အေအေအဖွဲ့ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

96

အမျိုးသားလွှတ်တော် ဦးဝှေ့တင်းကို အေအေအဖွဲ့က ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အောင်‌မြေသာဇံမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ပြီး ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃ နဲ့ အတည်ပြုလိုက်ပါတယ်။

မဲပေးခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၇၆ ယောက်ရှိတဲ့အနက် စုစုပေါင်း ပေးတဲ့မဲက ၃၈၆ မဲပဲရှိတာကြောင့် ကိုယ်စားလှယ်ပေါင်းအယောက် ၁၉၀ ဟာ မဲမပေးဘဲ နေခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီအဆိုကိုထောက်ခံမဲများတဲ့အတွက် အေအေအဖွဲ့အနေနဲ့ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့အတူ ပြည်သူလူထု ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်တာကြောင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက် ရှု့ချ ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင်ဦးဝှေ့တင်းနဲ့အတူ ဖမ်းဆီးထားတဲ့ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို အန္တရာယ် ကင်းရှင်းစွာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့လည်း ပြည်ထောင်စု လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ လာနေတုန်း အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

သူနဲ့အတူ အိန္ဒိယနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ ၄ ယောက်တို့ ဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းက လွဲလို့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲက အိန္ဒိယနိုင်ငံသားတယောက်ကတော့ ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ တခြားအရပ်သားတွေကို ဖမ်းဆီးထားတာ မရှိတော့ဘဲ ဦးဝှေ့တင်းတယောက်ပဲ ကျန်တော့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

 This news is published with the permission of DVB .

အမ်ိဳးသားလႊတ္ေတာ္ ဦးေဝွ႔တင္းကို ေအေအအဖြဲ႕က ဖမ္းဆီးခဲ့တာနဲ႔ပတ္သက္ၿပီး ေအာင္‌ေျမသာဇံမဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုး တင္သြင္းတဲ့ အေရးႀကီးအဆိုကို ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၈ ဦးက ေဆြးေႏြးခဲ့ၿပီး ေထာက္ခံမဲ ၃၇၆ မဲ၊ ကန႔္ကြက္မဲ ၇ မဲ၊ ၾကားေနမဲ ၃ နဲ႔ အတည္ျပဳလိုက္ပါတယ္။

မဲေပးခြင့္ရွိသူ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၅၇၆ ေယာက္ရွိတဲ့အနက္ စုစုေပါင္း ေပးတဲ့မဲက ၃၈၆ မဲပဲရွိတာေၾကာင့္ ကိုယ္စားလွယ္ေပါင္းအေယာက္ ၁၉၀ ဟာ မဲမေပးဘဲ ေနခဲ့တာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ ဒီအဆိုကိုေထာက္ခံမဲမ်ားတဲ့အတြက္ ေအေအအဖြဲ႕အေနနဲ႔ ႏိုင္ငံေတာ္က ေဆာင္႐ြက္ေနတဲ့ အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈနဲ႔အတူ ျပည္သူလူထု ကိုယ္စားျပဳမႈအေပၚ တိုက္႐ိုက္ဆန႔္က်င္ အၾကမ္းဖက္တာေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပင္းထန္စြာ ကန႔္ကြက္ ရႈ႕ခ် ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ဦးေဝွ႔တင္းနဲ႔အတူ ဖမ္းဆီးထားတဲ့ ဝန္ထမ္းေတြနဲ႔ အရပ္သားေတြကို အႏၲရာယ္ ကင္းရွင္းစြာ ခြၽင္းခ်က္မရွိ အျမန္ဆုံးျပန္လည္လႊတ္ေပးဖို႔လည္း ျပည္ေထာင္စု လႊတ္ေတာ္က ေတာင္းဆိုခဲ့ပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္က အန္အယ္လ္ဒီပါတီကိုယ္စားျပဳ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ ႏိုဝင္ဘာ ၁ ရက္က ပလက္ဝၿမိဳ႕နယ္ကေန ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ကို ေမာ္ေတာ္ဘုတ္နဲ႔ လာေနတုန္း ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးတာကို ခံလိုက္ရတာပါ။

သူနဲ႔အတူ အိႏၵိယႏိုင္ငံသား ၅ ေယာက္နဲ႔ ျမန္မာ ၄ ေယာက္တို႔ ဖမ္းခံခဲ့ရၿပီး ႏိုဝင္ဘာ ၄ ရက္ေန႔မွာ ဦးေဝွ႔တင္းက လြဲလို႔ က်န္တဲ့သူေတြကို ျပန္လႊတ္ေပးခဲ့ပါတယ္။ အဲဒီထဲက အိႏၵိယႏိုင္ငံသားတေယာက္ကေတာ့ ေရာဂါေၾကာင့္ ေသဆုံးခဲ့ပါတယ္။ လက္ရွိမွာေတာ့ တျခားအရပ္သားေတြကို ဖမ္းဆီးထားတာ မရွိေတာ့ဘဲ ဦးေဝွ႔တင္းတေယာက္ပဲ က်န္ေတာ့တယ္လို႔ ေအေအက ထုတ္ျပန္ထားပါတယ္။

 This news is published with the permission of DVB .