မရျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ကိုယ္အေလး ခ်ိန္က်သြားတတ္ပါတယ္။ ေသြးေပါင္လဲက်တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူဆီက ပူေလာင္ခါးရွေသာ အခ်စ္ကိုရေနတတ္ပါတယ္။

ခ်စ္သူရဲ႕ဥေပကၡာကိုရေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ မိသားစုတာဝန္ ေတြေၾကာင့္မနားရတတ္ပါ။ ထမင္းလက္ဆုံစားရဖို႔ေတာင္မလြယ္တာမ်ိဳးေတြ႕ရတတ္ပါတယ္။ ပညာေရးမွာ ေတာ့ အားနည္းခ်က္မ်ားပါတယ္။ဆရာသင္တာနားမလည္တာက မ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/5/7 ..အထူးေဟာ အညံ့ေတြႀကဳံရၿပီးမွ အေကာင္းေတြႀကဳံရလိမ့္မယ္။ ..ယၾတာ အသက္ႀကီးသူတစ္ဦးကို စတုမဓုလႉဒါန္းလိုက္ပါ။

တနလၤာ

ဒီလိုေန႔ရက္ေတြမွာေတာ့ လုပ္ငန္းခြင္အတြင္း အေဝမတည့္မႈမ်ား၊စာရင္းရႈပ္ေထြးမႈမ်ား ႀကဳံေနရတတ္ပါတယ္။ေနရာအေျပာင္းအလဲရွိေနတတ္ပါတယ္။ေကာင္းေသာေျပာင္းလဲျခင္းေတြပါပဲ။ ဟိုတယ္လုပ္ငန္းမ်ား၊ခရီး သြားလုပ္ငန္းမ်ား၊စက္ကားငွားရမ္းျခင္းလုပ္ငန္းမ်ားအဆင္ေျပတိုးတတ္ပါလိမ့္မယ္။

လက္ဝယ္ရွိတဲ့စက္ပစၥည္းေတြ ခဏခဏပ်က္ေနရတတ္ပါတယ္။ စိတ္ခ်ရတဲ့ ဆိုင္မွာပဲျပင္ပါ။ ႏွစ္ခါျပန္သြားေနရတတ္ပါတယ္။ တစ္ခုခုအမွားလုပ္ မိတယ္ဆိုရင္ေတာင္မွဆရာသမားေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။ လူငယ္ဆန္ဆန္လုပ္လို႔မရပါဘူး။

ဘာကိစၥျဖစ္ျဖစ္အခ်ိန္ယူၿပီးမွ ဆုံးျဖတ္ခ်က္ခ်ပါ။ လုပ္ရဲကိုင္ရဲတဲ့စိတ္ေတြက ဒီကာလမွာအမွားေတြကိုဖန္းတီးမိသ လိုျဖစ္ေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ ေခ်ာ္လဲတတ္တာမ်ိဳးနဲ႔အပူေလာင္တာမ်ိဳး ေတြကေတာ့ ႀကဳံရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ ဟန္ေဆာင္လိမ္ညာေသာခ်စ္သူေၾကာင့္စိတ္ညစ္ ရတတ္ပါ တယ္။

ခ်စ္သူက ျပႆ နာေတြကိုဖြင့္မေျပာဘဲ တစ္ေယာက္ထဲႀကိတ္ေျဖရွင္းေနတတ္ပါတယ္။ အိမ္ေထာင္ေရး ကေတာ့တည္ၿငိမ္ေသာအိမ္ေထာင္ေရးပါပဲ။ အိမ္ေထာင္အညံ့အဆိုးေတြကင္းေနတတ္ပါတယ္။ ပညာေရးကေတာ့ ဆိုးေနတာေတာ့မေတြ႕ပါဘူး။ မိမိကိုယ္တိုင္သင္ယူလိုစိတ္ရွိဖို႔ပဲလိုပါတယ္။

အက်ိဳးေပးဂဏန္း 2/4/6 .. အထူးေဟာ စိတ္ပင္ပန္းရတတ္ပါတယ္။ ..ယၾတာ မိဘႏွစ္ပါးကို တတ္ႏိုင္တာေလးနဲ႔ကန္ေတာ့လိုက္ပါ။

