ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များ အပိုင်း(၂)

306

မနေ့က D Nae Khit Media က ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များအကြောင်း အပိုင်း(၁)ကို ဖော်ပြခဲ့ပြီးပါပြီ။ အခု ဒီနေ့ အပိုင်း(၂)ကိုဆက်လက်ပြီး ဖော်ပြပေးမှာပါ။ မနေ့တုန်းက ဆောင်းပါးမှာတော့ နန်းစံသက်အတိုဆုံးတွေကို အစဉ်အတိုင်း ဖော်ပြခဲ့တာပါ။ အခု (၅)ဦးကတော့ လက်ကျန်စာရင်း ဖြစ်ပါတယ်။

(၁) King John I (ပြင်သစ်) နန်းစံသက် (၅)ရက်

ပြင်သစ်နိုင်ငံမှာ (၁၃၀၀)ခုနှစ်များဆီက နိုင်ငံရေးအရ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရင် King John I ဟာ ဘုရင်ကြီး King Louis X ရဲ့သားတော်ပါ။ King Louis X ဟာ (၁၃၁၆)ခုနှစ် ဇွန်လ(၅)ရက်မှာ နတ်ရွာလားခဲ့ပြီး၊ ထိုစဉ်က John I က မမွေးသေးပါဘူး။

ဘုရင်ကြီးဆုံးလို့ (၄)လအကြာမှာ နိုဝင်ဘာ(၁၅)ရက်မှာ John I က မွေးဖွားခဲ့တာပါ။ နန်းတော်စည်းမျဉ်းတွေရ သူ့ကို မွေးမွေးချင်းပဲ မူးမတ်တွေက နန်းအပ်ခဲ့ပါတယ်။ အကြောင်းကတော့ နန်းတော်ကို လုချင်တဲ့ ဆွေတော်မျိုးတော်တွေ ရှိနေလို့ပါ။ John I ဟာ နန်းအပ်ပြီး (၅)ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။ ထိုစဉ်က သူဟာ (၅)ရက်သားသာ ရှိပါသေးတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကတော့ နန်းလိုချင်တဲ့ ဦးလေးတော် Philippe V က အဆိပ်ခတ်သတ်ခဲ့တာလို့လည်း ဆိုပါတယ်။ တစ်ချို့ကလည်း ဓားနဲ့ထိုးသတ် လုပ်ကြံတာလို့လည်း ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Philippe V ဟာ John I လွန်တော့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ သူကတော့ (၆)နှစ်အထိ နန်းစံခဲ့ပါတယ်။

(၂) သြစတေးလျဝန်ကြီးချုုပ် Frank Forde (အာဏာသက်တမ်း (၇)ရက်)

အထွတ်အထိပ် အာဏာရခဲ့သူတွေထဲမှာတော့ Frank Forde လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ သြစတေးလျှ ဝန်ကြီးချုပ်အဖြစ် (၇)ရက်သာ ကြာရှည်ခဲ့ပါတယ်။ လေဘာပါတီရဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သူဟာ Capricornia ရဲ့ ဖက်ဒရယ်အရေး ကိုယ်စားလှယ်အဖြစ် (၂၄)နှစ် တာဝန်ယူခဲ့သူပါ။ နောက်တော့ သူဟာ သြစတေးလျရဲ့ ဒုဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး-

စစ်ဝန်ကြီး၊ စစ်ရေးစစ်ရာဆိုင်ရာ အကြံပေးအဖွဲ့ဝင်နဲ့ အကောက်ခွန်ရာထူးတွေကို ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ (၁၉၄၅)ခုနှစ် ဇူလိုင်မှာ ဝန်ကြီးချုပ်ဖြစ်တဲ့ John Curtin က နှလုံးရောဂါနဲ့သေဆုံးတော့၊ Frank က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် လေဘာပါတီနဲ့ သဘောထားကွဲလွဲပြီး သူ့ကို ဝန်ကြီးရာထူးကနေ ပါတီကောင်စီက ဖယ်ရှားကာ Ben Chifley ကို ချက်ချင်းဆိုသလို ဝန်ကြီးချုပ်ရာထူးပေးခဲ့ပါတယ်။ Frank ဟာ (၇)ရက်သာ အာဏာရခဲ့ပြီး၊ (၁၉၄၅)ခုနှစ် ဇူလိုင်(၆)ရက်ကနေ (၁၃)ရက်အထိသာ အာဏာရခဲ့ပါတယ်။

(၃) အင်္ဂလန်ဘုရင်မ Jane Grey (နန်းစံသက် (၉)ရက်)

