နိုင်ငံတစ်ချို့မှာ ပြဋ္ဌာန်းထားတဲ့ အလွန်ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ဥပဒေအချို့

147

နိုင်ငံတစ်နိုင်ငံရယ်လို့ ပီပီပြင်ပြင် ရှိနေပြီဆိုရင် အဲဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဥပဒေတွေ အသီးသီးထုတ်ပြန်ရပါတယ်။ နိုင်ငံတစ်ချို့မှာပြဋ္ဌာန်းထားတဲ့ အလွန်ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ဥပဒေအချို့အကြောင်း အခု D Nae Khit က ဖော်ပြချင်ပါတယ်။

(၁) ဂျင်းအပြာမဝတ်ရ (မြောက်ကိုရီးယား)

မြောက်ကိုရီးယားလို အာဏာရှင်နိုင်ငံမှာ ဂျင်းအပြာ ဘာကြောင့် ဝတ်ခွင့်မပေးခဲ့တာလည်းဆိုတာ အထူးတဆန်းတော့ မဟုတ်ပါဘူး။ အထူးသဖြင့်တော့ မဟာရန်သူဖြစ်တဲ့ အမေရိကန်ရဲ့ အဓိကထုတ်ကုန်ဖြစ်လို့ ဝတ်ဆင်ခွင့် မပြုတာ ဖြစ်ပါတယ်။ သင့်ကို ဂျင်းအကျႌနဲ့တွေ့လို ဖမ်းသွားရင် အမှုကြီးနိုင်တယ်နော်။

(၂) ဘူတာမှာ မနမ်းရ (ပြင်သစ်)

ပြင်သစ်လို အရာရာ လွတ်လပ်တဲ့နိုင်ငံမှာ ဒီဥပဒေက လူရယ်စရာပါ။ ဒါပေမယ့် အကြောင်းပြချက် ခိုင်လုံစွာ ရှိပါတယ်။ တစ်ချို့ခရီးသည်တွေဟာ ချစ်ခင်ရင်းနီးသူတွေကို ပွေ့ဖက်နမ်းရှုပ်ရင်းနဲ့ ရထားထွက်ချိန်ကို အနှောက်အယှက် ပေးကြပါသတဲ့။ တစ်ခါတလေ နမ်းရင်းနဲ့ ဘူတာမှာ ကျန်ရစ်ခဲ့သူတွေက ပြဿနာ မကြာခဏရှာလို့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။ တကယ်တမ်းက ဒီဥပဒေဟာ (၁၉၁၀)ခုနှစ်ကတည်းက ရှိခဲ့တာပါ။

(၃) ပီကေဝါးခြင်း (စင်္ကာပူ)

 

ပီကေဝါးခြင်းဖြင့် ခံတွင်းအနံဆိုးခြင်းကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် စင်္ကာပူမှာတော့ ပီကေဝါးခြင်းကို ပိတ်ပင်ထားပါသတဲ့။ အကြောင်းကတော့ စည်းမဲ့ကမ်းမဲ့ ဟိုထွေးသည်ထွေး လုပ်မှာစိုးလို့ပါ။ ဝါးတဲ့သူတွေလည်း ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေကို ချိုးဖောက်ကြောင်း သံသယရှိရင် ဒေါ်လာ(၅၅၀၀) ဒဏ်ငွေနဲ့ ထောင်တစ်နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

(၄) မြင်းမြီးဆံပင်ပုံစံ (အီရန်)

Ponytail လို့ခေါ်တဲ့ မြင်းမြီးဆံပင်ပုံစံကို အီရန်မှာခွင့်မပြုပါဘူး။ ဆံပင်ကို နောက်ကနေ စည်းပြီး၊ မြင်းမြီးပုံစံ တွဲလောင်းချထားတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။ အဓိကကတော့ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပုံစံတွေဖြစ်နေလို့ ပိတ်ပင်ထားခြင်းပါ။ (၂၀၁၀)မှာ ဒီဥပဒေကို သီးသန့်ပြဋ္ဌာန်းခဲ့တာပါ။

