မိခင်တားနေတဲ့ကြားက ဖခင်မှ သမီးအား……အကြိမ်ကြိမ် ပြုကျင့်မှု

280

ေမွာ္ဘီၿမိဳ့နယ္ ၌ သမီး ျဖစ္သူ အား သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့သည့္ ဖခင္အား နိုဝင္ဘာ ၁၆ ရက္‌ေနက အမွုဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခရိုင္၊ ေမွာ္ဘီၿမိဳ့နယ္ သေႏၶပင္ေက်းရြာေတာင္ပိုင္ ေနထိုင္သည့္ တရားလို မွာ လြန္ခဲ့ေသာ ၂၃ ႏွစ္ခန႔္မွ အိမ္ေထာင္က်ခဲ့ၿပီး သား ၂ဦး သမီး ၂ဦး ေမြးဖြားခဲ့၍

သမီးအႀကီးမွာ အိမ္ေထာင္က်သြားခဲ့ၿပီး သားအလတ္မွာလည္း သဃ္န္းကၽြန္းၿမိဳ့နယ္တြင္ အလုပ္လုပ္ေန၍ ေနအိမ္တြင္ သမီးအလတ္ ႏွင့္ အငယ္ဆုံးသားေလး ပါ ၎တိုလင္မယား ႏွစ္ဦး ေပါင္း မိသားစု ေလးဦးသာ ေနထိုင္ခဲ့ေၾကာင္း

၎တို့လင္မယား ႏွင့္အတူ အငယ္ဆုံးသားေလးမွာ အိမ္ေရွဘက္တြင္ ျခင္ေထာင္တစ္လုံးျဖင့္ အတူအိပ္ေၾကာင္း ေဘးနားကပ္လၽွက္တြင္ သမီးလတ္မွာ ျခင္ေထာင္ တစ္လုံးျဖင့္ အိပ္ခဲ့ေၾကာင္း လြန္ခဲ့သည့္ ၃လ ေက်ာ္ခန႔္ ေအာက္တိုဘာလအတြင္း ည ၁၂ နာရီေက်ာ္ခန႔္တြင္ ၎ႏွင့္အတူအိပ္ေနသည့္ ခင္ပြန္း ကိုေက်ာ္လြင္ မွာ

သမီးအလတ္ ၏ ျခင္ေထာင္အတြင္ဝင္သြား ကာ သမီးျဖစ္သူအား သားမယား ျပဳက်င့္ေန သျဖင့္ မိခင္မွ ကိုယ့္သမီးအရင္းအား ယခုကဲ့သို့ မျပဳလုပ္ရန္ ေျပာခဲ့ေသာ္လည္း ခင္ပြန္းမွ နားမေထာင္ဘဲ ၂ ရက္ျခား ၃ ရက္ျခား ဆိုသလို သမီးျဖစ္သူ ျခင္ေထာင္ထဲဝင္ကာ သားမယားအျဖစ္ အလိုမတူဘဲ ဆက္ဆံေနခဲ့ေၾကာင္း

တရားလို တို့သားအမိအား ၎ကိစၥႏွင့္ပတ္သက္၍ မည္သူမၽွ မေျပာဆိုရန္ ႏွင့္ ေျပာဆိုပါက ၂ ေယာက္လုံးကို သတ္ပစ္မည္ ဟု ႀကိမ္းေမာင္းထား ၍ မည္သူကိုမွ မေျပာဘဲ ေနထိုင္လာခဲ့ရာ မွ လြန္ခဲ့ေသာ ၄/၅ ရက္ခန႔္က သမီးျဖစ္သူ ‌ေနမေကာင္းျဖစ္ကာ ေအာ့အန္ ေနသျဖင့္ စစ္ေဆးၾကည့္ရာ မွ သမီးျဖစ္သူ တြင္ ကိုယ္ဝန္ရွိေနေၾကာင္း သိရွိခဲ့ရသည္ ဟု မိခင္ျဖစ္သူ တိုင္ၾကားခ်က္မွ သိရသည္။

