တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း 21.11.2019 မှ 27.11.2019 အထိ

421

တနင်္ဂနွေ

ဒီကာလမှာတော့ အရင်အပတ်ကလုပ်ခဲ့တဲ့အလုပ်တွေကနေတဆင့် ငွေဝင်လာလိမ့်မယ်။ အလုပ်၂မျိုးမက လုပ်ခွင့်ရလာလိမ့်မယ်။ လူငယ်များ၊လုပ်ငန်းခွင်စဝင်တဲ့သူများ နမော်နမဲ့တော့ မလုပ်မိဖို့လိုပါတယ်။ မိတ်ဟောင်း များ၊လုပ်ဖော်ကိုင်ဖက်ဟောင်းများရဲ့ ပြန်လည်အဆက်အသွယ်လုပ်ခြင်းမျိုးကြုံရတတ်ပါတယ်။စက်ပစ္စည်းရောင်း လိုသူများရောင်းထွက်တတ်ပါတယ်။

လူအများရဲ့ ယုံကြည်မှုရအောင်နေထိုင်သူများကတော့ ဒီကာလမှာ ယုံကြည်မှု နဲ့ကူညီပေးကြသူတွေအများအပြားရှိလာတတ်ပါတယ်။ရွှေရောင်းချင်သူများ ရောင်းလို့သင့်တော်တဲ့ကာလပါပဲ။ ကိုး ကွယ်စရာ လက်ဆောင်တစ်ခုခုရတာမျိုးကြုံရင်တော့ ထီကံစမ်းလိုက်ပါ။ ဒီကာလမှာတော့ တ၊ထ၊ဒ၊ဓ၊န နဲ့စတင် မှည့်ခေါ်ထားတဲ့နာမည်ရှင်တွေကို သတိထားဆက်ဆံဖို့လိုပါတယ်။

ကျန်းမာရေးကတော့ အကြောတတ်၊ဇက်နာ တာမျိုးဖြစ်တတ်ပါတယ်။ အင်အားကုန်ခမ်းမောပန်းလွယ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ဆရာလုပ်မှု၊အမိန့် ပေးမှုကိုခံရလိမ့်မယ်။ အပြုံးနဲ့ပဲဆက်ဆံလိုက်ပါ။ အိမ်ထောင်ရေးမှာတော့ ပုံမှန်ထက်အနည်းငယ်စိတ်ညစ်ရမည်။ လက်အောက်ငယ်သားတွေနဲ့ပက်သက်ပြီး လင်မယားချင်းစကားအခြေအတင်ဖြစ်ရတတ်ပါတယ်။ ပညာရေးမှာ တော့ မိဘဆရာတွေရဲ့ကူညီမှုကိုရသော်လည်း မိမိကိုယ်တိုင်က ဝီရိယလိုနေသေးတာတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 1/5/9 အထူးဟော ကံအနိမ့်အမြင့် နည်းပါးတဲ့ကာလပါပဲ။ ယတြာ မည်သည့်ပန်းမဆို အဝါရောင်အဆင်းရှိသောပန်းတွေကိုဘုရားမှာဝေနေအောင်လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်း ဣနြေ္ဒရသောအလုပ်များလုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းဟောင်းတွေ၊တစ်ပိုင်းတစ်စဖြစ်နေ တဲ့အလုပ်တွေကိုပြန်စခွင့်ရမည်။ ဆရာသမားဟောင်းတွေနဲ့လဲ ပြန်လက်တွဲခွင့်တွေရလာတတ်ပါတယ်။ ဖုန်း၊ကွန် ပျူတာအပြင် အခြားဆက်သွယ်ရေးနှင့်ဆိုင်သောပစ္စည်းများလက်ဆောင်ရတတ်ပါတယ်။ လုပ်ချင်တာကိုလုပ်ခွင့်ရ လို ပျော်ရပေမယ့် လူပင်ပန်းရတတ်ပါတယ်။

ကားအလဲအထပ်ကိစ္စတွေမှာတော့ အဆင်မပြေမှုတွေကြုံရတတ်ပါ တယ်။ အလုပ်တွေလုပ်နေပေမယ့် ငွေမပေါ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဘေးလူအမြင်မှာတော့ အဆင်ပြေနေ တယ်ထင်ရပေမယ့် အမှန်တော့ နာမည်ကြီးထမင်းငတ်ဖြစ်နေရတတ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကြုံရတတ်ပါတယ်။ ဆရာသမားတွေ၊လူကြီးတွေဆီကအကြံဉာဏ်ကိုယူလိုက်ပါ။

ကျန်းမာရေးကတော့ ဝမ်းပျက် လွယ်တာကိုတွေ့ရပါတယ်။ ဝမ်းနူးစာတွေကို အနည်းငယ်လောက်ပဲစားတာကမိမိအတွက်ပိုကောင်းပါတယ်။ အချစ်ရေးမှာတော့ အေးဆေးတည်ငြိမ်နေမည်။ ထူးခြားတဲ့အညံ့အဆိုးတွေကိုတော့မတွေ့ရပါဘူး။ အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်က အစစအရာရာအလိုက်တသိတာဝန်ကျေနေတတ်ပါတယ်။ စိတ်ချမ်းသာရမည်။ ပညာရေးကတော့ ပတ်ဝန်းကျင်အနှောက်အယှက်ကြောင့် ပညာရေးအပေါ်စိတ်နှစ်မရဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/6 ..အထူးဟော အောင်မြင်မှုလမ်းစကို တွေ့ရှိပါလိမ့်မယ်။ ယတြာ ညဘက်တွေမှာ နီးစပ်ရာဘုရားစေတီသွားပါ။ မွေးနံထောင့်မှာ ရေသပ္ပယ်ပါ။

အင်္ဂါ

ဒီကာလမှာတော့ ကိုယ်ပိုင်လုပ်ငန်းများ ဖိဖိစီးစီးလုပ်ကိုင်နေရတတ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်ပြီးလုပ်နိုင် ဖို့ကအရေးကြီးပါတယ်။ ဒါမှပဲ ပြိုင်ဘက်တွေကိုကောင်းစွာရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဝန်ထမ်းများအထက်လူကြီးက ဖြစ်စေ၊သူေဋ္ဌးကဖြစ်စေ အလုပ်တာဝန်တွေကိုမိမိအားအကုန်လွှဲသွားတတ်ပါတယ်။ ဒါကြောင့်မိမိကစိတ်ပင်ပန်းစွာ နဲ့တာဝန်ယူလုပ်နေရတတ်ပါတယ်။

နာမည်ဖြင့်ရပ်တည်လုပ်ကိုင်ရသူများ သေချာပေါက်နာမည်ကောင်းရတတ်ပါ တယ်။မိတ်ဆွေတွေရဲ့အထင်ကြီးလေးစားခြင်းကိုခံရတတ်ပါတယ်။ဒါပေမဲ့ ဒီကာလဟာသူတစ်ပါးတွေကိုတော့ အားကိုးလို့မရတတ်ပါဘူး။ ဝန်ထမ်းအနည်းငယ်ဖြင့်လည်ပတ်နေတဲ့ကိုယ်ပိုင်လုပ်ငန်းများ ဝန်ထမ်းတွေအလုပ်နား တာမျိုး၊အလုပ်ထွက်သွားတာမျိုးတွေကြုံနေရတာကြောင့်စိတ်ညစ်ရတတ်ပါတယ်။

ကျန်းမာရေးမှာတော့ အအေး မခံလိုက်ပါနဲ့။ အဆုတ်ပွကြီးချောင်းဆိုးတာမျိုးတွေအလွန်ဖြစ်ရတတ်ပါတယ်။အချစ်ရေးမှာတော့ချစ်သူရဲ့အလို လိုက်အကြိုက်ဆောင်ခြင်းကိုခံရတတ်ပါတယ်။ တစ်ခုသတိပြုရမှာကတော့ ချစ်သူကိုမိဘတွေနဲ့တွေ့ပေးတာမျိုး ဒီကာလမှာဆင်ခြင်ဆောင်ရွက်ပါ။ အိမ်ထောင်ရေးမှာတော့ အလုပ်တာဝန်တွေကြောင့်အိမ်ထောင်ဘက်နှင့်ခွဲနေ ရတတ်ပါတယ်။ ပညာရေးကတော့ နက်နဲသောပညာများနှင့် အကျိုးရှိသောပညာတွေကိုသင်ယူဖြစ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/8/0 ..အထူးဟော အနည်းငယ်အလုပ်များနေလိမ့်မယ်။ ..ယတြာ စာသင်သားရဟန်းသံဃာတွေကို စာအုပ်တွေလှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ခရီးတိုတွေထွက်ရာကနေ မိတ်ဟောင်းတွေနဲ့တွေ့ပြီး အလုပ်တွေချိတ်ဆက်မိတတ်ပါ တယ်။ အချိန်ပိုင်းအလုပ်များ လုပ်ဖြစ်ပါလိမ့်မယ်။လုပ်ငန်းတူများနဲ့ တွဲဖက်လုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းဟောင်း တွေကတော့ အမြတ်အစွန်းနည်းပေမယ့် လုပ်ငန်းသစ်တွေ၊ချဲ့ထွင်ထားတဲ့အလုပ်တွေကတော့ အဆင်ပြေတိုး တတ်ပါလိမ့်မယ်။ အရောင်းအဝယ်လုပ်ငန်းများရောင်းပန်းဝယ်ပန်းပွင့်ပါလိမ့်မယ်။