(၅) Kinder Surprise (အမေရိကန်)

Kinder Surprise ဆိုတာ ထုတ်ကုန်တစ်မျိုးပါ။ ကြက်ဥလိုဖန်တီးထားတဲ့ ပလက်စတစ်ဥလေးထဲမှာ ချောကလက်ထည့်သွင်းပြီး ကလေးတွေကို အဓိကထားရောင်းချပါတယ်။ ဒါပေမယ့် (၂၀၁၁)ခုနှစ်မှာ ဒီစားသောက်ကုန်တွေဟာ ကလေးတွေကို ကျန်းမာရေးဆိုးရွားစေတယ်လို့ According to the Consumer Product Safety Commission က တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တင်သွင်း/ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ ကလေးစားစရာလေးတစ်ခုဆိုပြီး ပြစ်ဒဏ်သေးမယ်တော့ မထင်ပါနဲ့။ သင့်ဆီမှာ Kinder Surprise တစ်ခုတွေ့ရင် ဒေါ်လာ (၁၂၀၀)အထိ ချမှတ်မှာဖြစ်ပြီး၊ အကြိမ်ကြိမ် ကျူးလွန်တယ်ဆိုရင်တော့ ဒေါ်လာ (၁၂၀၀၀)အထိ ချမှတ်လို့ရပါသတဲ့။

(၆)ရွှေငါးမွေးမြူခြင်း (ရောမ-အီတလီ)

အထူးသဖြင့် အီတလီနိုင်ငံ၊ ရောမမြို့မှာ ရွှေငါးမွေးမြူမှုကို ခွင့်မပြုပါဘူး။ တိ/ညှဉ်း တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ကြိုးစားမှုကြောင့် မကြာသေးခင် နှစ်များကတည်းက အလှမွေးငါးတွေ မွေးမြူခွင့်မပြုတော့တာပါ။ ငါးကို လှောင်ကန်ထဲမှာထားပြီး မွေးမြူခြင်းဟာ တိရစ္ဆာန်ညှဉ်းပန်းနှိက်စက်ခြင်းဖြစ်တယ်လို့ ဥပဒေက လက်ခံခဲ့ပြီး၊ တားမြစ်ပိတ်ပင်ခဲ့တာပါ။

(၇) Winnie the Pooh (တရုတ်)

ကမ္ဘာကျော်ကားတွန်းဇာတ်ကားလေးဖြစ်တဲ့ Winnie the Pooh ကို အားလုံးနီးပါး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားကိုတော့ မျက်မှောက်ခေတ် တရုတ်ကလေးငယ်တွေ ကြည့်ခွင့်မရှိတော့ပါဘူး။ မကြာသေးခင်က အတိုက်ခံတွေ၊ အနောက်မီဒီယာတွေက တရုတ်သမ္မတ ရှီကျင်းဖျင်ကို Winnie the Pooh နဲ့ နောက်ပြောင်နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို ပိတ်ပင်ခဲ့တာပါ။

လင်းဇော်ကို D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ႏုိင္ငံတစ္ႏုိင္ငံရယ္လုိ႔ ပီပီျပင္ျပင္ ရွိေနၿပီဆုိရင္ အဲဒီႏုိင္ငံရဲ႕ တရားဥပေဒစုိးမုိးေရးနဲ႔၊ ၿငိမ္ဝပ္ပိျပားေရးအတြက္ ဥပေဒေတြ အသီးသီးထုတ္ျပန္ရပါတယ္။ ႏုိင္ငံတစ္ခ်ိဳ႕မွာျပ႒ာန္းထားတဲ့ အလြန္ထူးဆန္းၿပီး ရယ္စရာေကာင္းတဲ့ ဥပေဒအခ်ိဳ႕အေၾကာင္း အခု D Nae Khit က ေဖာ္ျပခ်င္ပါတယ္။

