နေ့စဉ်ဆေးခြောက်ရှုနေရုံနဲ့ အဲဒီဝန်ထမ်းကို တစ်နှစ်သိန်း(၅၀၀)အထိပေးမယ့် ကုမ္ပဏီ

387

ကုမ္ပဏီတစ်ခုကတော့ နေ့စဉ် ဆေးခြောက်ရှုနေရုံနဲ့ တစ်နှစ်ကို မြန်မာငွေ သိန်း(၅၀၀)ကျော် တန်ဖိုးရှိတဲ့ ဗြိတိန်ပေါင် (၂၈၀၀၀)အထိ ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ ဗြိတိန်ပေါင်ဟာ လက်ရှိငွေပေါက်စျေးနဲ့ဆိုရင် (၅၄၆၉၂၉၆၄)ကျပ်နဲ့ ညီမျှပါတယ်။ ဒီအကြောင်းကို The Sun မှာ ဖော်ပြခဲ့တာပါ။

အဲဒီအလုပ်ကို ကမ်းလှမ်းခဲ့တဲ့ ကုမ္ပဏီဟာ ကုမ္ပဏီဆိုတာထက် ဝက်ဘ်ဆိုဒ်တစ်ခုက ကမ်းလှမ်းခဲ့တာပါ။ ဆေးခြောက်နဲ့ပတ်သက်တဲ့ Review တွေ ရေးသားဖြန့်ဝေဖို့ ရည်ရွယ်ပါတယ်။ အခုအချိန်ထိတော့ ဆေးခြောက်ကို စမ်းသပ်ရှူပေးမယ့်သူ မရသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဆေးခြောက်ရှူတတ်ရုံနဲ့တော့ အလုပ်ခန့်သွားမှာ မဟုတ်ပါဘူး။ ဆေးခြောက်အမျိုးအစားအပေါ် မူတည်ပြီး ဘယ်ဟာက ဘယ်လိုအရသာရှိတယ်၊ ဘယ်လို ရီဝေစေတယ်။ ဘယ်လိုကောင်းတယ်။ အားနည်းချက်က ဘာလဲဆိုတာကို ဂဃနဏတော့ ပြောနိုင်ရမှာပါ။

မြည်းစမ်းရမယ့် အမျိုးအစားတွေကတော့ ဆေးခြောက်အပြင်၊ ဆေးခြောက်အဆီစတဲ့ ဆေးခြောက်နဲ့ ဆက်စပ်ထုတ်ကုန်တွေကို မြည်းစမ်းပေးရမှာပါ။ အလုပ်ခေါ်ယူထားတဲ့ ဝက်ဘ်ဆိုဒ်ကတော့ AmericanMarijuana.org ဖြစ်ပြီး၊ သူတိုရဲ့အလုပ်ခေါ်စာကိုလည်း SS နဲ့ ဖော်ပြထားပါတယ်။

အမေရိကန်အခြေစိုက် ဝက်ဘ်ဆိုဒ်ဖြစ်ပြီး၊ အလုပ်ခန့်အပ်ခံရသူအနေနဲ့ တစ်နှစ်ကို အေးအေးဆေးဆေး (၃၆၀၀၀)အထိ ရှိသွားမယ့်သဘောဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်က အခုဆိုရင် ဆေးခြောက် ကျယ်ကျယ်ပြန့်ပြန့် ရောင်းနိုင်ဖို့ ဆေးခြောက်အလွန်ကြိုက်တဲ့ Snoop Dogg လို့ ဆယ်လီတွေနဲ့ ကြော်ငြာဖို့ ရှိနေပါတယ်။

လင်းဇော်ကို D Nae Khit Media

ကုမၸဏီတစ္ခုကေတာ့ ေန႔စဥ္ ေဆးေျခာက္႐ႈေန႐ုံနဲ႔ တစ္ႏွစ္ကို ျမန္မာေငြ သိန္း(၅၀၀)ေက်ာ္ တန္ဖုိးရွိတဲ့ ၿဗိတိန္ေပါင္ (၂၈၀၀၀)အထိ ေပးသြားမယ္လုိ႔ သိရပါတယ္။ အဆုိပါ ၿဗိတိန္ေပါင္ဟာ လက္ရွိေငြေပါက္ေစ်းနဲ႔ဆုိရင္ (၅၄၆၉၂၉၆၄)က်ပ္နဲ႔ ညီမွ်ပါတယ္။ ဒီအေၾကာင္းကို The Sun မွာ ေဖာ္ျပခဲ့တာပါ။

အဲဒီအလုပ္ကို ကမ္းလွမ္းခဲ့တဲ့ ကုမၸဏီဟာ ကုမၸဏီဆုိတာထက္ ဝက္ဘ္ဆုိဒ္တစ္ခုက ကမ္းလွမ္းခဲ့တာပါ။ ေဆးေျခာက္နဲ႔ပတ္သက္တဲ့ Review ေတြ ေရးသားျဖန္႔ေဝဖုိ႔ ရည္ရြယ္ပါတယ္။ အခုအခ်ိန္ထိေတာ့ ေဆးေျခာက္ကုိ စမ္းသပ္႐ွဴေပးမယ့္သူ မရေသးဘူးလုိ႔ သိရပါတယ္။

ဒါေပမယ့္ ေဆးေျခာက္႐ွဴတတ္႐ုံနဲ႔ေတာ့ အလုပ္ခန္႔သြားမွာ မဟုတ္ပါဘူး။ ေဆးေျခာက္အမ်ိဳးအစားအေပၚ မူတည္ၿပီး ဘယ္ဟာက ဘယ္လုိအရသာရွိတယ္၊ ဘယ္လုိ ရီေဝေစတယ္။ ဘယ္လုိေကာင္းတယ္။ အားနည္းခ်က္က ဘာလဲဆုိတာကို ဂဃနဏေတာ့ ေျပာႏုိင္ရမွာပါ။

ျမည္းစမ္းရမယ့္ အမ်ိဳးအစားေတြကေတာ့ ေဆးေျခာက္အျပင္၊ ေဆးေျခာက္အဆီစတဲ့ ေဆးေျခာက္နဲ႔ ဆက္စပ္ထုတ္ကုန္ေတြကို ျမည္းစမ္းေပးရမွာပါ။ အလုပ္ေခၚယူထားတဲ့ ဝက္ဘ္ဆုိဒ္ကေတာ့ AmericanMarijuana.org ျဖစ္ၿပီး၊ သူတုိရဲ႕အလုပ္ေခၚစာကိုလည္း SS နဲ႔ ေဖာ္ျပထားပါတယ္။

အေမရိကန္အေျခစုိက္ ဝက္ဘ္ဆုိဒ္ျဖစ္ၿပီး၊ အလုပ္ခန္႔အပ္ခံရသူအေနနဲ႔ တစ္ႏွစ္ကုိ ေအးေအးေဆးေဆး (၃၆၀၀၀)အထိ ရွိသြားမယ့္သေဘာျဖစ္ပါတယ္။ အဲဒီဝက္ဘ္ဆုိဒ္က အခုဆုိရင္ ေဆးေျခာက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေရာင္းႏုိင္ဖုိ႔ ေဆးေျခာက္အလြန္ႀကိဳက္တဲ့ Snoop Dogg လုိ႔ ဆယ္လီေတြနဲ႔ ေၾကာ္ျငာဖုိ႔ ရွိေနပါတယ္။

လင္းေဇာ္ကုိ D Nae Khit Media