ဒေါ်လာ ၃၀၀ တန်ဆိုင်ကယ်အတွက် မိဘနှင့်ဦးလေး အရိုးစုများ တူးဖော်ခဲ့သူ ဖမ်းဆီးခံရ

93

ဆိုင်ကယ်တစီးနဲ့လဲလှယ်ဖို့ မိဘနှစ်ပါးနဲ့ဦးလေးရဲ့အုတ်ဂူကို တူးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံက အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့ Iadbible သတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်ဟာ မြင်တွေ့နေကျ မှုခင်းတွေနဲ့မတူ ကွဲပြားခြားနားနေပြီး ဒီလိုမျိုး မိဘရဲ့အုတ်ဂူကိုတောင် ဆိုင်ကယ်နဲ့လဲဖို့ ကြိုးစားမှုနောက်ကွယ်မှာ ပိုမိုဆိုးရွားတဲ့ အကြောင်းအရာတွေ ရှိနေတယ်လို့လည်း သတင်းက ဆိုပါတယ်။

ဒီလိုပြစ်မှုကို ကျူးလွန်သူဟာ မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်း နမ်ပူလာပြည်နယ်ကဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့က မသင်္ကာလို့ ဖမ်းမိချိန်မှာ သူဟာ ဆိုင်ကယ်တစီးနဲ့လဲလှယ်ဖို့ မိဘနှစ်ပါးနဲ့ ဦးလေးဖြစ်သူရဲ့ အုတ်ဂူတွေကို တူးဖော်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

တရားခံရဲ့ ဝန်ခံချက်အရ နမ်ပူလာပြည်နယ် လာလာအူမြို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးက သူ့ကို အခုလိုမျိုး အလဲအလှယ်လုပ်ဖို့ စေခိုင်းခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းရှင်းရဲ့ ပြောစကားအရ ရောဂါဖြစ်ပွားခြင်းမရှိဘဲ သေဆုံးသွားတဲ့ လူတွေရဲ့ အရိုးစုတွေကို သူ့အနေနဲ့ ရှာဖွေပေးနိုင်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ ဒေါ်လာ ၃၀၀ တန် ဆိုင်ကယ်တစီးကို ပြန်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီအမျိုးသားဟာ သူ့အဖေ၊ အမေနဲ့ ဦးလေးဖြစ်သူတို့ရဲ့ အုတ်ဂူ‌တွေကို တူးဖော်ပြီး အရိုးစုတွေကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအရိုးစုတွေကို တူးဖော်ယူဆောင်လာချိန်မှာတော့ အဲဒီလုပ်ငန်းရှင်ကို မတွေ့ရတော့ဘဲ နောက်ဆုံးမှာ အဖမ်းခံခဲ့ရတာလို့ သူက ထွက်ဆိုပါတယ်။

လူအရိုးစုတွေကို ဒေါ်လာ ၃၀၀ တန် ဆိုင်ကယ်တစီးနဲ့ လဲလှယ်ယူတယ်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်တခု မဟုတ်ဘဲ ဒီလိုမျိုး ရောဂါမဖြစ်ပွားဘဲ သေဆုံးသွားခဲ့သူတွေရဲ့ အရိုးစုတွေကို ပစ်မှတ်ထား တူးဖော်ခိုင်းရခြင်းရဲ့ နောက်ကွယ်မှာ အောက်လမ်းနည်းနဲ့ စီမံမှုအတွက် အသုံးပြုဖို့ ရည်ရွယ်ချက်တခုခု ရှိနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

 This news is published with the permission of DVB .