အင်င်္ဂလန်ရဲ့ထီးနန်းကို စိုးစံသူတွေထဲမှာ နန်းစံအသက်အတိုဆုံးဘုရင်မကတော့ Lady Jane Grey  ဖြစ်ပါတယ်။ သူမဟာ နန်းစံသက် (၉)ရက်သာ ရှိခဲ့ပါတယ်။ သူမကို နှောင်းခေတ်သမိုင်းဆရာတွေက Nine Days’ Queen လို့ ဖော်ပြကြပါတယ်။ သူမဟာ အစ်ကိုဝမ်းကွဲ King Edward VI ရဲ့အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ King Edward VI ဟာ တီဘီရောဂါနဲ့ မသေခင်မှာ Jane ကို အရိုက်အရာအဖြစ် ထားခဲ့တာပါ။

Jane ဟာ Edward VI လိုပဲ ပရိုတက်စတင့်ဘာသာဝင်ဖြစ်တဲ့အတွက်၊ ဖအေတူမအေကွဲညီမ Mary Tudor ကို နန်းမပေးချင်ခဲ့ပါဘူး။ Mary က ကက်သလစ်ဖြစ်လို့ အဲဒီတုန်းက ဒီဘာသာနှစ်ခုကြားမှာ ကြီးမားတဲ့ ပဋိပက္ခဖြစ်နေချိန်ပါ။ Mary ဟာ နန်းစဉ်ရာထူးကနေ ဖယ်ရှားခံလိုက်ရချိန်မှာ တော်လှန်ပုန်ကန်ပြီး နန်းတော်ကို လုခဲ့ပါတယ်။

Jane ဟာ နန်းစံသက်(၉)ရက်သာရှိသေးချိန်မှာ Mary ရဲ့ အကျဉ်းသားဖြစ်ခဲ့ပြီး၊ နန်းတော်ကို လွှဲပေးခဲ့ရပါတယ်။ သူမဟာ (၁၅၅၃)ခုနှစ် ဇူလိုင် (၁၀)ရက်ကနေ (၁၉)ရက်သာ နန်းစံခဲ့ရပါတယ်။ ကနဦးတုန်းကတော့ Mary ဟာ နန်းကျဘုရင်မ Jane ကို မကွပ်မျက်ပါဘူး။ ဒါပေမယ့် Jane ရဲ့ဖခင်က လူသူစုဆောင်းပြီး တော်လှန်ပုန်ကန်လို့ သူမကို (၁၉၅၄)ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်မှာ ကွပ်မျက်လိုက်ပါတယ်။ သေဆုံးချိန်မှာ အသက်(၁၆-၁၇)သာ ရှိပါသေးတယ်။

(၄) ပုပ်ရဟန်းမင်းကြီး Urban VII (သာသနာပြုရက် (၁၂)ရက်)

ရိုမန်ကက်သလစ်ဝတ်ကျောင်းတော်ရဲ့ ဦးစီးအာဏာပိုင်အဖြစ် အမြင့်ဆုံးရာထူး ရယူခဲ့သူတွေထဲမှာ ပုပ်ရဟန်းမင်းကြီး Urban VII ဟာ သာသနာပြုရက် အတိုဆုံးဖြစ်ခဲ့ပါတယ်။ သူဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံရပြီး (၁၂)ရက်အကြာမှာ သေဆုံးခဲ့တာပါ။ သူ့ငယ်နာမည်မှာ Giovanni Battista Castagna ဖြစ်ပါတယ်။ အီတလီလူမျိုးပါ။

(၁၅၉၀) ခုနှစ် စက်တင်ဘာလ (၁၅)ရက်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီး ဘုရားကျောင်းများအတွင်း ဆေးလိပ်မသောက်ရအမိန့်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ထမ်းဆောင်လို့ (၁၂)ရက်အကြာ သူ့ရုံးခန်းထဲမှာ ရုတ်တရက် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ သူ့နေရာကို ပုပ်ရဟန်းမင်းကြီး Gregory XIV က လက်ခံရယူခဲ့ပါတယ်။

(၅) အီတလီဘုရင် Umberto II (နန်းစံသက် (၃၄)ရက်)

