ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များ အပိုင်း(၁)

244

ဘုရင်ဖြစ်ဖို့ဆိုတာ တော်ရုံပါရမီကုသိုလ်နဲ့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဘုရင်လိုပဲ သြဇာအာဏာညောင်းတဲ့ အာဏာရှင်ဖြစ်ဖို့ကလည်း ထိုနည်းအတူတူပါဘဲ၊ ကုသိုလ်ကံ အလွန်ကောင်းမှ ဖြစ်နိုင်တာပါ။ မြန်မာပြည်မှာဆိုရင်တော့နန်းစံသက်အတိုဆုံးက ဖောင်းကားစား မောင်မောင်-ပေါ့။ သူကတော့ အလောင်းမင်းတရား မြေးတော်ပါ။

သူဟာ နန်းတက်ပြီး (၇)ရက်အကြာမှာပဲ ဗဒုံမင်းဦးဆောင်တဲ့ တပ်ဖွဲ့က သုတ်သင်တာကို ခံခဲ့ရပါတယ်။ သူကအကြောင်းပြောရရင်တော့ အရှည်ကြီးပေါ့။ အခု D Nae Khit က ဖော်ပြမှာကတော့ ကမ္ဘာ့နန်းစံသက်အတိုဆုံး ဘုရင်တွေအကြောင်းပါ။

(၁) ပြင်သစ်ဘုရင် Louis XIX [နန်းစံသက် မိနစ်(၂၀)]

ပြင်သစ်ဘုရင် Louis XIX ဟာ နန်းစံသက်အတိုဆုံး မင်းဖြစ်ခဲ့ပါတယ်။ (၁၉၃၀)မှာ ဇူလိုင်တော်လှန်ရေးကြောင့် ဘုရင် Charles X က ထီးနန်းစွံ့ပါတယ်။ ထီးနန်းကို Louis XIX ဘွဲ့တော်နဲ့ သားဖြစ်သူ Louis-Antoine ကို လွှဲခဲ့ပါတယ်။ ဒါပေမယ့် ထီးနန်းတက်ပြီး မိနစ်ပိုင်းအကြာ သူဟာ စိတ်ဖိအားဒဏ်တွေ မခံနိုင်လို့ တူဖြစ်သူ ဘော်ဒိုးမြို့စား ဟင်နရီကို နန်းပြန်လွှဲခဲ့တာပါ။ နန်းစံချိန်ဟာ မိနစ်(၂၀)သာ ရှိခဲ့ပါတယ်။ အဲဒီနောက် စကော့တလန်ကို ထွက်ပြေးခဲ့ပါတယ်။

(၂) Emperor Mo of Jin Dynasty (နန်းစံသက် (၁)ရက်)

Emperor Mo of Jin Dynasty အမည်အရင်းကတော့ ဟူဒန်ဖြစ်ပါတယ်။ အခြားဘွဲ့နာမည်ကတော့ Wanyan Chenglin ဖြစ်ပြိီး တရုတ်မြောက်ပိုင်းမှာ (၁၁၁၅)ခုနှစ်က တစ်ရက်ကြာနန်းစံခဲ့ပြီး၊ အဲနောက် Mo of Jin နန်းဆက်လည်း အပြီးတိုင် ပျက်သုန်းသွားပါတယ်။ ဟူဒန်ဟာ တပ်မတော်ဗိုလ်ချုပ်ကြီးဖြစ်ပြီး၊ နန်းလုပြီးနောက်တစ်ရက် ဘုရင်အဖြစ် အောင်ပွဲခံနေစဉ်မှာပဲ လုပ်ကြံခံခဲ့ရတာပါ။

(၃) Joseph Goebbels (အာဏာရှင်အဖြစ် (၁)ရက်သာ စံမြန်းခွင့်ရ)