ဆိုင္ကယ္တစီးနဲ႔လဲလွယ္ဖို႔ မိဘႏွစ္ပါးနဲ႔ဦးေလးရဲ႕အုတ္ဂူကို တူးခဲ့တဲ့ မိုဇမ္ဘစ္ႏိုင္ငံက အမ်ိဳးသားတဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တယ္လို႔ ႏိုဝင္ဘာ ၁၆ ရက္ေန႔ Iadbible သတင္းမွာ ေဖာ္ျပပါတယ္။

ဒီျဖစ္စဥ္ဟာ ျမင္ေတြ႕ေနက် မႈခင္းေတြနဲ႔မတူ ကြဲျပားျခားနားေနၿပီး ဒီလိုမ်ိဳး မိဘရဲ႕အုတ္ဂူကိုေတာင္ ဆိုင္ကယ္နဲ႔လဲဖို႔ ႀကိဳးစားမႈေနာက္ကြယ္မွာ ပိုမိုဆိုး႐ြားတဲ့ အေၾကာင္းအရာေတြ ရွိေနတယ္လို႔လည္း သတင္းက ဆိုပါတယ္။

ဒီလိုျပစ္မႈကို က်ဴးလြန္သူဟာ မိုဇမ္ဘစ္ႏိုင္ငံေျမာက္ပိုင္း နမ္ပူလာျပည္နယ္ကျဖစ္ၿပီး သူ႔ကို ရဲတပ္ဖြဲ႕က မသကၤာလို႔ ဖမ္းမိခ်ိန္မွာ သူဟာ ဆိုင္ကယ္တစီးနဲ႔လဲလွယ္ဖို႔ မိဘႏွစ္ပါးနဲ႔ ဦးေလးျဖစ္သူရဲ႕ အုတ္ဂူေတြကို တူးေဖာ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

တရားခံရဲ႕ ဝန္ခံခ်က္အရ နမ္ပူလာျပည္နယ္ လာလာအူၿမိဳ႕မွာရွိတဲ့ စီးပြားေရး လုပ္ငန္းရွင္တဦးက သူ႔ကို အခုလိုမ်ိဳး အလဲအလွယ္လုပ္ဖို႔ ေစခိုင္းခဲ့တာျဖစ္ၿပီး ဒီလုပ္ငန္းရွင္းရဲ႕ ေျပာစကားအရ ေရာဂါျဖစ္ပြားျခင္းမရွိဘဲ ေသဆုံးသြားတဲ့ လူေတြရဲ႕ အ႐ိုးစုေတြကို သူ႔အေနနဲ႔ ရွာေဖြေပးႏိုင္မယ္ဆိုရင္ အျပန္အလွန္အေနနဲ႔ ေဒၚလာ ၃၀၀ တန္ ဆိုင္ကယ္တစီးကို ျပန္ေပးမယ္လို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဒီအမ်ိဳးသားဟာ သူ႔အေဖ၊ အေမနဲ႔ ဦးေလးျဖစ္သူတို႔ရဲ႕ အုတ္ဂူ‌ေတြကို တူးေဖာ္ၿပီး အ႐ိုးစုေတြကို ယူေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီအ႐ိုးစုေတြကို တူးေဖာ္ယူေဆာင္လာခ်ိန္မွာေတာ့ အဲဒီလုပ္ငန္းရွင္ကို မေတြ႕ရေတာ့ဘဲ ေနာက္ဆုံးမွာ အဖမ္းခံခဲ့ရတာလို႔ သူက ထြက္ဆိုပါတယ္။

လူအ႐ိုးစုေတြကို ေဒၚလာ ၃၀၀ တန္ ဆိုင္ကယ္တစီးနဲ႔ လဲလွယ္ယူတယ္ဆိုတာ လုံေလာက္တဲ့ အေၾကာင္းျပခ်က္တခု မဟုတ္ဘဲ ဒီလိုမ်ိဳး ေရာဂါမျဖစ္ပြားဘဲ ေသဆုံးသြားခဲ့သူေတြရဲ႕ အ႐ိုးစုေတြကို ပစ္မွတ္ထား တူးေဖာ္ခိုင္းရျခင္းရဲ႕ ေနာက္ကြယ္မွာ ေအာက္လမ္းနည္းနဲ႔ စီမံမႈအတြက္ အသုံးျပဳဖို႔ ရည္႐ြယ္ခ်က္တခုခု ရွိႏိုင္တယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

 This news is published with the permission of DVB .