ဆရာမိဘတွေရဲ့ကူညီစောင့် ရှောက်ခြင်းကိုရရှိပါလိမ့်မယ်။ဝန်ထမ်းများ အထက်လူကြီးရဲ့သြဇာပေးမှုတွေကိုခံရတတ်ပါတယ်။စိတ်ရှိသည့် အတိုင်း လုပ်ကိုင်လို့မရတတ်ပါ။ ဘာလုပ်လုပ်ကိုအထက်ကို တင်ပြပြီးလုပ်တာအကောင်းဆုံးပါပဲ။ အလှူကိစ္စတွေ ရက်ရွှေ့ရတတ်ပါတယ်။ လူမှုရေးကိစ္စတွေနဲ့ပက်သက်ပြီးငွေကုန်ကြေးကျများနေရတတ်ပါတယ်။ ကျန်းမာရေးက တော့ နှလုံးတုန်တာ၊မောတာတွေအလွန်ဖြစ်ရတတ်ပါတယ်။

အချစ်ရေးမှာတော့ ချစ်သူကို တန်ဖိုးဖြတ်နေမိတတ် ပါတယ်။ပေးဆပ်ရတာနဲ့ မတန်ဘူးလို့ထင်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိတော်ကြောင်း တတ်ကြောင်းဂုဏ်ဖော်ပြီးပြောတာမျိုးတွေအထူးရှောင်လိုက်ပါ။ ပညာရေးမှာတော့ ခက်ခဲစွာသင်ယူရတတ်ပါ တယ်။ပညာသင်ဘက်မိတ်ဆွေတွေနဲ့ စကားများရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/4/5 …အထူးဟော စိတ်ပူစရာတွေများနေတတ်ပါတယ်။ယတြာ မြေပဲကြော်ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလမှာတော့ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေနဲ့ပက်သက်ပြီးအားကောင်းပါတယ်။ ဝန်ထမ်းများကတော့ ငွေကုန်ကြေးကျများနေတတ်ပါတယ်။ လုပ်ငန်းရှင်များ စွမ်းရည်ပြည့်ဝတဲ့ဝန်ထမ်းမျိုးတွေရှာရခက်နေတတ်ပါ တယ်။ခရီးသွားလာရမှုတွေများနေတတ်ပါတယ်။ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ကိုင်ခြင်းများလွန်စွာမှအကျိုးရှိလိမ့်မယ်။ ရန်အတိုက်အခံတွေကိုကောင်းစွာ ကျော်လွှားနိုင်ပါလိမ့်မယ်။ ကြော်ငြာစရိတ်များပြီး အရောင်းပါးနေတတ်ပါတယ်။

ဆရာသမားတွေ၊လူကြီးတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ လက်ကားစီးပွားများအလွန်ကောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေများနေရတတ်ပါတယ်။ ရေရှည်အတွက်ရည်ရွယ်ပြီးလုပ်ကိုင်ဆောင် ရွက်သမျှကောင်းသောအကျိုးဆက်တွေဖြစ်ပေါ်ပါလိမ့်မယ်။ ကြွေးဟောင်းတွေရှိရင် ပြန်ရလာလိမ့်မယ်။ ငွေအစု လိုက်ဝင်တတ်တဲ့အတွက် ထီကံစမ်းထားတာမျိုးတွေလုပ်ပေးသင့်ပါတယ်။

ကျန်းမာရေးအညံံ့အဆိုးကင်းနေတတ်ပါ တယ်။ အချစ်ရေးမှာတော့ အချစ်သစ်ကိုရှာချင်တဲ့စိတ်မျိုးအချို့သောသူတွေရဲ့စိတ်ထဲပေါ်လာတတ်ပါတယ်။ အိမ် ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သာယာပျော်ရွှင်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ပညာရေးအလွန်ကံ ကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း 2/5/6 ..အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ယတြာ သီးစုံပဲဟင်းနဲ့ရဟန်းသံဃာတွေကိုဆွမ်းလောင်းလှူလိုက်ပါ။

သောကြာ

မိမိတတ်ထားတဲ့ပညာတွေကိုလက်တွေ့အသုံးချဖြစ်လိမ့်မယ်။ မိမိအစွမ်းအစတွေကိုထုတ်ဖော်ပြသခွင့်ရမဲ့ ကာလပါပဲ။ အလုပ်နဲ့ပက်သက်ပြီး စရံငွေများရလာတတ်ပါတယ်။ယာဉ်ကား၊စက်အငှားလုပ်ငန်းများတိုးတတ်လာ လိမ့်မယ်။ မိမိသွားလိုတဲ့အပျော်ခရီးတွေလဲသွားရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်သောအဆက်အသွယ်တွေ အခွင့်အလမ်းတွေရလာတတ်ပါတယ်။ မိမိလိုချင်နေတဲ့ငွေကြေးဥစ္စာတွေအထူးရလာတတ်ပါတယ်။

အကျိုးအမြတ် ကြီးသောရင်းနှီးမြုပ်နှံမှုတွေလုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်းလူချစ်လူခင်များနေတတ်ပါတယ်။ မိမိကိုကူညီ မဲ့သူတွေပေါများလာတတ်တာကိုတွေ့ရပါတယ်။အနုပညာဆန်ဆန်အလုပ်များတိုးတတ်နိုင်ပါတယ်။ အသင်းအဖွဲ့ နဲ့ လုပ်ကိုင်ရတဲ့အလုပ်တွေကတော့ ထင်ထားသည်ထက်ပိုမိုအဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးအညံ့အနည်းငယ် ရှိနေတတ်ပါတယ်။