အီတလီဘုရင် Umberto II ဟာ ဖခမည်းတော်ဘုရင်ကြီး Vittorio Emanuele III ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူပါ။ ဥရောပဘုရင်တွေ တော်တော်များများလိုပဲ ပြည်သူရဲ့ဖိအားကို အကြီးအကျယ်ခံခဲ့ရပါတယ်။ သူ အုပ်စိုးတဲ့နှစ်မှာပဲ နန်းဆက် ဒါမှမဟုတ် ဘုရင်စနစ်ကို ဖျက်သိမ်းလိုတဲ့ ပြည်သူတွေက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ သူဟာ (၁၉၄၆) မေလ မှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် သူဟာနန်းစံသက် (၃၄)ရက်အကြာမှာ ဘုရင်အဖြစ်က ဖယ်ရှားခံခဲ့ရပြီး၊ အီတလီရဲ့နောက်ဆုံး မင်းဆက်ဖြစ်လာခဲ့ပါတယ်။ သူ့ကို May King လို့ ဖော်ပြကြပါတယ်။ သူ့ကို အီတလီလူထုက ဆန္ဒခံယူပွဲကနေ မဲအပြတ်အသက်နဲ့ ဖယ်ရှားခဲ့တာဖြစ်ပြီး ပြည်သူရွေးတဲ့သူအုပ်ချုပ်တဲ့ သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လင်းဇော်ကို ( D Nae Khit Media )

Zawgyi ျဖင့္ဖတ္ရန္-

မေန႔က D Nae Khit Media က ကုသိုလ္ကံအရ ဘုရင္ျဖစ္ခဲ့ေပမယ့္၊ နန္းစံသက္အတိုဆုံး ျဖစ္ခဲ့တဲ့ဘုရင္မ်ားအေၾကာင္း အပိုင္း(၁)ကုိ ေဖာ္ျပခဲ့ၿပီးပါၿပီ။ အခု ဒီေန႔ အပိုင္း(၂)ကိုဆက္လက္ၿပီး ေဖာ္ျပေပးမွာပါ။ မေန႔တုန္းက ေဆာင္းပါးမွာေတာ့ နန္းစံသက္အတုိဆုံးေတြကို အစဥ္အတုိင္း ေဖာ္ျပခဲ့တာပါ။ အခု (၅)ဦးကေတာ့ လက္က်န္စာရင္း ျဖစ္ပါတယ္။

(၁) King John I (ျပင္သစ္) နန္းစံသက္ (၅)ရက္

ျပင္သစ္ႏုိင္ငံမွာ (၁၃၀၀)ခုႏွစ္မ်ားဆီက ႏုိင္ငံေရးအရ ႀကီးမားတဲ့ အေျပာင္းအလဲေတြ ျဖစ္ေပၚခဲ့ပါတယ္။ ဘုရင္ King John I ဟာ ဘုရင္ႀကီး King Louis X ရဲ႕သားေတာ္ပါ။ King Louis X ဟာ (၁၃၁၆)ခုႏွစ္ ဇြန္လ(၅)ရက္မွာ နတ္ရြာလားခဲ့ၿပီး၊ ထုိစဥ္က John I က မေမြးေသးပါဘူး။

ဘုရင္ႀကီးဆုံးလုိ႔ (၄)လအၾကာမွာ ႏုိဝင္ဘာ(၁၅)ရက္မွာ John I က ေမြးဖြားခဲ့တာပါ။ နန္းေတာ္စည္းမ်ဥ္းေတြရ သူ႕ကုိ ေမြးေမြးခ်င္းပဲ မူးမတ္ေတြက နန္းအပ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ နန္းေတာ္ကို လုခ်င္တဲ့ ေဆြေတာ္မ်ိဳးေတာ္ေတြ ရွိေနလုိ႔ပါ။ John I ဟာ နန္းအပ္ၿပီး (၅)ရက္အၾကာမွာ ေသဆုံးခဲ့ပါတယ္။ ထုိစဥ္က သူဟာ (၅)ရက္သားသာ ရွိပါေသးတယ္။

ေသဆုံးရတဲ့ အေၾကာင္းအရင္းကေတာ့ နန္းလုိခ်င္တဲ့ ဦးေလးေတာ္ Philippe V က အဆိပ္ခတ္သတ္ခဲ့တာလုိ႔လည္း ဆုိပါတယ္။ တစ္ခ်ိဳ႕ကလည္း ဓားနဲ႔ထုိးသတ္ လုပ္ႀကံတာလုိ႔လည္း ဆုိၾကပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ Philippe V ဟာ John I လြန္ေတာ့ ဘုရင္ျဖစ္လာခဲ့ပါတယ္။ သူကေတာ့ (၆)ႏွစ္အထိ နန္းစံခဲ့ပါတယ္။

