အောင်လအန်ဆန်း အမေရိကန်စင်တာတွင် ရန်ကုန်လူထုနှင့် တွေ့ဆုံမည်

58

One Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းဟာ ရန်ကုန်မြို့ရှိ အမေရိကန်စင်တာမှာ အများပြည်သူနဲ့ နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၂ နာရီခွဲမှာ တွေ့ဆုံစကားပြောမှာဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အောင်လအန်ဆန်းနဲ့ စကားပြောဖို့ အများပြည်သူတွေ လာရောက်ကြဖို့ သံရုံးက ဖိတ်ခေါ်ထားပြီး၊ မှတ်ပုံတင်၊ စာကြည့်တိုက်အသင်းဝင်ကတ် ဒါမှမဟုတ် ဓာတ်ပုံပါတဲ့ ကတ်ပြားတခုခု ယူလာဖို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့တွေနယ်တွေကို လှည့်လည်သွားရောက်ကာ ဒေသခံတောင်သူဦးကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ- US Embassy

 This news is published with the permission of DVB .




ဓာတ်ပုံ- US Embassy