အာရုံကြောနဲ့ပက်သက်သော ရောဂါမှန်သမျှဂရုစိုက်ပေးပါ။အချစ်ရေးမှာတော့ ပညာသင်ရင်း သင်တန်းတူမေဂျာတူတဲ့သူနဲ့ အချစ်ရေးကံပေါ်တာမျိုးတွေ့ရပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနေရတတ်ပါတယ်။ ခေတ်မီသော၊နည်းပညာနှင့်ဆိုင်သောပညာများသင်ရမည်။

အကျိုးပေးဂဏန်း 3/6/7 ..အထူးဟော စိတ်ချမ်းသာစရာများပါတယ်။ယတြာ ဆေးဝါးအလှူတွေများများလုပ်ပေးလိုက်ပါ။

စနေ

ဒီကာလအတွင်းပြုပြင်ပြောင်းလဲရေးတွေ လုပ်နေရတတ်ပါတယ်။ ရေလုပ်ငန်းများ၊စိုက်ပျိုးရေးလုပ်ငန်းများ ကတော့ အကောင်းများပါတယ်။လခစားလုပ်ရင်းအရောင်းအဝယ် လုပ်နေသူများအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ မိသားစုုလုပ်ငန်းတော်တော်များများအရှုံးပေါ်နေတတ်ပါတယ်။စပ်တူနှင့်အကျိုးဆောင်လုပ်ငန်းများ အရင်းများပြီး အမြတ်နည်းနေနိုင်ပါတယ်။ ဒီကာလအတွင်းစိတ်အလိုမကျစရာတွေများနေတတ်ပါတယ်။

ရန်သူဟောင်း၊ပြဿနာ ဟောင်းတွေပေါ်လာတတ်ပါတယ်။ဘာလုပ်လုပ်အချိန်ဆွဲလုပ်မယ်ဆို အခွင့်အရေးတွေကိုလက်လွှတ်ရနိုင်ပါတယ်။ မှန်ကန်၊မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေကိုချတတ်ဖို့လိုပါတယ်။ အမှုဟောင်းတွေ၊ပြဿနာဟောင်းတွေပေါ်လာတတ် ပါတယ်။ အပျော်အပါးလောင်းကစားတွေလျှော့ပါ။

ညဥ့်နက်သန်းခေါင် သောက်စားမူးယစ်ခြင်းတွေရှောင်လိုက်ပါ။ သွေးတိုးနှင့် လေဖြတ်ခြင်းကိုဒီကာလမှာအထူးဂရုစိုက်ပါ။ တတ်စာတွေလုံးဝမစားမိပါစေနဲ့။ အချစ်ရေးမှာတော့ အရွယ်လွန်အပျိုကြီး၊လူပျိုကြီးများစန်းပွင့်နေတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ရင် အိမ်ထောင်ဘက်နဲ့ အသံတိတ်ရန်ဖြစ်နေရတတ်ပါတယ်။ ပညာရေးအားကောင်းပါတယ်။ မိမိအတွက်အကျိုးရှိမဲ့ပညာတွေရလွယ်ပါ တယ်။

အကျိုးပေးဂဏန်း 1/4/0 အထူးဟော ကံအားနည်းနေမည်။ယတြာ ကလေးတွေကိုခဲတံလှူလိုက်ပါ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695

[ Zawgyi ]

တနဂၤေႏြ

ဒီကာလမွာေတာ့ အရင္အပတ္ကလုပ္ခဲ့တဲ့အလုပ္ေတြကေနတဆင့္ ေငြဝင္လာလိမ့္မယ္။ အလုပ္၂မ်ိဳးမက လုပ္ခြင့္ရလာလိမ့္မယ္။ လူငယ္မ်ား၊လုပ္ငန္းခြင္စဝင္တဲ့သူမ်ား နေမာ္နမဲ့ေတာ့ မလုပ္မိဖို႔လိုပါတယ္။ မိတ္ေဟာင္း မ်ား၊လုပ္ေဖာ္ကိုင္ဖက္ေဟာင္းမ်ားရဲ႕ ျပန္လည္အဆက္အသြယ္လုပ္ျခင္းမ်ိဳးႀကဳံရတတ္ပါတယ္။စက္ပစၥည္းေရာင္း လိုသူမ်ားေရာင္းထြက္တတ္ပါတယ္။