(၂) ၾသစေတးလ်ဝန္ႀကီးခ်ဳဳပ္ Frank Forde (အာဏာသက္တမ္း (၇)ရက္)

အထြတ္အထိပ္ အာဏာရခဲ့သူေတြထဲမွာေတာ့ Frank Forde လည္း ပါဝင္ခဲ့ပါတယ္။ သူဟာ ၾသစေတးလွ် ဝန္ႀကီးခ်ဳပ္အျဖစ္ (၇)ရက္သာ ၾကာရွည္ခဲ့ပါတယ္။ ေလဘာပါတီရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး၊ သူဟာ Capricornia ရဲ႕ ဖက္ဒရယ္အေရး ကိုယ္စားလွယ္အျဖစ္ (၂၄)ႏွစ္ တာဝန္ယူခဲ့သူပါ။ ေနာက္ေတာ့ သူဟာ ၾသစေတးလ်ရဲ႕ ဒုဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး-

စစ္ဝန္ႀကီး၊ စစ္ေရးစစ္ရာဆုိင္ရာ အႀကံေပးအဖြဲ႕ဝင္နဲ႔ အေကာက္ခြန္ရာထူးေတြကို ပူးတြဲတာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။ (၁၉၄၅)ခုႏွစ္ ဇူလုိင္မွာ ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ John Curtin က ႏွလုံးေရာဂါနဲ႔ေသဆုံးေတာ့၊ Frank က ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ေလဘာပါတီနဲ႔ သေဘာထားကြဲလြဲၿပီး သူ႕ကို ဝန္ႀကီးရာထူးကေန ပါတီေကာင္စီက ဖယ္ရွားကာ Ben Chifley ကုိ ခ်က္ခ်င္းဆုိသလုိ ဝန္ႀကီးခ်ဳပ္ရာထူးေပးခဲ့ပါတယ္။ Frank ဟာ (၇)ရက္သာ အာဏာရခဲ့ၿပီး၊ (၁၉၄၅)ခုႏွစ္ ဇူလုိင္(၆)ရက္ကေန (၁၃)ရက္အထိသာ အာဏာရခဲ့ပါတယ္။

(၃) အဂၤလန္ဘုရင္မ Jane Grey (နန္းစံသက္ (၉)ရက္)

အင္ဂၤလန္ရဲ႕ထီးနန္းကို စုိးစံသူေတြထဲမွာ နန္းစံအသက္အတုိဆုံးဘုရင္မကေတာ့ Lady Jane Grey  ျဖစ္ပါတယ္။ သူမဟာ နန္းစံသက္ (၉)ရက္သာ ရွိခဲ့ပါတယ္။ သူမကို ေႏွာင္းေခတ္သမုိင္းဆရာေတြက Nine Days’ Queen လုိ႔ ေဖာ္ျပၾကပါတယ္။ သူမဟာ အစ္ကိုဝမ္းကြဲ King Edward VI ရဲ႕အ႐ိုက္အရာကို ဆက္ခံခဲ့ပါတယ္။ King Edward VI ဟာ တီဘီေရာဂါနဲ႔ မေသခင္မွာ Jane ကုိ အ႐ုိက္အရာအျဖစ္ ထားခဲ့တာပါ။

Jane ဟာ Edward VI လုိပဲ ပ႐ုိတက္စတင့္ဘာသာဝင္ျဖစ္တဲ့အတြက္၊ ဖေအတူမေအကြဲညီမ Mary Tudor ကုိ နန္းမေပးခ်င္ခဲ့ပါဘူး။ Mary က ကက္သလစ္ျဖစ္လုိ႔ အဲဒီတုန္းက ဒီဘာသာႏွစ္ခုၾကားမွာ ႀကီးမားတဲ့ ပဋိပကၡျဖစ္ေနခ်ိန္ပါ။ Mary ဟာ နန္းစဥ္ရာထူးကေန ဖယ္ရွားခံလုိက္ရခ်ိန္မွာ ေတာ္လွန္ပုန္ကန္ၿပီး နန္းေတာ္ကို လုခဲ့ပါတယ္။

