အမြန်လမ်းယာဉ်မတော်တဆဖြစ်မှုများ

130

နိုဝင်ဘာလ(၁၉)ရက်နေ့နံနက်(၀၄၁၅)အ ချိန် မန္တလေး-ရန်ကုန် လမ်းပိုင်းမိုင်တိုင်(၂၉၆-၄-၂၉၆/၅)အကြား သမင်ပျိုတံတားမြောက်ဘက်ထိပ်တွင် ယာဉ်မောင်း ကိုဝေယံဟိန်းထက်၊ အသက်(၂၁) နှစ်၊ ထန်းတပင်မြို့နေသူ မောင်းနှင်လာသည့် 5K/—-HYUNDIA PORTER PICKUP ယာဉ်မှာယာဉ်၏ညာဘက်ရှေ့ဘီးပေါက်၍ တံတားထိပ်လက်ရမ်းတိုင်များအား ပွတ်တိုက်မိကာ လမ်းမအလယ်၌ ရပ်တန့်သွားခဲ့ပါသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၄)ဦးအနက် ကျား (၂)ဦး မ(၁)ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သီးကုန်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၀၆၃၀) နာရီအချိန် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင်အမှတ်၂၁/၁ -၂၁/၂ ကြားတွင်ယာဉ်မောင်းကိုသက်နိုင်ထွန်း (၂၇)နှစ်ရွာမအနောက်ရပ်ကွက်အင်းစိန်မြို့ နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 4I/—-Subaru Pickupအမျိုးအစား အဖြူရောင်ယာဉ်သည်

ယာဉ်မောင်းအိပ်ငိုက်ရျ် လမ်းဘေးမြေသားလမ်းပေါ်ရှိ guard rails တန်းအားဝင်ရောက်တိုက်မိပြီးတစ်ပတ်လိမ့်ကာ လဲကျရပ်တန့်သွားခဲ့ပါသည်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်လိုက်ပါလာသောယာဉ်မောင်းပါကျား(၅) ဦးတွင် ကျား(၄)ဦးထိခိုက် ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်း တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ႏိုဝင္ဘာလ(၁၉)ရက္ေန႔နံနက္(၀၄၁၅)အ ခ်ိန္ မႏၲေလး-ရန္ကုန္ လမ္းပိုင္းမိုင္တိုင္(၂၉၆-၄-၂၉၆/၅)အၾကား သမင္ပ်ိဳတံတားေျမာက္ဘက္ထိပ္တြင္ ယာဥ္ေမာင္း ကိုေဝယံဟိန္းထက္၊ အသက္(၂၁) ႏွစ္၊ ထန္းတပင္ၿမိဳ႕ေနသူ ေမာင္းႏွင္လာသည့္ 5K/—-HYUNDIA PORTER PICKUP ယာဥ္မွာယာဥ္၏ညာဘက္ေရွ႕ဘီးေပါက္၍ တံတားထိပ္လက္ရမ္းတိုင္မ်ားအား ပြတ္တိုက္မိကာ လမ္းမအလယ္၌ ရပ္တန႔္သြားခဲ့ပါသည္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ က်ား(၃)ဦး၊ မ(၄)ဦးအနက္ က်ား (၂)ဦး မ(၁)ဦး ဒဏ္ရာရရွိသျဖင့္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ သီးကုန္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အေထာက္အကူျပဳအဖြဲ႕မ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

ႏိုဝင္ဘာလ (၁၈)ရက္ေန႔ နံနက္ (၀၆၃၀) နာရီအခ်ိန္ ေနျပည္ေတာ္-ရန္ကုန္ လမ္း မိုင္တိုင္အမွတ္၂၁/၁ -၂၁/၂ ၾကားတြင္ယာဥ္ေမာင္းကိုသက္ႏိုင္ထြန္း (၂၇)ႏွစ္႐ြာမအေနာက္ရပ္ကြက္အင္းစိန္ၿမိဳ႕ ေနသူေမာင္းႏွင္လာသည့္ ယာဥ္အမွတ္-YGN 4I/—-Subaru Pickupအမ်ိဳးအစား အျဖဴေရာင္ယာဥ္သည္

ယာဥ္ေမာင္းအိပ္ငိုက္ရ်္ လမ္းေဘးေျမသားလမ္းေပၚရွိ guard rails တန္းအားဝင္ေရာက္တိုက္မိၿပီးတစ္ပတ္လိမ့္ကာ လဲက်ရပ္တန႔္သြားခဲ့ပါသည္ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ယာဥ္ေပၚတြင္လိုက္ပါလာေသာယာဥ္ေမာင္းပါက်ား(၅) ဦးတြင္ က်ား(၄)ဦးထိခိုက္ ဒဏ္ရာရရွိသျဖင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ေဘာနတ္ႀကီးစခန္း တပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူျပဳ အဖြဲ႕ မ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွူးရံုး