(၁၀၇)နှစ်အရွယ် မိခင်ရှေ့မှာတော့ ကလေးပြန်ဖြစ်နေတဲ့ (၈၄)နှစ် အဖွားအို

204







Zawgyi ဖြင့်ဖတ်ရန်-

မိခင်နဲ့ကလေးဆိုတာ အသက်အရွယ်တွေ ကြီးလာမှ မဟုတ်ပါဘူး။ ကိုယ်က အသက်အရွယ်အရ လူကြီးဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ရပေမယ့် မိခင်ဘက်ကကြည့်ရင် ကိုယ်က ကလေးဖြစ်နေပါတယ်။ အခု NextShark ကနေ ဖော်ပြထားတဲ့ သတင်းလေးကို ဝေမျှချင်ပါတယ်။

အသက်(၈၄)ကိုတောင် ရောက်နေပြီဖြစ်တဲ့ အဖွားအိုဟာ အခုဆို အိုမင်းမစွမ်းဖြစ်နေပေမယ့်၊ သူမ တကယ်မအိုသေးပါဘူး။ သူမရဲ့ မိခင်က အသက်(၁၀၇)နှစ်တောင် ရှိနေပြီဖြစ်ပြီး၊ အခုအချိန်ထိ မိခင်ကြီးက ပေးတဲ့သကြားလုံးကို ကျေကျေနပ်နပ် ယူပြီး စားနေဆဲပါ။

မိခင်ကြီးရဲ့မျက်လုံးထဲမှာတော့ သူမကို ကလေးလို့ပဲ မြင်နေပုံပါဘဲ။ ဒီကြည်နူးဖွယ်အဖြစ်အပျက်လေးကို ဖုန်းနဲ့မှတ်တမ်းတင်ထားခဲ့တာပါ။ ဒီဗွီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံ၊ Henan စီရင်စုက မင်္ဂလာပွဲတစ်ခုမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မှတ်တမ်းတင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။

အဖွားဟာ မင်္ဂလာပွဲကို တစ်ယွမ် လက်ဖွဲ့ခဲ့ပါတယ်။ ဒီပိုက်ဆံပမာဏဟာ အခုခေတ်မှာ လူရယ်စရာဖြစ်နေပေမယ့်၊ သူမတို့ခေတ်ကောင်းတုန်းက အလွန်များပြားတဲ့ပမာဏ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မင်္ဂလာပွဲကလည်း တက်ရောက်လာသူတွေကို သကြားလုံးတွေ တုန့်ပြန်ခဲ့ပါတယ်။

(၁၀၇)နှစ်အဖွားက သူမမှာ ရရှိထားတဲ့ သကြားလုံးကို သမီးဖြစ်သူကို ပြန်ပေးခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်ဆီက ရတဲ့အရာဖြစ်လို့ (၈၄)နှစ်အရွယ်အဖွားဟာ အလွန်ကျေနပ်ပီတိဖြစ်နေရှာပါတယ်။ ဒီအပြုံးလေးဟာ ကလေးဘဝတုန်းက မိခင်ဆီကနေ သကြားလုံးရလို့ ပြုံးတဲ့အပြုံးမျိုးပါပဲ။

လင်းဇော်ကို  D Nae Khit Media