သိန်း (၂) သောင်းနီးပါးထီပေါက်ခဲ့ပြီး ဖြုန်းတီးလွန်းလို့ အခု မီးသွေးပို့သမား ဖြစ်နေတဲ့ သူ
128
Carroll turning up at one of his many court appearances. Credit: PA
Michael is happy as a coalman. Credit: Abermedia
His mansions eventually fell into disrepair. Credit: PA
Michael Carroll ဟာ (၂၀၀၂) ခုနှစ်က ပေါင် (၉.၇) သန်း၊ ကျပ် (၂) သောင်းနီးပါး ထီပေါက်ခဲ့ဖူးပေမဲ့ အခုတော့ စကော့တလန်နိုင်ငံမှာ မီးသွေးပို့သမား ဖြစ်နေပါတယ်။ ဒါပေမဲ့ သူက သူဌေးတစ်ဦးလိုကနေ မီးသွေးပို့သမား ပြန်ဖြစ်တော့၊ အရင်ဘဝကို ပြန်ရခဲ့တာကြောင့် ပိုပျော်တယ်လို့ ပြောခဲ့ပါတယ်။
သူဟာ (၂၀၀၂) ခုနှစ်က (၁) ပေါင်နဲ့ ထီလက်မှတ် တစ်စောင် ဝယ်ပြီး ပေါင် (၉.၇) သန်း ပေါက်ခဲ့တာပါပဲ။သူက သူ့ရဲ့ ဆုံးရှုံးမှု နဲ့ အချိန်တိုအတွင်း ငွေကြေး အကုန်လုံး ဖြန်တီးမှုကို နောင်တမရဘူးလို့ ပြောခဲ့ပြီး အရင်ကထက် ပိုပျော်နေတယ်လို့ ပြောသွားပါတယ်။
သူက “ကျွန်တော် အတိတ်ကို နောင်တရပြီးတော့ မကြည့်ပါဘူး။ ကျွန်တော် (၁၀) နှစ်တာ အတွင်း အလွန် ပျော်ခဲ့ပါတယ်။ အချိန်ကိုလည်း နောက်ပြန်ပြီး မဆုတ်ချင်ပါဘူး။ ကျွန်တော် ကျွန်တော့်ရဲ့ ဘဝကို ပြန်ရလို့ ပို ပျော်ပါတယ်”လို့ ပြောသွားပါတယ်။
Miachael Carroll ဟာ ပေါင် (၉.၇) သန်း ထီပေါက်ပြီး (၁) နှစ်အကြာမှာ သူ့ရဲ့ဆွေးမျိုးတွေကို မျှတစွာ ပေါင် (၄) သန်း၊ သိန်း (၇) ထောင် ပေးခဲ့ပါတယ်။ သူဟာ (၂၀၀၂) ခုနှစ်မှာ ထီပေါက်ခဲ့ပြီး၊ (၁၀) နှစ် အကြာ (၂၀၁၂) ခုနှစ်မှာ စတင် ဆင်းရဲလာခဲ့ပါတယ်။
အခုတော့ သူဟာ စကော့တလန်နိုင်ငံမှာ နေပြီး တစ်လကို ပေါင် (၅၀၀)၊ (၉) သိန်းပေးရတဲ့ အိမ်ကို ငှားလျက်၊ မီးသွေးပု့ိသမား လုပ်နေပါတယ်။Michael Carroll ဟာ ပိုက်ဆံတွေ တစ်ပွေတစ်ပိုက်နဲ့ ချမ်းသာခဲ့စဉ်က မူးယစ်ဆေးဝါး၊ ကာမ နဲ့ ဘဝကို ပျော်နိုင်သမျှ အပျော်ဆုံး ဖြတ်သန်းခဲ့ပါတယ်။
သူဟာ တရားရုံမှာ အကြိမ် (၃၀) ရောက်ရှိခဲ့တာကြောင့် “ပျက်စီးမှုရဲ့ ဘုရင်”လို့တောင် နာမည်ပြောင် အပေးခံခဲ့ရပါတယ်။ သူဟာ အရင်တုန်းက ဇိမ်ခံကားကိုစီးလျက် စိတ်ကြိုက်သွားနေခဲ့ပေမဲ့ အခုတော့ အလုပ်ကိုတောင် လမ်းလျှောက်သွားနေရပါတယ်။
Ko Khant ( D Nae Khit Media )