ခင္ပြန္းျဖစ္သူ ေက်ာ္လြင္၏ ျပဳလုပ္မွုအား သည္းမခံႏွိုင္ေတာ့သျဖင့္ ၎အား ဥပေဒအရအေရးယူေပးပါရန္ မိခင္မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း မွုခင္းမွတ္တမ္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်ာ္လြင္ ၄၂ ႏွစ္အား ေမွာ္ဘီၿမိဳ့မရဲစခန္းမွ (ပ)၂၆၆၇/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမွုဖြင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ညီညီ(လွိုင္သာယာ)Top Phoenix

မှော်ဘီမြို့နယ် ၌ သမီး ဖြစ်သူ အား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖခင်အား နိုဝင်ဘာ ၁၆ ရက်‌နေက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာတောင်ပိုင် နေထိုင်သည့် တရားလို မှာ လွန်ခဲ့သော ၂၃ နှစ်ခန့်မှ အိမ်ထောင်ကျခဲ့ပြီး သား ၂ဦး သမီး ၂ဦး မွေးဖွားခဲ့၍ သမီးအကြီးမှာ အိမ်ထောင်ကျသွားခဲ့ပြီး သားအလတ်မှာလည်း သဃ်န်းကျွန်းမြို့နယ်တွင် အလုပ်လုပ်နေ၍

နေအိမ်တွင် သမီးအလတ် နှင့် အငယ်ဆုံးသားလေး ပါ ၎င်းတိုလင်မယား နှစ်ဦး ပေါင်း မိသားစု လေးဦးသာ နေထိုင်ခဲ့ကြောင်း ၎င်းတို့လင်မယား နှင့်အတူ အငယ်ဆုံးသားလေးမှာ အိမ်ရှေဘက်တွင် ခြင်ထောင်တစ်လုံးဖြင့် အတူအိပ်ကြောင်း ဘေးနားကပ်လျှက်တွင် သမီးလတ်မှာ ခြင်ထောင် တစ်လုံးဖြင့် အိပ်ခဲ့ကြောင်း

လွန်ခဲ့သည့် ၃လ ကျော်ခန့် အောက်တိုဘာလအတွင်း ည ၁၂ နာရီကျော်ခန့်တွင် ၎င်းနှင့်အတူအိပ်နေသည့် ခင်ပွန်း ကိုကျော်လွင် မှာ သမီးအလတ် ၏ ခြင်ထောင်အတွင်ဝင်သွား ကာ သမီးဖြစ်သူအား သားမယား ပြုကျင့်နေ သဖြင့် မိခင်မှ ကိုယ့်သမီးအရင်းအား ယခုကဲ့သို့ မပြုလုပ်ရန် ပြောခဲ့သော်လည်း

ခင်ပွန်းမှ နားမထောင်ဘဲ ၂ ရက်ခြား ၃ ရက်ခြား ဆိုသလို သမီးဖြစ်သူ ခြင်ထောင်ထဲဝင်ကာ သားမယားအဖြစ် အလိုမတူဘဲ ဆက်ဆံနေခဲ့ကြောင်း တရားလို တို့သားအမိအား ၎င်းကိစ္စနှင့်ပတ်သက်၍ မည်သူမျှ မပြောဆိုရန် နှင့် ပြောဆိုပါက ၂ ယောက်လုံးကို သတ်ပစ်မည် ဟု ကြိမ်းမောင်းထား ၍ မည်သူကိုမှ မပြောဘဲ နေထိုင်လာခဲ့ရာ

မှ လွန်ခဲ့သော ၄/၅ ရက်ခန့်က သမီးဖြစ်သူ ‌နေမကောင်းဖြစ်ကာ အော့အန် နေသဖြင့် စစ်ဆေးကြည့်ရာ မှ သမီးဖြစ်သူ တွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရသည် ဟု မိခင်ဖြစ်သူ တိုင်ကြားချက်မှ သိရသည်။

ခင်ပွန်းဖြစ်သူ ကျော်လွင်၏ ပြုလုပ်မှုအား သည်းမခံနှိုင်တော့သဖြင့် ၎င်းအား ဥပဒေအရအရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်လွင် ၄၂ နှစ်အား မှော်ဘီမြို့မရဲစခန်းမှ (ပ)၂၆၆၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ) Top Phoenix