အဂၤါ

စြန႔္စားၿပီးလုပ္ကိုင္ရတဲ့ကိစၥေတြေအာင္ျမင္တတ္ပါတယ္။ ေအာက္လက္ငယ္သားေတြကိုလြန္စြာမွအားကိုး ေနရတတ္ပါတယ္။ေဟာေျပာမႈဆိုင္ရာအလုပ္မ်ား၊အက်ိဳးေဆာင္အလုပ္မ်ားေအာင္ျမင္ေနတတ္ပါတယ္။ေျမယာႏွင့္ အေဆာက္အဦးနဲ႔ပက္သက္ၿပီး ရင္းႏွီးျမဳပ္ႏွံခြင့္ေတြရလာတတ္ပါတယ္။ စိုက္ပ်ိဳးေရးကိစၥမ်ားအထူးေအာင္ျမင္တတ္ ပါတယ္။ႏွစ္ရွည္ပင္မ်ားစတင္စိုက္ပ်ိဳးခြင့္ေတြရလာတတ္ပါတယ္

ေဈးသည္မ်ားေဈးေရာင္းေကာင္းေသာအေျခအေနကို ႀကဳံရတတ္ပါတယ္။ မိမိဝယ္ခ်င္ေသာစက္ပစၥည္းေတြရွိရင္ ဒီကာလမွာဝယ္လို႔အထူးေကာင္းပါတယ္။ကိုယ္စားခ်င္ေနတဲ့အစားအေသာက္ေတြစားခြင့္ရလာတတ္ပါတယ္။ ေဆးစစ္ျခင္းမ်ား၊ေဆးစတင္မွီဝဲျခင္းမ်ားေဆာင္႐ြက္ လို႔ေကာင္းတဲ့ေန႔ရက္ပါပဲ။

ခရီးကိစၥေတြအဆင္ေျပေနလိမ့္မယ္။ စားေသာက္ကုန္လုပ္ငန္းမ်ား အစားအေသာက္ အသစ္ေတြကိုစတင္ဖန္တီးသင့္တဲ့ကာလပါပဲ။က်န္းမာေရးညံ့ေနတာမ်ိဳးမေတြ႕ရပါဘူ။ ခ်စ္သူရဲ႕ေလးနက္တဲ့ခ်စ္ျခင္း တရားကိုရရွိပါလိမ့္မယ္။အိမ္ေထာင္ေရးမွာလဲ အိမ္ေထာင္ဘက္က အစစအရာရာနားလည္မႈေပးေနတတ္ပါတယ္။ ပညာေရးမွာေတာ့လြယ္ကူစြာတတ္ေျမာက္မည္။ ပညာေရးၿပိဳင္ပြဲမ်ားတြင္ ဆုထူးခြၽန္စြာရလာလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/3/7 ..အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။ ..ယၾတာ ေခါင္းေလာင္းတစ္လုံး ေမြးနံေထာင့္မွာလႉဒါန္းေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းအေရာင္းအဝယ္ႏွင့္ပုတ္ျပတ္လုပ္ေသာအလုပ္မ်ားမွအထူးေငြဝင္လာတတ္ပါတယ္။စက္ျပဳ ျပင္ရတတ္ပါတယ္။ လက္ဝယ္ရွိတဲ့စက္ေတြျခဴျခာေနတတ္ပါတယ္။ ေရာင္းလိုေသာေျမမ်ား ေရာင္းလိုေသာအိမ္ မ်ားေရာင္းထြက္ဖို႔ အေၾကာင္းဖန္လာတတ္ပါတယ္။ အလႉကိစၥေတြ၊ မဂၤလာကိစၥေတြႀကဳံရတတ္ပါတယ္။လုပ္သက္ မ်ားသူမ်ားႏွင့္ရာထူးတတ္ဖို႔ၾကန႔္ၾကာေနသူမ်ား ရာထူးတတ္ႏိုင္ပါတယ္။

ေ႐ႊေငြလက္ဝတ္ရတနာမ်ားဒီကာလမွာ ဝယ္မယ္ဆိုအထူးသင့္ေလ်ာ္ပါတယ္။ အရမ္းေအးစက္ၿပီး သည္းခံတတ္သူမ်ား ေပါက္ကြဲစရာကိစၥေပၚလာတတ္ပါ တယ္။ ေရနဲ႔ပက္သက္ေသာ အခ်ိဳရည္လုပ္ငန္း၊ေရသန႔္လုပ္ငန္းႏွင့္ ပင္လယ္စာလုပ္ငန္းမ်ားေကာင္းက်ိဴးေပးေန တတ္ပါတယ္။ မျဖစ္မေနလုပ္ရမဲ့ကိစၥေတြကို ရက္မေ႐ႊ႕လိုက္ပါနဲ႔။