Jane ဟာ နန္းစံသက္(၉)ရက္သာရွိေသးခ်ိန္မွာ Mary ရဲ႕ အက်ဥ္းသားျဖစ္ခဲ့ၿပီး၊ နန္းေတာ္ကို လႊဲေပးခဲ့ရပါတယ္။ သူမဟာ (၁၅၅၃)ခုႏွစ္ ဇူလုိင္ (၁၀)ရက္ကေန (၁၉)ရက္သာ နန္းစံခဲ့ရပါတယ္။ ကနဦးတုန္းကေတာ့ Mary ဟာ နန္းက်ဘုရင္မ Jane ကုိ မကြပ္မ်က္ပါဘူး။ ဒါေပမယ့္ Jane ရဲ႕ဖခင္က လူသူစုေဆာင္းၿပီး ေတာ္လွန္ပုန္ကန္လုိ႔ သူမကုိ (၁၉၅၄)ခုႏွစ္ ေဖေဖာ္ဝါရီ (၁၂)ရက္မွာ ကြပ္မ်က္လုိက္ပါတယ္။ ေသဆုံးခ်ိန္မွာ အသက္(၁၆-၁၇)သာ ရွိပါေသးတယ္။

(၄) ပုပ္ရဟန္းမင္းႀကီး Urban VII (သာသနာျပဳရက္ (၁၂)ရက္)

႐ုိမန္ကက္သလစ္ဝတ္ေက်ာင္းေတာ္ရဲ႕ ဦးစီးအာဏာပုိင္အျဖစ္ အျမင့္ဆုံးရာထူး ရယူခဲ့သူေတြထဲမွာ ပုပ္ရဟန္းမင္းႀကီး Urban VII ဟာ သာသနာျပဳရက္ အတုိဆုံးျဖစ္ခဲ့ပါတယ္။ သူဟာ ပုပ္ရဟန္းမင္းႀကီးအျဖစ္ တင္ေျမႇာက္ခံရၿပီး (၁၂)ရက္အၾကာမွာ ေသဆုံးခဲ့တာပါ။ သူ႕ငယ္နာမည္မွာ Giovanni Battista Castagna ျဖစ္ပါတယ္။ အီတလီလူမ်ိဳးပါ။

(၁၅၉၀) ခုႏွစ္ စက္တင္ဘာလ (၁၅)ရက္မွာ ပုပ္ရဟန္းမင္းႀကီး ျဖစ္လာခဲ့ၿပီး ဘုရားေက်ာင္းမ်ားအတြင္း ေဆးလိပ္မေသာက္ရအမိန္႔ကို ထုတ္ျပန္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ တာဝန္ထမ္းေဆာင္လုိ႔ (၁၂)ရက္အၾကာ သူ႕႐ုံးခန္းထဲမွာ ႐ုတ္တရက္ ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆုံးခဲ့ပါတယ္။ သူ႔ေနရာကို ပုပ္ရဟန္းမင္းႀကီး Gregory XIV က လက္ခံရယူခဲ့ပါတယ္။

(၅) အီတလီဘုရင္ Umberto II (နန္းစံသက္ (၃၄)ရက္)

အီတလီဘုရင္ Umberto II ဟာ ဖခမည္းေတာ္ဘုရင္ႀကီး Vittorio Emanuele III ရဲ႕ အ႐ုိက္အရာကို ဆက္ခံခဲ့သူပါ။ ဥေရာပဘုရင္ေတြ ေတာ္ေတာ္မ်ားမ်ားလုိပဲ ျပည္သူရဲ႕ဖိအားကို အႀကီးအက်ယ္ခံခဲ့ရပါတယ္။ သူ အုပ္စုိးတဲ့ႏွစ္မွာပဲ နန္းဆက္ ဒါမွမဟုတ္ ဘုရင္စနစ္ကို ဖ်က္သိမ္းလုိတဲ့ ျပည္သူေတြက ပုိၿပီးအားေကာင္းလာခဲ့ပါတယ္။ သူဟာ (၁၉၄၆) ေမလ မွာ ဘုရင္ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ သူဟာနန္းစံသက္ (၃၄)ရက္အၾကာမွာ ဘုရင္အျဖစ္က ဖယ္ရွားခံခဲ့ရၿပီး၊ အီတလီရဲ႕ေနာက္ဆုံး မင္းဆက္ျဖစ္လာခဲ့ပါတယ္။ သူ႕ကို May King လုိ႔ ေဖာ္ျပၾကပါတယ္။ သူ႕ကုိ အီတလီလူထုက ဆႏၵခံယူပြဲကေန မဲအျပတ္အသက္နဲ႔ ဖယ္ရွားခဲ့တာျဖစ္ၿပီး ျပည္သူေရြးတဲ့သူအုပ္ခ်ဳပ္တဲ့ သမၼတႏုိင္ငံ ျဖစ္လာခဲ့ပါတယ္။

လင္းေဇာ္ကုိ ( D Nae Khit Media )