ဟစ်တလာရဲ့ အထူးအားထားရတဲ့ နာဇီဗိုလ်ချုပ်ကြီး Joseph Goebbels ကတော့ အာဏာရှင်အဖြစ် တစ်ရက်သာ စံမြ်န်းခွင့်ရခဲ့သူပါ။ Joseph ဟာ (၁၉၂၀)မှာ နာဇီပါတီထဲဝင်ခဲ့ပါတယ်။ သူ့ဆရာ ဟစ်တလာ ဂျာမန်အဓိပတိဖြစ်တဲ့ (၁၉၃၃)မှာ သတင်းစာဆရာလေး Joseph ကလည်း ပြည်သူ့ဆက်ဆံရေး-ပြန်ကြားရေး ဝန်ကြီးဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေစစ်ရှုံးတော့ အားလုံး ဝရုန်းသုန်းကားဖြစ်နေချိန် ဟစ်တလာက Joseph ကို အဓိပတိအဖြစ်ခန့်အပ်ခဲ့တယ်လို့ စာထွက်လာခဲ့ပါတယ်။ နောက် ဟစ်တလာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်။ အဓိပတိအသစ်စက်စက် Joseph ဟာ သူ့ကို ရန်သူတွေက ဘယ်လို ပြုမူမလဲဆိုတာ သိပြီး၊ သူ့ကလေး(၆)ဦးကို အဆိပ်ကျွေးသတ်ပြီး၊ ဇနီး Magda နဲ့အတူ သေကြောင်းကြံစည်ခဲ့ပါတယ်။

(၄) Sultan Khalid Bin Barghash (နန်းစံသက် (၂)ရက်)

အာဖရိကအရှေ့ပိုင်း Zanzibar ကျွန်းကို စူလတန်တို့အုပ်ချုပ်ခဲ့ပါတယ်။ စူလတန်တွေဟာ ဆွေစဉ်မျိုးဆက် မင်းစည်းစိမ်ခံခဲ့ကြပြီး၊ Khalid Bin Barghash ကလည်း နန်းလျှာမင်းသားထဲမှာ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ (၁၈၉၀)မှာ အဲဒီကျွန်းကို အင်္ဂလိပ်တို့ ကျူးကျော်ခဲ့ပါတယ်။

သူတို့က စူလတန်ကို ရာထူးက စွန့်ခိုင်းချိန်မှာ Barghash ဟာ စူလတန်ရာထူးကို ရယူထားတာ နှစ်ရက်သာ ရှိပါသေးတယ်။ ဗြိတိန်ရေတပ်သင်္ဘောက ကျွန်းဆီကို ချီတက်လာချိန်မှာတော့ Barghash ဟာ မိဖုရားတွေ၊ သားသမီးတွေကို ခေါ်ပြီး Seychelles နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

(၅) King Dipendra Bir Bikram Shah Dev (နီပေါ)

ဘုရင်မဖြစ်ခင်မှာ Dipendra ဟာ နီပေါရဲ့အိမ်ရှေ့စံပါ။ ဒါပေမယ့် သူဟာ အိန္ဒိယတော်ဝင်မိသားစုမှ အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့လို့ ဖခင်ဘုရင်က မကျေနပ်ဘဲ အိမ်ရှေ့အရာကနေ ဖယ်ရှားခဲ့ပါတယ်။ (၂၀၀၁)ခု ဇွန်လ(၁)ရက်မှာ သူဟာ ဖခင်ဘုရင်ကြီး Birendra Bir Bikram Shah Dev နဲ့ မိခင် Aishwarya အပါအဝင်၊ အနီးအနားက အစောင့်(၈)ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အဲဒီနောက် Dipendra ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အသက်မသေသေးဘဲ ဆေးရုံမှာ ကိုမာအခြေအနေနဲ့ တက်ရောက်ကုသနေပါတယ်။ နန်းတော်စည်းမျဉ်းများကြောင့် ခမည်းတော်ဘုရင်ကြီး Birendra သေဆုံးလို့ သားတော် Dipendra ကို ကိုမာဖြစ်နေတဲ့အချိန်မှာပဲ နန်းအပ်ခဲ့ပါတယ်။ Dipendra လည်း သုံးရက်အကြာမှာ သေဆုံးသွားပါတော့တယ်။

*** အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။

လင်းဇော်ကို D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ဘုရင္ျဖစ္ဖုိ႔ဆုိတာ ေတာ္႐ုံပါရမီကုသုိလ္နဲ႔ မျဖစ္ႏုိင္ပါဘူး။ ေနာက္ၿပီး ဘုရင္လုိပဲ ၾသဇာအာဏာေညာင္းတဲ့ အာဏာရွင္ျဖစ္ဖုိ႔ကလည္း ထုိနည္းအတူတူပါဘဲ၊ ကုသုိလ္ကံ အလြန္ေကာင္းမွ ျဖစ္ႏုိင္တာပါ။ ျမန္မာျပည္မွာဆုိရင္ေတာ့နန္းစံသက္အတုိဆုံးက ေဖာင္းကားစား ေမာင္ေမာင္-ေပါ့။ သူကေတာ့ အေလာင္းမင္းတရား ေျမးေတာ္ပါ။

