သတို့သားရဲ့ဖခင်က အပျိုစစ်မစစ်ကို စစ်ဆေးမယ်ဆိုလို့ သတို့သမီး မှ မင်္ဂလာပွဲကိုဖျက်

409

သတို့သမီးတစ်ယောက်ဟာ သူမ အပျိုစစ်မစစ်ဆိုတာကို သတို့သားရဲ့ဖခင်က လူရှေ့သူရှေ့မှာ စစ်ဆေးမယ်ဆိုလို့ အဲဒီမင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ သတို့သားဟာ သူ့ရဲ့သတို့သမီးလောင်း အပျိုစစ်မစစ်ကို သိချင်တဲ့အတွက် ဖခင်ကို အစစ်ဆေးခိုင်းမယ့်အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

သတို့သားရဲ့ဖခင်ဟာ မင်္ဂလာမဆောင်ခင်ညမှာ သတို့သမီးကို စစ်ဆေးမှာဖြစ်ကြောင်း ဆိုပါတယ်။ ဒီအကြောင်းကို DailyDot သတင်းမှာ ဖော်ပြထားတာပါ။ အပျိုစစ်မစစ်ကို စစ်ဆေးတာဟာ နှစ်ကိုယ်ကြား စစ်ဆေးတာမျိုးမဟုတ်ဘဲ သတို့သားရဲ့ မိဘမောင်ဘွားတွေကလည်း ကြည့်မှာပါတဲ့။

သတို့သားရဲ့ အကြောင်းပြချက်ကတော့ အခုလို မင်္ဂလာမဆောင်ခင် အပျိုစစ်မစစ် စစ်ဆေးမှုဟာ သူတို့မိသားစုရဲ့ ထုံးစံတစ်ခုုဖြစ်ကြောင်း၊ ယခင်က ညီတွေ၊ အစ်ကိုတွေ မင်္ဂလာဆောင်တဲ့အခါမှာလည်း ဖခင်နဲ့ မိဘတွေက သတို့သမီးတွေကို အခုလိုပဲ စစ်ဆေးခဲ့ကြောင်း ဆိုပါတယ်။

အဆိုပါ သတို့သားလောင်းဟာ ပြီးခဲ့တဲ့ (၈)လက လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ကြောင်း သတို့သမီးလောင်းက ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူဘဝ ကြာမြင့်ခဲ့ပေမယ့် မင်္ဂလာမဆောင်သေးဘဲ အတူတူမနေဖို့ စောင့်စည်းခဲ့ကြောင်း၊ သူမကလည်း ဒီအတွက် ဘာမှ အနှောက်အယှက်မဖြစ်လို့ အပျိုစင်ဘဝကို စောင့်ထိန်းခဲ့ပါသတဲ့။

သို့ပေမယ့် မင်္ဂလာဆောင်ခါနီးမှာ သူတို့မှာ ဒီအကြံရှိနေခဲ့တာကို သိခဲ့ရတာလို့ ပြောပါတယ်။ ဒါကြောင့် သူမက ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်ကို ဒီလောက် အရှက်သိက္ခာကျအောင် ချိုးနှိမ်ခဲ့တဲ့ မိသားစုကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။

လင်းဇော်ကို ( D Nae Khit Media )

Zawgyi ျဖင့္ဖတ္ရန္-

သတုိ႔သမီးတစ္ေယာက္ဟာ သူမ အပ်ိဳစစ္မစစ္ဆုိတာကို သတုိ႔သားရဲ႕ဖခင္က လူေရွ႕သူေရွ႕မွာ စစ္ေဆးမယ္ဆုိလုိ႔ အဲဒီမဂၤလာပြဲကို ဖ်က္သိမ္းခဲ့ေၾကာင္း သိရပါတယ္။ သတုိ႔သားဟာ သူ႕ရဲ႕သတုိ႔သမီးေလာင္း အပ်ိဳစစ္မစစ္ကို သိခ်င္တဲ့အတြက္ ဖခင္ကို အစစ္ေဆးခုိင္းမယ့္အေၾကာင္း ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။

သတုိ႔သားရဲ႕ဖခင္ဟာ မဂၤလာမေဆာင္ခင္ညမွာ သတုိ႔သမီးကို စစ္ေဆးမွာျဖစ္ေၾကာင္း ဆုိပါတယ္။ ဒီအေၾကာင္းကုိ DailyDot သတင္းမွာ ေဖာ္ျပထားတာပါ။ အပ်ိဳစစ္မစစ္ကုိ စစ္ေဆးတာဟာ ႏွစ္ကိုယ္ၾကား စစ္ေဆးတာမ်ိဳးမဟုတ္ဘဲ သတုိ႔သားရဲ႕ မိဘေမာင္ဘြားေတြကလည္း ၾကည့္မွာပါတဲ့။

သတုိ႔သားရဲ႕ အေၾကာင္းျပခ်က္ကေတာ့ အခုလုိ မဂၤလာမေဆာင္ခင္ အပ်ိဳစစ္မစစ္ စစ္ေဆးမႈဟာ သူတုိ႔မိသားစုရဲ႕ ထုံးစံတစ္ခုုျဖစ္ေၾကာင္း၊ ယခင္က ညီေတြ၊ အစ္ကုိေတြ မဂၤလာေဆာင္တဲ့အခါမွာလည္း ဖခင္နဲ႔ မိဘေတြက သတုိ႔သမီးေတြကို အခုလုိပဲ စစ္ေဆးခဲ့ေၾကာင္း ဆုိပါတယ္။

အဆုိပါ သတုိ႔သားေလာင္းဟာ ၿပီးခဲ့တဲ့ (၈)လက လက္ထပ္ခြင့္ေတာင္းခဲ့တာျဖစ္ေၾကာင္း သတုိ႔သမီးေလာင္းက ေျပာပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ခ်စ္သူဘဝ ၾကာျမင့္ခဲ့ေပမယ့္ မဂၤလာမေဆာင္ေသးဘဲ အတူတူမေနဖုိ႔ ေစာင့္စည္းခဲ့ေၾကာင္း၊ သူမကလည္း ဒီအတြက္ ဘာမွ အေႏွာက္အယွက္မျဖစ္လုိ႔ အပ်ိဳစင္ဘဝကို ေစာင့္ထိန္းခဲ့ပါသတဲ့။

သုိ႔ေပမယ့္ မဂၤလာေဆာင္ခါနီးမွာ သူတုိ႔မွာ ဒီအႀကံရွိေနခဲ့တာကို သိခဲ့ရတာလုိ႔ ေျပာပါတယ္။ ဒါေၾကာင့္ သူမက ခါးခါးသီးသီး ျငင္းဆုိခဲ့ၿပီး၊ အမ်ိဳးသမီးတစ္ေယာက္ကို ဒီေလာက္ အရွက္သိကၡာက်ေအာင္ ခ်ိဳးႏွိမ္ခဲ့တဲ့ မိသားစုကုိ ျငင္းပယ္ဖုိ႔ ဆုံးျဖတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံမွာ ျဖစ္ခဲ့တာလုိ႔ ယူဆရပါတယ္။

လင္းေဇာ္ကုိ ( D Nae Khit Media )