Spider Man လိုပျံချင်လို့ ဖခင်သုံးတဲ့ဘိန်းဖြူတွေ ကျောင်းကိုယူလာတဲ့ ကလေးကြောင့် အဖေကို ရဲကဖမ်း

93

အသက်(၅)နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ ကလေးအတွေးနဲ့ Spider-Man လို လေပေါ်ပျံချင်လို့ဆိုပြီး၊ ဖခင်သုံးတဲ့ ဘိန်းဖြူတွေကို ကျောင်းစာသင်ခန်းထဲ ယူဆောင်လာခဲ့ပါတယ်။ ဒီအကြောင်းကို The Sun က ဖော်ပြထားတာပါ။

ကလေးရဲ့ အပြစ်မဲ့တဲ့အတွေးနဲ့ လုပ်ရပ်ကြောင့် ဖခင်ဖြစ်သူဟာ ဘိန်းဖြူ လက်ဝယ်ထားရှိမှုနဲ့ သုံးစွဲမှုတွေအတွက် ရဲတပ်ဖွဲ့ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ကလေးဟာ ဘိန်းဖြူမှုန့်တွေကို ဆရာတွေဆီပြပြီး ဒါကို စားခြင်းဖြင့် Spider-Man လို့ ပျံနိုင်တယ်လို့ ပြောပါသတဲ့။

ကလေးကို မိဘတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှင်းပြထားခဲ့ဖူးပုံပါဘဲ။ ဥပမာအားဖြင့် ကလေးက ဘိန်းဖြူသုံးနေတဲ့ဖခင်ကို ဘာလို့ သုံးတာလဲမေးတဲ့အခါ ဖခင်ဖြစ်သူက ပြီးပြီးရောသဘောနဲ့၊ Spider-Man ပျံနိုင်ဖို့ဆိုပြီး အကြောင်းပြချက်ပေးခဲ့ပုံပါပဲ။

ဒီအဖြစ်အပျက်ဟာ မက်ဆာချူးဆက်ပြည်နယ်၊ Holyoke က မူကြိုကျောင်းတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဆရာတွေဟာ ကလေးကို ဘိန်းဖြူတွေ သုံးထားပြီအထင်နဲ့ ဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ သို့ပေမယ့် ဆေးစစ်ချက်အဖြေမှာတော့ ကလေးဟာ ဘိန်းဖြူသုံးထားတဲ့ လက္ခဏာတွေ မတွေ့ရပါဘူးတဲ့။

ဖခင်နေထိုင်တဲ့ အိမ်ကို ရဲက ဝင်ရောက်စီးနင်းတဲ့အခါ ဘိန်းဖြူနဲ့ ဆေးခြောက်တွေ အမြောက်အများ သို့လှောင်ထားတာကို တွေ့ခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာ ဆေးမှိန်းက အိပ်ပျော်နေပြီး၊ တော်တော်လေးနှိုးယူမှ အိပ်ရာက နိုးတာပါ။ အဲဒီမှာ တစ်ခြားမွေးချင်း ကလေးတွေကိုလည်း ကယ်ဆယ်ထားပါတယ်။

နေသူရိန် D Nae Khit Media

အသက္(၅)ႏွစ္သာရွိေသးတဲ့ ေက်ာင္းသားေလးတစ္ေယာက္ဟာ ကေလးအေတြးနဲ႔ Spider-Man လုိ ေလေပၚပ်ံခ်င္လုိ႔ဆုိၿပီး၊ ဖခင္သုံးတဲ့ ဘိန္းျဖဴေတြကို ေက်ာင္းစာသင္ခန္းထဲ ယူေဆာင္လာခဲ့ပါတယ္။ ဒီအေၾကာင္းကို The Sun က ေဖာ္ျပထားတာပါ။

ကေလးရဲ႕ အျပစ္မဲ့တဲ့အေတြးနဲ႔ လုပ္ရပ္ေၾကာင့္ ဖခင္ျဖစ္သူဟာ ဘိန္းျဖဴ လက္ဝယ္ထားရွိမႈနဲ႔ သုံးစြဲမႈေတြအတြက္ ရဲတပ္ဖြဲ႔ဖမ္းဆီးတာကို ခံခဲ့ရပါတယ္။ ကေလးဟာ ဘိန္းျဖဴမႈန္႕ေတြကို ဆရာေတြဆီျပၿပီး ဒါကို စားျခင္းျဖင့္ Spider-Man လုိ႔ ပ်ံႏုိင္တယ္လုိ႔ ေျပာပါသတဲ့။

ကေလးကုိ မိဘေတြက ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ရွင္းျပထားခဲ့ဖူးပုံပါဘဲ။ ဥပမာအားျဖင့္ ကေလးက ဘိန္းျဖဴသုံးေနတဲ့ဖခင္ကုိ ဘာလုိ႔ သုံးတာလဲေမးတဲ့အခါ ဖခင္ျဖစ္သူက ၿပီးၿပီးေရာသေဘာနဲ႔၊ Spider-Man ပ်ံႏုိင္ဖုိ႔ဆုိၿပီး အေၾကာင္းျပခ်က္ေပးခဲ့ပုံပါပဲ။

ဒီအျဖစ္အပ်က္ဟာ မက္ဆာခ်ဴးဆက္ျပည္နယ္၊ Holyoke က မူႀကိဳေက်ာင္းတစ္ခုမွာ ျဖစ္ခဲ့တာပါ။ ဆရာေတြဟာ ကေလးကို ဘိန္းျဖဴေတြ သုံးထားၿပီအထင္နဲ႔ ေဆး႐ုံကို အျမန္ပုိ႔ေပးခဲ့ပါတယ္။ သုိ႔ေပမယ့္ ေဆးစစ္ခ်က္အေျဖမွာေတာ့ ကေလးဟာ ဘိန္းျဖဴသုံးထားတဲ့ လကၡဏာေတြ မေတြ႕ရပါဘူးတဲ့။

ဖခင္ေနထိုင္တဲ့ အိမ္ကုိ ရဲက ဝင္ေရာက္စီးနင္းတဲ့အခါ ဘိန္းျဖဴနဲ႔ ေဆးေျခာက္ေတြ အေျမာက္အမ်ား သုိ႔ေလွာင္ထားတာကို ေတြ႔ခဲ့ရပါတယ္။ ဖခင္ျဖစ္သူဟာ ေဆးမွိန္းက အိပ္ေပ်ာ္ေနၿပီး၊ ေတာ္ေတာ္ေလးႏႈိးယူမွ အိပ္ရာက ႏုိးတာပါ။ အဲဒီမွာ တစ္ျခားေမြးခ်င္း ကေလးေတြကိုလည္း ကယ္ဆယ္ထားပါတယ္။

ေနသူရိန္ D Nae Khit Media