သူဟာ နန္းတက္ၿပီး (၇)ရက္အၾကာမွာပဲ ဗဒုံမင္းဦးေဆာင္တဲ့ တပ္ဖြဲ႕က သုတ္သင္တာကို ခံခဲ့ရပါတယ္။ သူကအေၾကာင္းေျပာရရင္ေတာ့ အရွည္ႀကီးေပါ့။ အခု D Nae Khit က ေဖာ္ျပမွာကေတာ့ ကမာၻ႕နန္းစံသက္အတုိဆုံး ဘုရင္ေတြအေၾကာင္းပါ။

(၁) ျပင္သစ္ဘုရင္ Louis XIX [နန္းစံသက္ မိနစ္(၂၀)]

ျပင္သစ္ဘုရင္ Louis XIX ဟာ နန္းစံသက္အတုိဆုံး မင္းျဖစ္ခဲ့ပါတယ္။ (၁၉၃၀)မွာ ဇူလုိင္ေတာ္လွန္ေရးေၾကာင့္ ဘုရင္ Charles X က ထီးနန္းစြံ႔ပါတယ္။ ထီးနန္းကို Louis XIX ဘြဲ႕ေတာ္နဲ႔ သားျဖစ္သူ Louis-Antoine ကုိ လႊဲခဲ့ပါတယ္။ ဒါေပမယ့္ ထီးနန္းတက္ၿပီး မိနစ္ပုိင္းအၾကာ သူဟာ စိတ္ဖိအားဒဏ္ေတြ မခံႏုိင္လုိ႔ တူျဖစ္သူ ေဘာ္ဒုိးၿမိဳ႕စား ဟင္နရီကို နန္းျပန္လႊဲခဲ့တာပါ။ နန္းစံခ်ိန္ဟာ မိနစ္(၂၀)သာ ရွိခဲ့ပါတယ္။ အဲဒီေနာက္ စေကာ့တလန္ကို ထြက္ေျပးခဲ့ပါတယ္။

(၂) Emperor Mo of Jin Dynasty (နန္းစံသက္ (၁)ရက္)

Emperor Mo of Jin Dynasty အမည္အရင္းကေတာ့ ဟူဒန္ျဖစ္ပါတယ္။ အျခားဘြဲ႕နာမည္ကေတာ့ Wanyan Chenglin ျဖစ္ၿပိီး တ႐ုတ္ေျမာက္ပုိင္းမွာ (၁၁၁၅)ခုႏွစ္က တစ္ရက္ၾကာနန္းစံခဲ့ၿပီး၊ အဲေနာက္ Mo of Jin နန္းဆက္လည္း အၿပီးတုိင္ ပ်က္သုန္းသြားပါတယ္။ ဟူဒန္ဟာ တပ္မေတာ္ဗုိလ္ခ်ဳပ္ႀကီးျဖစ္ၿပီး၊ နန္းလုၿပီးေနာက္တစ္ရက္ ဘုရင္အျဖစ္ ေအာင္ပြဲခံေနစဥ္မွာပဲ လုပ္ႀကံခံခဲ့ရတာပါ။

(၃) Joseph Goebbels (အာဏာရွင္အျဖစ္ (၁)ရက္သာ စံျမန္းခြင့္ရ)