လူအမ်ားရဲ႕ ယုံၾကည္မႈရေအာင္ေနထိုင္သူမ်ားကေတာ့ ဒီကာလမွာ ယုံၾကည္မႈ နဲ႔ကူညီေပးၾကသူေတြအမ်ားအျပားရွိလာတတ္ပါတယ္။ေ႐ႊေရာင္းခ်င္သူမ်ား ေရာင္းလို႔သင့္ေတာ္တဲ့ကာလပါပဲ။ ကိုး ကြယ္စရာ လက္ေဆာင္တစ္ခုခုရတာမ်ိဳးႀကဳံရင္ေတာ့ ထီကံစမ္းလိုက္ပါ။ ဒီကာလမွာေတာ့ တ၊ထ၊ဒ၊ဓ၊န နဲ႔စတင္ မွည့္ေခၚထားတဲ့နာမည္ရွင္ေတြကို သတိထားဆက္ဆံဖို႔လိုပါတယ္။

က်န္းမာေရးကေတာ့ အေၾကာတတ္၊ဇက္နာ တာမ်ိဳးျဖစ္တတ္ပါတယ္။ အင္အားကုန္ခမ္းေမာပန္းလြယ္ပါတယ္။အခ်စ္ေရးမွာေတာ့ ခ်စ္သူရဲ႕ဆရာလုပ္မႈ၊အမိန႔္ ေပးမႈကိုခံရလိမ့္မယ္။ အၿပဳံးနဲ႔ပဲဆက္ဆံလိုက္ပါ။ အိမ္ေထာင္ေရးမွာေတာ့ ပုံမွန္ထက္အနည္းငယ္စိတ္ညစ္ရမည္။ လက္ေအာက္ငယ္သားေတြနဲ႔ပက္သက္ၿပီး လင္မယားခ်င္းစကားအေျခအတင္ျဖစ္ရတတ္ပါတယ္။ ပညာေရးမွာ ေတာ့ မိဘဆရာေတြရဲ႕ကူညီမႈကိုရေသာ္လည္း မိမိကိုယ္တိုင္က ဝီရိယလိုေနေသးတာေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း 1/5/9 အထူးေဟာ ကံအနိမ့္အျမင့္ နည္းပါးတဲ့ကာလပါပဲ။ ယၾတာ မည္သည့္ပန္းမဆို အဝါေရာင္အဆင္းရွိေသာပန္းေတြကိုဘုရားမွာေဝေနေအာင္လႉေပးပါ။

တနလၤာ

ဒီကာလအတြင္း ဣေျႏၵရေသာအလုပ္မ်ားလုပ္ျဖစ္ပါလိမ့္မယ္။ လုပ္ငန္းေဟာင္းေတြ၊တစ္ပိုင္းတစ္စျဖစ္ေန တဲ့အလုပ္ေတြကိုျပန္စခြင့္ရမည္။ ဆရာသမားေဟာင္းေတြနဲ႔လဲ ျပန္လက္တြဲခြင့္ေတြရလာတတ္ပါတယ္။ ဖုန္း၊ကြန္ ပ်ဴတာအျပင္ အျခားဆက္သြယ္ေရးႏွင့္ဆိုင္ေသာပစၥည္းမ်ားလက္ေဆာင္ရတတ္ပါတယ္။ လုပ္ခ်င္တာကိုလုပ္ခြင့္ရ လို ေပ်ာ္ရေပမယ့္ လူပင္ပန္းရတတ္ပါတယ္။

ကားအလဲအထပ္ကိစၥေတြမွာေတာ့ အဆင္မေျပမႈေတြႀကဳံရတတ္ပါ တယ္။ အလုပ္ေတြလုပ္ေနေပမယ့္ ေငြမေပၚတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ေဘးလူအျမင္မွာေတာ့ အဆင္ေျပေန တယ္ထင္ရေပမယ့္ အမွန္ေတာ့ နာမည္ႀကီးထမင္းငတ္ျဖစ္ေနရတတ္ပါတယ္။ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ ႀကဳံရတတ္ပါတယ္။ ဆရာသမားေတြ၊လူႀကီးေတြဆီကအႀကံဉာဏ္ကိုယူလိုက္ပါ။

က်န္းမာေရးကေတာ့ ဝမ္းပ်က္ လြယ္တာကိုေတြ႕ရပါတယ္။ ဝမ္းႏူးစာေတြကို အနည္းငယ္ေလာက္ပဲစားတာကမိမိအတြက္ပိုေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ ေအးေဆးတည္ၿငိမ္ေနမည္။ ထူးျခားတဲ့အညံ့အဆိုးေတြကိုေတာ့မေတြ႕ရပါဘူး။ အိမ္ေထာင္ေရး မွာေတာ့ အိမ္ေထာင္ဘက္က အစစအရာရာအလိုက္တသိတာဝန္ေက်ေနတတ္ပါတယ္။ စိတ္ခ်မ္းသာရမည္။ ပညာေရးကေတာ့ ပတ္ဝန္းက်င္အေႏွာက္အယွက္ေၾကာင့္ ပညာေရးအေပၚစိတ္ႏွစ္မရျဖစ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/6 ..အထူးေဟာ ေအာင္ျမင္မႈလမ္းစကို ေတြ႕ရွိပါလိမ့္မယ္။ ယၾတာ ညဘက္ေတြမွာ နီးစပ္ရာဘုရားေစတီသြားပါ။ ေမြးနံေထာင့္မွာ ေရသပၸယ္ပါ။

အဂၤါ

ဒီကာလမွာေတာ့ ကိုယ္ပိုင္လုပ္ငန္းမ်ား ဖိဖိစီးစီးလုပ္ကိုင္ေနရတတ္ပါတယ္။ စိတ္ကူးဉာဏ္ကြန႔္ၿပီးလုပ္ႏိုင္ ဖို႔ကအေရးႀကီးပါတယ္။ ဒါမွပဲ ၿပိဳင္ဘက္ေတြကိုေကာင္းစြာရင္ဆိုင္ႏိုင္ပါလိမ့္မယ္။ ဝန္ထမ္းမ်ားအထက္လူႀကီးက ျဖစ္ေစ၊သူေ႒းကျဖစ္ေစ အလုပ္တာဝန္ေတြကိုမိမိအားအကုန္လႊဲသြားတတ္ပါတယ္။ ဒါေၾကာင့္မိမိကစိတ္ပင္ပန္းစြာ နဲ႔တာဝန္ယူလုပ္ေနရတတ္ပါတယ္။

နာမည္ျဖင့္ရပ္တည္လုပ္ကိုင္ရသူမ်ား ေသခ်ာေပါက္နာမည္ေကာင္းရတတ္ပါ တယ္။မိတ္ေဆြေတြရဲ႕အထင္ႀကီးေလးစားျခင္းကိုခံရတတ္ပါတယ္။ဒါေပမဲ့ ဒီကာလဟာသူတစ္ပါးေတြကိုေတာ့ အားကိုးလို႔မရတတ္ပါဘူး။ ဝန္ထမ္းအနည္းငယ္ျဖင့္လည္ပတ္ေနတဲ့ကိုယ္ပိုင္လုပ္ငန္းမ်ား ဝန္ထမ္းေတြအလုပ္နား တာမ်ိဳး၊အလုပ္ထြက္သြားတာမ်ိဳးေတြႀကဳံေနရတာေၾကာင့္စိတ္ညစ္ရတတ္ပါတယ္။

က်န္းမာေရးမွာေတာ့ အေအး မခံလိုက္ပါနဲ႔။ အဆုတ္ပြႀကီးေခ်ာင္းဆိုးတာမ်ိဳးေတြအလြန္ျဖစ္ရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ခ်စ္သူရဲ႕အလို လိုက္အႀကိဳက္ေဆာင္ျခင္းကိုခံရတတ္ပါတယ္။ တစ္ခုသတိျပဳရမွာကေတာ့ ခ်စ္သူကိုမိဘေတြနဲ႔ေတြ႕ေပးတာမ်ိဳး ဒီကာလမွာဆင္ျခင္ေဆာင္႐ြက္ပါ။ အိမ္ေထာင္ေရးမွာေတာ့ အလုပ္တာဝန္ေတြေၾကာင့္အိမ္ေထာင္ဘက္ႏွင့္ခြဲေန ရတတ္ပါတယ္။ ပညာေရးကေတာ့ နက္နဲေသာပညာမ်ားႏွင့္ အက်ိဳးရွိေသာပညာေတြကိုသင္ယူျဖစ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/8/0 ..အထူးေဟာ အနည္းငယ္အလုပ္မ်ားေနလိမ့္မယ္။ ..ယၾတာ စာသင္သားရဟန္းသံဃာေတြကို စာအုပ္ေတြလႉေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း ခရီးတိုေတြထြက္ရာကေန မိတ္ေဟာင္းေတြနဲ႔ေတြ႕ၿပီး အလုပ္ေတြခ်ိတ္ဆက္မိတတ္ပါ တယ္။ အခ်ိန္ပိုင္းအလုပ္မ်ား လုပ္ျဖစ္ပါလိမ့္မယ္။လုပ္ငန္းတူမ်ားနဲ႔ တြဲဖက္လုပ္ျဖစ္ပါလိမ့္မယ္။ လုပ္ငန္းေဟာင္း ေတြကေတာ့ အျမတ္အစြန္းနည္းေပမယ့္ လုပ္ငန္းသစ္ေတြ၊ခ်ဲ႕ထြင္ထားတဲ့အလုပ္ေတြကေတာ့ အဆင္ေျပတိုး တတ္ပါလိမ့္မယ္။ အေရာင္းအဝယ္လုပ္ငန္းမ်ားေရာင္းပန္းဝယ္ပန္းပြင့္ပါလိမ့္မယ္။

