လေယာဉ်စီး ခရီးသည်တွေကို မျက်ရည်မခိုင်ဖြစ်စေခဲ့တဲ့၊ လေယာဉ်ပေါ်က Surprise

1140

ဆရာဆိုတာကတော့ ဘဝတိုးတက်ရေးအတွက် ဘယ်လိုပညာမျိုး သင်ပေးခဲ့သင်ပေးခဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ပါဘဲ။ ဆရာတွေကို ကျေးဇူးသိတတ်ခြင်း အမှတ်ရနေခြင်းဟာ တပည့်တိုင်းမှာ ထားရှိသင့်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ အခု RachFeed မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်။

လေယာဉ်တစ်စီးပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါလာခဲ့တဲ့ အမျိုးသားကြီးတစ်ဦးကို လေယာဉ်အမှုထမ်းတွေက Surprise လုပ်ခဲ့တာပါ။ အဲဒီအမျိုးသားကြီးကတော့ အခြားမဟုတ်ပါဘူး။ သူဟာ လေကြောင်းအတတ်သင်ကျောင်းမှ ဆရာကြီးဖြစ်ပြီး၊ လေယာဉ်မှူးတွေ မြောက်များစွာ မွေးထုတ်ပေးခဲ့သူပါ။

သူ့အမည်ကတော့ Selahattin Onan ဖြစ်ပြီး၊ သူဟာ တပည့်တွေကို သူရဲ့သားသမီးအရင်းခြာလို စောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။ Onan ဟာ သူကိုယ်တိုင်က လေယာဉ်မှူးအဖြစ် အနှစ်(၂၀)ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ နည်းပြအဖြစ် လေယာဉ်မှူး ထောင်နဲ့ချီ မွေးထုတ်ပေးခဲ့ပါတယ်။

ဒီအတွက် လေယာဉ်မှူးတွေဟာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Surprise လုပ်ခဲ့တာပါ။ သူဟာ လေယာဉ်ပေါ်မှာ သာမန်ခရီးသည်အဖြစ် လိုက်ပါလာခဲ့ပြီး၊ ဒီလို Surprise အစီအစဉ်ကို ကြိုတင်သိရှိခြင်း မရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ Turkish Airlines မှာ ဖြစ်ခဲ့တာပါ။ ဗွီဒီယိုလေးကိုလည်း ကြည့်လိုက်ဦးနော်။

လင်းဇော်ကို – D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ဆရာဆုိတာကေတာ့ ဘဝတုိးတက္ေရးအတြက္ ဘယ္လုိပညာမ်ိဳး သင္ေပးခဲ့သင္ေပးခဲ့ အနႏၱဂုိဏ္းဝင္ ေက်းဇူးရွင္ပါဘဲ။ ဆရာေတြကို ေက်းဇူးသိတတ္ျခင္း အမွတ္ရေနျခင္းဟာ တပည့္တုိင္းမွာ ထားရွိသင့္တဲ့ စိတ္သေဘာထား ျဖစ္ပါတယ္။ အခု RachFeed မွာ ေဖာ္ျပထားတဲ့ သတင္းတစ္ပုဒ္ကို ျပန္လည္မွ်ေဝခ်င္ပါတယ္။

ေလယာဥ္တစ္စီးေပၚမွာ ခရီးသည္အျဖစ္ လုိက္ပါလာခဲ့တဲ့ အမိ်ဳးသားႀကီးတစ္ဦးကို ေလယာဥ္အမႈထမ္းေတြက Surprise လုပ္ခဲ့တာပါ။ အဲဒီအမ်ိဳးသားႀကီးကေတာ့ အျခားမဟုတ္ပါဘူး။ သူဟာ ေလေၾကာင္းအတတ္သင္ေက်ာင္းမွ ဆရာႀကီးျဖစ္ၿပီး၊ ေလယာဥ္မွဴးေတြ ေျမာက္မ်ားစြာ ေမြးထုတ္ေပးခဲ့သူပါ။

သူ႕အမည္ကေတာ့ Selahattin Onan ျဖစ္ၿပီး၊ သူဟာ တပည့္ေတြကို သူရဲ႕သားသမီးအရင္းျခာလုိ ေစာင့္ေရွာက္ခဲ့သူျဖစ္ပါတယ္။ Onan ဟာ သူကိုယ္တုိင္က ေလယာဥ္မွဴးအျဖစ္ အႏွစ္(၂၀)ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ နည္းျပအျဖစ္ ေလယာဥ္မွဴး ေထာင္နဲ႔ခ်ီ ေမြးထုတ္ေပးခဲ့ပါတယ္။

ဒီအတြက္ ေလယာဥ္မွဴးေတြဟာ သူ႕ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ Surprise လုပ္ခဲ့တာပါ။ သူဟာ ေလယာဥ္ေပၚမွာ သာမန္ခရီးသည္အျဖစ္ လုိက္ပါလာခဲ့ၿပီး၊ ဒီလုိ Surprise အစီအစဥ္ကို ႀကိဳတင္သိရွိျခင္း မရွိခဲ့ပါဘူး။ ဒီအျဖစ္အပ်က္ဟာ Turkish Airlines မွာ ျဖစ္ခဲ့တာပါ။ ဗြီဒီယုိေလးကိုလည္း ၾကည့္လုိက္ဦးေနာ္။

လင္းေဇာ္ကို  – D Nae Khit Media