လေပေါ်ဝဲ ဖနောင့်ချိတ်ကန်ချက်နဲ့ ပြိုင်ဘက်ကို အမြန်ပွဲသိမ်းလိုက်တဲ့ MMA ဖိုက်တာ

190

လူငယ်ထုကြားမှာ အလွန်ရေပန်းစားနေတဲ့ MMA ပြိုင်ပွဲတွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စီးဆင်းနေဆဲပါဘဲ။ ဘက်ဆုံသုံး ကိုယ်ခံပညာကို ကျွမ်းကျင်စွာအသုံးပြုယှဉ်ပြိုင်ရတဲ့ ပွဲတွေဖြစ်တာကြောင့် ပြိုင်ဘက်တစ်ဦးရဲ့အားနည်းချက်ဟာ ပွဲချိန်တိုတိုလေးအတွင်းမှာ အဖြေဖြစ်သွားစေနိုင်ပါတယ်။

ဒီလိုပဲ တစ်ခါတလေကျတော့လည်း ပညာတူ လက်ရည်တူဖြစ်နေလို့ အလဲမထိုးနိုင်ကြဘဲ အမှတ်နဲ့ဆုံးဖြတ်ရတဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့ပွဲတွေဆို မြန်လွန်းလို့ ပထမအချီစလို့ စက္ကန့်ပိုင်းအတွင်းမှာတောင် ပြိုင်ဘက်ကို အလဲမှောက်သိပ်နိုင်စွမ်း ရှိကြပါတယ်။

အခု ဖော်ပြမယ့် MMA ပွဲကတော့ သုံးချီမြောက်မှာ အလဲထိုးအနိုင်ယူခဲ့တဲ့ ဖြစ်စဉ်ပါ။ အနိုင်ရရှိခဲ့တဲ့ MMA ဖိုက်တာဟာ နောက်ပြန်ဖနောင့်ချိတ် ကန်ချက်နဲ့ ပြိုင်ဘက်ကို အလဲသိပ်နိုင်ခဲ့တာပါ။ သူရဲ့တိုက်ကွက်ဟာ လှပလွန်းလို့ သတင်းမီဒီယာတွေကြောင့် လူသိများလာခဲ့ပါတယ်။

အရှုံးပေးခဲ့ရသူကတော့ နယ်နယ်ရရ မဟုတ်ပါဘူး။ Ross Pearson အမည်ရတဲ့ ဗြိတိန် MMA သမားတစ်ဦးဖြစ်ပြီး၊ ယခင်က အမေရိကန်ဖိုက်တာ Desmond Green ကို ရှုံးနိမ့်လို့၊ အနားယူမယ်ဆိုပြီး ကြေခဲ့သူပါ။ Ross ဟာ သူအရွယ်လေးကောင်းတုန်းက TUF  မှာလည်း ဗိုလ်စွဲဖူးပါတယ်။

အခုပွဲအနိုင်ရသူကတော့ Davy Gallon ဖြစ်ပြီး၊ သူကတော့ ပြင်သစ်ဖိုက်တာတစ်ယောက်ပါ။ သူရဲ့ Rolling Thunder လို့ခေါ်တဲ့ နောက်ပြန်ဖနောင့်ချိတ်ကန်ချက်က Ross ရဲ့ ချက်ကောင်းကို ထိသွားခဲ့ပြီး သုံးချီမြောက်မှာ အနိုင်ရသွားခဲ့တာပါ။ ဒီပွဲကို လန်ဒန်မှာကျင်းပခဲ့တာပါ။

နေသူရိန်  D Nae Khit Media

လူငယ္ထုၾကားမွာ အလြန္ေရပန္းစားေနတဲ့ MMA ၿပိဳင္ပြဲေတြဟာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ စီးဆင္းေနဆဲပါဘဲ။ ဘက္ဆုံသုံး ကုိယ္ခံပညာကုိ ကၽြမ္းက်င္စြာအသုံးျပဳယွဥ္ၿပိဳင္ရတဲ့ ပြဲေတြျဖစ္တာေၾကာင့္ ၿပိဳင္ဘက္တစ္ဦးရဲ႕အားနည္းခ်က္ဟာ ပြဲခ်ိန္တုိတုိေလးအတြင္းမွာ အေျဖျဖစ္သြားေစႏုိင္ပါတယ္။

ဒီလုိပဲ တစ္ခါတေလက်ေတာ့လည္း ပညာတူ လက္ရည္တူျဖစ္ေနလုိ႔ အလဲမထိုးႏုိင္ၾကဘဲ အမွတ္နဲ႔ဆုံးျဖတ္ရတဲ့ ပြဲေတြလည္း ရွိခဲ့ပါတယ္။ တစ္ခ်ိဳ႕ပြဲေတြဆုိ ျမန္လြန္းလုိ႔ ပထမအခ်ီစလုိ႔ စကၠန္႔ပုိင္းအတြင္းမွာေတာင္ ၿပိဳင္ဘက္ကို အလဲေမွာက္သိပ္ႏုိင္စြမ္း ရွိၾကပါတယ္။

အခု ေဖာ္ျပမယ့္ MMA ပြဲကေတာ့ သုံးခ်ီေျမာက္မွာ အလဲထုိးအႏုိင္ယူခဲ့တဲ့ ျဖစ္စဥ္ပါ။ အႏုိင္ရရွိခဲ့တဲ့ MMA ဖုိက္တာဟာ ေနာက္ျပန္ဖေနာင့္ခ်ိတ္ ကန္ခ်က္နဲ႔ ၿပိဳင္ဘက္ကို အလဲသိပ္ႏုိင္ခဲ့တာပါ။ သူရဲ႕တုိက္ကြက္ဟာ လွပလြန္းလုိ႔ သတင္းမီဒီယာေတြေၾကာင့္ လူသိမ်ားလာခဲ့ပါတယ္။

အ႐ႈံးေပးခဲ့ရသူကေတာ့ နယ္နယ္ရရ မဟုတ္ပါဘူး။ Ross Pearson အမည္ရတဲ့ ၿဗိတိန္ MMA သမားတစ္ဦးျဖစ္ၿပီး၊ ယခင္က အေမရိကန္ဖုိက္တာ Desmond Green ကို ႐ႈံးနိမ့္လုိ႔၊ အနားယူမယ္ဆုိၿပီး ေၾကခဲ့သူပါ။ Ross ဟာ သူအရြယ္ေလးေကာင္းတုန္းက TUF  မွာလည္း ဗုိလ္စြဲဖူးပါတယ္။

အခုပြဲအႏုိင္ရသူကေတာ့ Davy Gallon ျဖစ္ၿပီး၊ သူကေတာ့ ျပင္သစ္ဖုိက္တာတစ္ေယာက္ပါ။ သူရဲ႕ Rolling Thunder လုိ႔ေခၚတဲ့ ေနာက္ျပန္ဖေနာင့္ခ်ိတ္ကန္ခ်က္က Ross ရဲ႕ ခ်က္ေကာင္းကို ထိသြားခဲ့ၿပီး သုံးခ်ီေျမာက္မွာ အႏုိင္ရသြားခဲ့တာပါ။ ဒီပြဲကုိ လန္ဒန္မွာက်င္းပခဲ့တာပါ။

ေနသူရိန္  D Nae Khit Media