ဆရာမိဘေတြရဲ႕ကူညီေစာင့္ ေရွာက္ျခင္းကိုရရွိပါလိမ့္မယ္။ဝန္ထမ္းမ်ား အထက္လူႀကီးရဲ႕ၾသဇာေပးမႈေတြကိုခံရတတ္ပါတယ္။စိတ္ရွိသည့္ အတိုင္း လုပ္ကိုင္လို႔မရတတ္ပါ။ ဘာလုပ္လုပ္ကိုအထက္ကို တင္ျပၿပီးလုပ္တာအေကာင္းဆုံးပါပဲ။ အလႉကိစၥေတြ ရက္ေ႐ႊ႕ရတတ္ပါတယ္။ လူမႈေရးကိစၥေတြနဲ႔ပက္သက္ၿပီးေငြကုန္ေၾကးက်မ်ားေနရတတ္ပါတယ္။ က်န္းမာေရးက ေတာ့ ႏွလုံးတုန္တာ၊ေမာတာေတြအလြန္ျဖစ္ရတတ္ပါတယ္။

အခ်စ္ေရးမွာေတာ့ ခ်စ္သူကို တန္ဖိုးျဖတ္ေနမိတတ္ ပါတယ္။ေပးဆပ္ရတာနဲ႔ မတန္ဘူးလို႔ထင္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ မိမိေတာ္ေၾကာင္း တတ္ေၾကာင္းဂုဏ္ေဖာ္ၿပီးေျပာတာမ်ိဳးေတြအထူးေရွာင္လိုက္ပါ။ ပညာေရးမွာေတာ့ ခက္ခဲစြာသင္ယူရတတ္ပါ တယ္။ပညာသင္ဘက္မိတ္ေဆြေတြနဲ႔ စကားမ်ားရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/4/5 …အထူးေဟာ စိတ္ပူစရာေတြမ်ားေနတတ္ပါတယ္။ယၾတာ ေျမပဲေၾကာ္ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလမွာေတာ့ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြနဲ႔ပက္သက္ၿပီးအားေကာင္းပါတယ္။ ဝန္ထမ္းမ်ားကေတာ့ ေငြကုန္ေၾကးက်မ်ားေနတတ္ပါတယ္။ လုပ္ငန္းရွင္မ်ား စြမ္းရည္ျပည့္ဝတဲ့ဝန္ထမ္းမ်ိဳးေတြရွာရခက္ေနတတ္ပါ တယ္။ခရီးသြားလာရမႈေတြမ်ားေနတတ္ပါတယ္။ ႏိုင္ငံျခားနဲ႔ဆက္စပ္လုပ္ကိုင္ျခင္းမ်ားလြန္စြာမွအက်ိဳးရွိလိမ့္မယ္။ ရန္အတိုက္အခံေတြကိုေကာင္းစြာ ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။ ေၾကာ္ျငာစရိတ္မ်ားၿပီး အေရာင္းပါးေနတတ္ပါတယ္။

ဆရာသမားေတြ၊လူႀကီးေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။ လက္ကားစီးပြားမ်ားအလြန္ေကာင္းတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ စိတ္ခ်မ္းသာစရာေတြမ်ားေနရတတ္ပါတယ္။ ေရရွည္အတြက္ရည္႐ြယ္ၿပီးလုပ္ကိုင္ေဆာင္ ႐ြက္သမွ်ေကာင္းေသာအက်ိဳးဆက္ေတြျဖစ္ေပၚပါလိမ့္မယ္။ ေႂကြးေဟာင္းေတြရွိရင္ ျပန္ရလာလိမ့္မယ္။ ေငြအစု လိုက္ဝင္တတ္တဲ့အတြက္ ထီကံစမ္းထားတာမ်ိဳးေတြလုပ္ေပးသင့္ပါတယ္။

က်န္းမာေရးအညံံ့အဆိုးကင္းေနတတ္ပါ တယ္။ အခ်စ္ေရးမွာေတာ့ အခ်စ္သစ္ကိုရွာခ်င္တဲ့စိတ္မ်ိဳးအခ်ိဳ႕ေသာသူေတြရဲ႕စိတ္ထဲေပၚလာတတ္ပါတယ္။ အိမ္ ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ သာယာေပ်ာ္႐ႊင္မႈေတြကိုဖန္တီးႏိုင္ပါလိမ့္မယ္။ ပညာေရးအလြန္ကံ ေကာင္းေနခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း 2/5/6 ..အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။ယၾတာ သီးစုံပဲဟင္းနဲ႔ရဟန္းသံဃာေတြကိုဆြမ္းေလာင္းလႉလိုက္ပါ။

ေသာၾကာ

မိမိတတ္ထားတဲ့ပညာေတြကိုလက္ေတြ႕အသုံးခ်ျဖစ္လိမ့္မယ္။ မိမိအစြမ္းအစေတြကိုထုတ္ေဖာ္ျပသခြင့္ရမဲ့ ကာလပါပဲ။ အလုပ္နဲ႔ပက္သက္ၿပီး စရံေငြမ်ားရလာတတ္ပါတယ္။ယာဥ္ကား၊စက္အငွားလုပ္ငန္းမ်ားတိုးတတ္လာ လိမ့္မယ္။ မိမိသြားလိုတဲ့အေပ်ာ္ခရီးေတြလဲသြားရတတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ေသာအဆက္အသြယ္ေတြ အခြင့္အလမ္းေတြရလာတတ္ပါတယ္။ မိမိလိုခ်င္ေနတဲ့ေငြေၾကးဥစၥာေတြအထူးရလာတတ္ပါတယ္။