အခြင့္အေရးေတြဆုံးရႈံးရတတ္ပါတယ္။ လူမ်ားမ်ားနဲ႔ အဖြဲ႕အစည္းနဲ႔လုပ္ရတဲ့အလုပ္ေတြကသိသာစြာ ဝင္ေငြတိုးလာတတ္ပါတယ္။၊က်န္းမာေရးကေတာ့ႏွလုံးအား နည္းတတ္ပါတယ္။ ေမာပန္းလြယ္တဲ့ကာလပါပဲ။အခ်စ္ေရးအညံ့မရွိပါဘူး။ ခ်စ္သူက်န္းမာေရးကိုေတာ့စိတ္ပူရ တတ္ပါတယ္။ အိမ္ေထာင္ေရးကံမွာေတာ့ ဧည့္သည္မ်ားအိမ္ေရာက္လာရင္ ပိုမိုသာယာတတ္ပါတယ္။ ပညာေရး ကံအထူးေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 1/4/9 ..အထူးေဟာ အလုပ္စီးပြားေတြေကာင္းလာတတ္ပါတယ္။ယၾတာ ရင္းႏွီးတဲ့မိတ္ေဆြေတြကို လက္ဖက္ရည္ဝယ္တိုက္လိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း လုံၿခဳံေရးက်ိဳးေပါက္တတ္ပါတယ္။ account hack ခံရတာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ ဆိုင္ဖြင့္ထားသူမ်ား အလစ္သုတ္သူရဲ႕ အႏၲရာယ္ရွိပါတယ္။ ၿပိဳင္ဘက္မ်ားကိုရင္ဆိုင္ေနရတတ္ပါတယ္။ျပႆနာ မ်ားေျဖရွင္းေနရသည့္အတြက္ လုပ္ငန္းေရွ႕ဆက္လို႔မရတတ္ပါတယ္။ေရွ႕တိုးရခက္၊ေနာက္ဆုတ္ရခက္ျဖစ္နတတ္ပါတယ။္ မိတ္ေဆြမ်ားကိုအားျပဳ၍ေတာင့္ခံေနရတတ္ပါတယ္။

အေရာင္းအဝယ္သမားဆိုလဲ ေလွာင္မထားပါနဲ႔။ လက္လႊြဲသေဘာမ်ိဳးပဲျပန္ေရာင္းပါ။ ေငြမျမဳပ္ႏွံသင့္တဲ့ကာလျဖစ္ေနလို႔ပါပဲ။ေငြကုန္စရာမ်ားေနတတ္ပါတယ္။ စုထားတာေလးေတြထုတ္သုံးေနရတတ္ပါတယ္။အလုပ္သစ္မ်ားမစသင့္ပါဘူး။ အႏုပညာသမားမ်ား အပုပ္ခ်ေျပာဆို ျခင္းမ်ိဳးခံရတတ္ပါတယ္။ဘာလုပ္လုပ္အျပစ္ရွာေနသူေၾကာင့္စိတ္ညစ္ေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အေအးပတ္တတ္ပါတယ္။

ေရကိုဇိမ္ဆြဲမခ်ိဳးလိုက္ပါနဲ႔။ အခ်စ္ေရးကေတာ့ အညံ့မရွိသေလာက္နည္းေနပါတယ္။ သာယာတဲ့အခ်စ္ခရီးလမ္းကိုေလွ်ာက္လွမ္းရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ သားသမီးနဲ႔ပက္သက္ၿပီးလင္ မယားခ်င္းစကားမ်ားရတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းမ်ားပါတယ္။ နည္းပညာနဲ႔ႏြယ္ေသာပညာအ သစ္ေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/5 …အထူးေဟာ ကံအားနည္းေနတတ္ပါတယ္။ယၾတာ သေျပပန္းဘုရားကပ္လႉၿပီးလိုရာဆုေတာင္းလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္း တာဝန္ယူ၊တာဝန္ခံရေသာအလုပ္မ်ားနဲ႔ႀကဳံေနရတတ္ပါတယ္။ ကိုယ္က်ိဳးထက္အမ်ား အက်ိဳးကိုပိုမိုလုပ္ျဖစ္ေနတတ္ပါတယ္။ ဆက္သြယ္ေရအလုပ္မ်ား၊အစားအေသာက္အလုပ္မ်ား၊ေဆးလုပ္ငန္းမ်ား ၊ဖက္ရွင္ဒီဇိုင္းနဲ႔ပက္သက္ေသာအလုပ္မ်ားတိုးတတ္ေအာင္ျမင္ေနတတ္ပါတယ္။ ကတိမတည္သူမ်ားေၾကာင့္ အနည္းငယ္ကသိကေအာက္ျဖစ္ရတတ္ပါတယ္။