(၁) ဂ်င္းအျပာမဝတ္ရ (ေျမာက္ကုိရီးယား)

ေျမာက္ကုိရီးယားလုိ အာဏာရွင္ႏုိင္ငံမွာ ဂ်င္းအျပာ ဘာေၾကာင့္ ဝတ္ခြင့္မေပးခဲ့တာလည္းဆုိတာ အထူးတဆန္းေတာ့ မဟုတ္ပါဘူး။ အထူးသျဖင့္ေတာ့ မဟာရန္သူျဖစ္တဲ့ အေမရိကန္ရဲ႕ အဓိကထုတ္ကုန္ျဖစ္လုိ႔ ဝတ္ဆင္ခြင့္ မျပဳတာ ျဖစ္ပါတယ္။ သင့္ကို ဂ်င္းအက်ႌနဲ႔ေတြ႕လုိ ဖမ္းသြားရင္ အမႈႀကီးႏုိင္တယ္ေနာ္။

(၂) ဘူတာမွာ မနမ္းရ (ျပင္သစ္)

ျပင္သစ္လုိ အရာရာ လြတ္လပ္တဲ့နုိင္ငံမွာ ဒီဥပေဒက လူရယ္စရာပါ။ ဒါေပမယ့္ အေၾကာင္းျပခ်က္ ခုိင္လုံစြာ ရွိပါတယ္။ တစ္ခ်ိဳ႕ခရီးသည္ေတြဟာ ခ်စ္ခင္ရင္းနီးသူေတြကုိ ေပြ႔ဖက္နမ္း႐ႈပ္ရင္းနဲ႔ ရထားထြက္ခ်ိန္ကို အေႏွာက္အယွက္ ေပးၾကပါသတဲ့။ တစ္ခါတေလ နမ္းရင္းနဲ႔ ဘူတာမွာ က်န္ရစ္ခဲ့သူေတြက ျပႆနာ မၾကာခဏရွာလုိ႔ ဒီဥပေဒကို ျပ႒ာန္းလုိက္တာပါ။ တကယ္တမ္းက ဒီဥပေဒဟာ (၁၉၁၀)ခုနွစ္ကတည္းက ရွိခဲ့တာပါ။

(၃) ပီေကဝါးျခင္း (စကၤာပူ)

ပီေကဝါးျခင္းျဖင့္ ခံတြင္းအနံဆုိးျခင္းကို ကာကြယ္ၾကပါတယ္။ ဒါေပမယ့္ စကၤာပူမွာေတာ့ ပီေကဝါးျခင္းကို ပိတ္ပင္ထားပါသတဲ့။ အေၾကာင္းကေတာ့ စည္းမဲ့ကမ္းမဲ့ ဟုိေထြးသည္ေထြး လုပ္မွာစုိးလုိ႔ပါ။ ဝါးတဲ့သူေတြလည္း ရွိေတာ့ ရွိပါတယ္။ ဒါေပမယ့္ ဒီဥပေဒကုိ ခ်ိဳးေဖာက္ရင္ အမ်ားဆုံး ေဒၚလာ(၅၅၀၀) ဒဏ္ေငြနဲ႔ ေထာင္တစ္ႏွစ္အထိ ခ်မွတ္ခံရႏုိင္ပါတယ္။

(၄) ျမင္းၿမီးဆံပင္ပုံစံ (အီရန္)

Ponytail လုိ႔ေခၚတဲ့ ျမင္းၿမီးဆံပင္ပုံစံကို အီရန္မွာခြင့္မျပဳပါဘူး။ ဆံပင္ကို ေနာက္ကေန စည္းၿပီး၊ ျမင္းၿမီးပုံစံ တြဲေလာင္းခ်ထားတဲ့ ဆံပင္ပုံစံျဖစ္ပါတယ္။ အဓိကကေတာ့ အေနာက္ႏုိင္ငံေတြရဲ႕ ယဥ္ေက်းမႈပုံစံေတြျဖစ္ေနလုိ႔ ပိတ္ပင္ထားျခင္းပါ။ (၂၀၁၀)မွာ ဒီဥပေဒကုိ သီးသန္႔ျပ႒ာန္းခဲ့တာပါ။