အက်ိဳးအျမတ္ ႀကီးေသာရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ျဖစ္ပါလိမ့္မယ္။ လုပ္ငန္းခြင္အတြင္းလူခ်စ္လူခင္မ်ားေနတတ္ပါတယ္။ မိမိကိုကူညီ မဲ့သူေတြေပါမ်ားလာတတ္တာကိုေတြ႕ရပါတယ္။အႏုပညာဆန္ဆန္အလုပ္မ်ားတိုးတတ္ႏိုင္ပါတယ္။ အသင္းအဖြဲ႕ နဲ႔ လုပ္ကိုင္ရတဲ့အလုပ္ေတြကေတာ့ ထင္ထားသည္ထက္ပိုမိုအဆင္ေျပတတ္ပါတယ္။ က်န္းမာေရးအညံ့အနည္းငယ္ ရွိေနတတ္ပါတယ္။

အာ႐ုံေၾကာနဲ႔ပက္သက္ေသာ ေရာဂါမွန္သမွ်ဂ႐ုစိုက္ေပးပါ။အခ်စ္ေရးမွာေတာ့ ပညာသင္ရင္း သင္တန္းတူေမဂ်ာတူတဲ့သူနဲ႔ အခ်စ္ေရးကံေပၚတာမ်ိဳးေတြ႕ရပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ အခက္အခဲေတြကိုရင္ဆိုင္ေျဖရွင္းေနရတတ္ပါတယ္။ ေခတ္မီေသာ၊နည္းပညာႏွင့္ဆိုင္ေသာပညာမ်ားသင္ရမည္။

အက်ိဳးေပးဂဏန္း 3/6/7 ..အထူးေဟာ စိတ္ခ်မ္းသာစရာမ်ားပါတယ္။ယၾတာ ေဆးဝါးအလႉေတြမ်ားမ်ားလုပ္ေပးလိုက္ပါ။

စေန

ဒီကာလအတြင္းျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေနရတတ္ပါတယ္။ ေရလုပ္ငန္းမ်ား၊စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ကေတာ့ အေကာင္းမ်ားပါတယ္။လခစားလုပ္ရင္းအေရာင္းအဝယ္ လုပ္ေနသူမ်ားအဆင္ေျပတိုးတတ္ပါလိမ့္မယ္။ မိသားစုုလုပ္ငန္းေတာ္ေတာ္မ်ားမ်ားအရႈံးေပၚေနတတ္ပါတယ္။စပ္တူႏွင့္အက်ိဳးေဆာင္လုပ္ငန္းမ်ား အရင္းမ်ားၿပီး အျမတ္နည္းေနႏိုင္ပါတယ္။ ဒီကာလအတြင္းစိတ္အလိုမက်စရာေတြမ်ားေနတတ္ပါတယ္။

ရန္သူေဟာင္း၊ျပႆနာ ေဟာင္းေတြေပၚလာတတ္ပါတယ္။ဘာလုပ္လုပ္အခ်ိန္ဆြဲလုပ္မယ္ဆို အခြင့္အေရးေတြကိုလက္လႊတ္ရႏိုင္ပါတယ္။ မွန္ကန္၊ျမန္ဆန္တဲ့ ဆုံးျဖတ္ခ်က္ေတြကိုခ်တတ္ဖို႔လိုပါတယ္။ အမႈေဟာင္းေတြ၊ျပႆနာေဟာင္းေတြေပၚလာတတ္ ပါတယ္။ အေပ်ာ္အပါးေလာင္းကစားေတြေလွ်ာ့ပါ။

ညဥ့္နက္သန္းေခါင္ ေသာက္စားမူးယစ္ျခင္းေတြေရွာင္လိုက္ပါ။ ေသြးတိုးႏွင့္ ေလျဖတ္ျခင္းကိုဒီကာလမွာအထူးဂ႐ုစိုက္ပါ။ တတ္စာေတြလုံးဝမစားမိပါေစနဲ႔။ အခ်စ္ေရးမွာေတာ့ အ႐ြယ္လြန္အပ်ိဳႀကီး၊လူပ်ိဳႀကီးမ်ားစန္းပြင့္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပက္သက္ရင္ အိမ္ေထာင္ဘက္နဲ႔ အသံတိတ္ရန္ျဖစ္ေနရတတ္ပါတယ္။ ပညာေရးအားေကာင္းပါတယ္။ မိမိအတြက္အက်ိဳးရွိမဲ့ပညာေတြရလြယ္ပါ တယ္။

အက်ိဳးေပးဂဏန္း 1/4/0 အထူးေဟာ ကံအားနည္းေနမည္။ယၾတာ ကေလးေတြကိုခဲတံလႉလိုက္ပါ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သဳေတသီ) 0977 5555 695 09 44 5555 695