အႏုပညာသည္မ်ား၊နာမည္ျဖင့္ရပ္တည္ၾကသူမ်ား နာမည္ေက်ာ္ ၾကားဂုဏ္သတင္းႀကီးလိမ့္မယ္။ ေၾကာ္ျငာနဲ႔ပက္သက္ေသာကိစၥမ်ားကေတာ့ ဒီကာလမွာအားစိုက္လုပ္ကိုင္လို႔ ေကာင္းပါတယ္။ အေကာင္းအဆိုးေတြ ေရာေထြးေနတဲ့ကာလတစ္ခုပဲျဖစ္ပါတယ္။အလုပ္နဲ႔ပက္သက္ေသာ လိုအပ္ တဲ့data အခ်က္အလက္ေတြကိုစုေဆာင္းႏိုင္ပါလိမ့္မယ္။က်န္းမာေရးနဲ႔ပက္သက္ရင္ အမ်ိဳးသမီးေတြသတိထားပါ။

ဓမၼတာနဲ႔ပက္သက္ေသာေရာဂါေတြရလာတတ္ပါတယ္။ ကိုယ္ဝန္ႏုသူမ်ား သားေလွ်ာ၊သားပ်က္ျဖစ္လြယ္ပါတယ္။ အေနအထိုင္အသြားအလာဆင္ျခင္ပါ။ အခ်စ္ေရးမွာေတာ့ ရပ္ေဝး၊နယ္ျခား၊အြန္လိုင္းကေန ခ်စ္သူရတတ္မ်ိဳးျဖစ္လြယ္ပါတယ္။ အိမ္ေထာင္ေရးရႈပ္ေထြးေပြလီတတ္ပါတယ္။ ႐ုတ္တရက္ ရန္ထျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ မည္သည့္ပညာမဆိုစတင္သင္ယူလို႔ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 3/4/6 …အထူးေဟာ ကံအေကာင္းအဆိုးမွ်ေနတတ္ပါတယ္။ယၾတာ ဘုရားရွင္ကို ေ႐ႊဆိုင္း၊ေ႐ႊသကၤန္းကပ္လႉလိုက္ပါ။

စေန

အလုပ္ေတြေကာင္းေပမဲ့အလုပ္ေတြပိေနတတ္ပါတယ္။ ဝန္ထမ္းမ်ားကေတာ့ အတတ္ပညာမျပည့္စုံသူေတြနဲ႔တြဲလုပ္ရတာမ်ိဳးေၾကာင့္ ကိုယ္ကပိုပင္ပန္းတတ္ပါတယ္။ပြဲစားအလုပ္မ်ား၊အက်ိဳးေဆာင္အလုပ္မ်ားမွေငြဝင္ လာတတ္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈေတြကေနအက်ိဳးအျမတ္ႀကီးစြာရလာတတ္ပါတယ္။ မေမွ်ာ္လင့္ထားေသာအလုပ္ ေတြကေငြဝင္လာတတ္ပါတယ္။

ထီကံေကာင္းေနတတ္ပါတယ္။ ျဖစ္ႏိုင္ရင္ အဂၤါသားသမီးတစ္ေယာက္ေယာက္ ႏွင့္စပ္တူလုပ္ကိုင္ေစခ်င္ပါတယ္။ အလုပ္ထဲစိတ္ႏွစ္ေနမိတာေၾကာင့္ မိသားစုကိုလ်စ္လ်ဴရႈမိေနတတ္ပါတယ္။ ေဆးသုတ္လုပ္ငန္းမ်ား၊ျမန္မာမႈလုပ္ငန္းမ်ားႏွင့္အိမ္အလွဆင္လုပ္ငန္းမ်ားကေတာ့ အလုပ္ေအာ္ဒါက်ေနတတ္ပါ တယ္။ ဝန္ထမ္းမ်ားရာထူးတိုးျခင္း၊ေနရာေကာင္းရျခင္းမ်ိဳးေတြအထူးႀကဳံေနရတတ္ပါတယ္။

လူမ်ိဳးျခား၊တစ္စိမ္းတစ္ရံေတြဆီကေနအကူအညီေတြရလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ထင္သေလာက္မညံ့ပါဘူး။ မတ္တပ္ဖ်ား မတ္တပ္နာေလာက္ပါပဲ။အခ်စ္ေရးမွာေတာ့ စိတ္ေလလြင့္ေနတတ္ပါတယ္။ ခ်စ္သူရဲ႕ျငင္းပယ္ျခင္းကိုခံရတတ္ပါ တယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ေၾကာင့္စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရတတ္ပါတယ္။ ပညာေရးဘက္ စိတ္မဝင္စားဘဲ အားကစားဘက္ႏွင့္ ဂိမ္းဘက္ကို ပိုမိုစိတ္ပါဝင္စားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 4/5/7 …အထူးေဟာ ထင္ထားသည္ထက္ပိုမိုတိုးတတ္ႏိုင္ပါတယ္။ယၾတာ ရဟန္းတစ္ပါးကိုဖိနပ္လႉဒါန္းလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695 . . 09 44 5555 695