(၅) Kinder Surprise (အေမရိကန္)

Kinder Surprise ဆုိတာ ထုတ္ကုန္တစ္မ်ိဳးပါ။ ၾကက္ဥလုိဖန္တီးထားတဲ့ ပလက္စတစ္ဥေလးထဲမွာ ေခ်ာကလက္ထည့္သြင္းၿပီး ကေလးေတြကို အဓိကထားေရာင္းခ်ပါတယ္။ ဒါေပမယ့္ (၂၀၁၁)ခုႏွစ္မွာ ဒီစားေသာက္ကုန္ေတြဟာ ကေလးေတြကို က်န္းမာေရးဆုိးရြားေစတယ္လုိ႔ According to the Consumer Product Safety Commission က ေတြ႕ရွိခဲ့ပါတယ္။

ဒါေၾကာင့္ တင္သြင္း/ေရာင္းခ်ခြင့္ ပိတ္ပင္လုိက္ပါတယ္။ ကေလးစားစရာေလးတစ္ခုဆုိၿပီး ျပစ္ဒဏ္ေသးမယ္ေတာ့ မထင္ပါနဲ႔။ သင့္ဆီမွာ Kinder Surprise တစ္ခုေတြ႕ရင္ ေဒၚလာ (၁၂၀၀)အထိ ခ်မွတ္မွာျဖစ္ၿပီး၊ အႀကိမ္ႀကိမ္ က်ဴးလြန္တယ္ဆုိရင္ေတာ့ ေဒၚလာ (၁၂၀၀၀)အထိ ခ်မွတ္လုိ႔ရပါသတဲ့။

(၆) ေရႊငါးေမြးျမဴျခင္း (ေရာမ-အီတလီ)

အထူးသျဖင့္ အီတလီႏုိင္ငံ၊ ေရာမၿမိဳ႕မွာ ေရႊငါးေမြးျမဴမႈကုိ ခြင့္မျပဳပါဘူး။ တိ/ညႇဥ္း တုိက္ဖ်က္ေရးအဖြဲ႕ေတြရဲ႕ ႀကိဳးစားမႈေၾကာင့္ မၾကာေသးခင္ ႏွစ္မ်ားကတည္းက အလွေမြးငါးေတြ ေမြးျမဴခြင့္မျပဳေတာ့တာပါ။ ငါးကို ေလွာင္ကန္ထဲမွာထားၿပီး ေမြးျမဴျခင္းဟာ တိရစာၦန္ညႇဥ္းပန္းႏွိက္စက္ျခင္းျဖစ္တယ္လုိ႔ ဥပေဒက လက္ခံခဲ့ၿပီး၊ တားျမစ္ပိတ္ပင္ခဲ့တာပါ။

(၇) Winnie the Pooh (တ႐ုတ္)

ကမာၻေက်ာ္ကားတြန္းဇာတ္ကားေလးျဖစ္တဲ့ Winnie the Pooh ကုိ အားလုံးနီးပါး ၾကည့္ဖူးၾကမယ္ထင္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ မ်က္ေမွာက္ေခတ္ တ႐ုတ္ကေလးငယ္ေတြ ၾကည့္ခြင့္မရွိေတာ့ပါဘူး။ မၾကာေသးခင္က အတုိက္ခံေတြ၊ အေနာက္မီဒီယာေတြက တ႐ုတ္သမၼတ ရွီက်င္းဖ်င္ကုိ Winnie the Pooh နဲ႔ ေနာက္ေျပာင္ႏႈိင္းယွဥ္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အခုလုိ ပိတ္ပင္ခဲ့တာပါ။

လင္းေဇာ္ကို  D Nae Khit Media