ဟစ္တလာရဲ႕ အထူးအားထားရတဲ့ နာဇီဗုိလ္ခ်ဳပ္ႀကီး Joseph Goebbels ကေတာ့ အာဏာရွင္အျဖစ္ တစ္ရက္သာ စံျမ္န္းခြင့္ရခဲ့သူပါ။ Joseph ဟာ (၁၉၂၀)မွာ နာဇီပါတီထဲဝင္ခဲ့ပါတယ္။ သူ႕ဆရာ ဟစ္တလာ ဂ်ာမန္အဓိပတိျဖစ္တဲ့ (၁၉၃၃)မွာ သတင္းစာဆရာေလး Joseph ကလည္း ျပည္သူ႔ဆက္ဆံေရး-ျပန္ၾကားေရး ဝန္ႀကီးျဖစ္လာခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာ နာဇီေတြစစ္႐ႈံးေတာ့ အားလုံး ဝ႐ုန္းသုန္းကားျဖစ္ေနခ်ိန္ ဟစ္တလာက Joseph ကုိ အဓိပတိအျဖစ္ခန္႔အပ္ခဲ့တယ္လုိ႔ စာထြက္လာခဲ့ပါတယ္။ ေနာက္ ဟစ္တလာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားပါတယ္။ အဓိပတိအသစ္စက္စက္ Joseph ဟာ သူ႕ကို ရန္သူေတြက ဘယ္လုိ ျပဳမူမလဲဆုိတာ သိၿပီး၊ သူ႕ကေလး(၆)ဦးကို အဆိပ္ေကၽြးသတ္ၿပီး၊ ဇနီး Magda နဲ႔အတူ ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။

(၄) Sultan Khalid Bin Barghash (နန္းစံသက္ (၂)ရက္)

အာဖရိကအေရွ႕ပုိင္း Zanzibar ကၽြန္းကို စူလတန္တုိ႔အုပ္ခ်ဳပ္ခဲ့ပါတယ္။ စူလတန္ေတြဟာ ေဆြစဥ္မ်ိဳးဆက္ မင္းစည္းစိမ္ခံခဲ့ၾကၿပီး၊ Khalid Bin Barghash ကလည္း နန္းလွ်ာမင္းသားထဲမွာ ေရပန္းအစားဆုံးျဖစ္ခဲ့ပါတယ္။ (၁၈၉၀)မွာ အဲဒီကၽြန္းကို အဂၤလိပ္တုိ႔ က်ဴးေက်ာ္ခဲ့ပါတယ္။

သူတုိ႔က စူလတန္ကို ရာထူးက စြန္႔ခုိင္းခ်ိန္မွာ Barghash ဟာ စူလတန္ရာထူးကို ရယူထားတာ ႏွစ္ရက္သာ ရွိပါေသးတယ္။ ၿဗိတိန္ေရတပ္သေဘၤာက ကၽြန္းဆီကို ခ်ီတက္လာခ်ိန္မွာေတာ့ Barghash ဟာ မိဖုရားေတြ၊ သားသမီးေတြကုိ ေခၚၿပီး Seychelles ႏုိင္ငံကုိ ထြက္ေျပးခဲ့ရပါတယ္။

(၅) King Dipendra Bir Bikram Shah Dev (နီေပါ)

ဘုရင္မျဖစ္ခင္မွာ Dipendra ဟာ နီေပါရဲ႕အိမ္ေရွ႕စံပါ။ ဒါေပမယ့္ သူဟာ အိႏၵိယေတာ္ဝင္မိသားစုမွ အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ခဲ့လုိ႔ ဖခင္ဘုရင္က မေက်နပ္ဘဲ အိမ္ေရွ႕အရာကေန ဖယ္ရွားခဲ့ပါတယ္။ (၂၀၀၁)ခု ဇြန္လ(၁)ရက္မွာ သူဟာ ဖခင္ဘုရင္ႀကီး Birendra Bir Bikram Shah Dev နဲ႔ မိခင္ Aishwarya အပါအဝင္၊ အနီးအနားက အေစာင့္(၈)ေယာက္ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။

အဲဒီေနာက္ Dipendra ဟာ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ခဲ့တာပါ။ ဒါေပမယ့္ သူဟာ အသက္မေသေသးဘဲ ေဆး႐ုံမွာ ကုိမာအေျခအေနနဲ႔ တက္ေရာက္ကုသေနပါတယ္။ နန္းေတာ္စည္းမ်ဥ္းမ်ားေၾကာင့္ ခမည္းေတာ္ဘုရင္ႀကီး Birendra ေသဆုံးလုိ႔ သားေတာ္ Dipendra ကို ကိုမာျဖစ္ေနတဲ့အခ်ိန္မွာပဲ နန္းအပ္ခဲ့ပါတယ္။ Dipendra လည္း သုံးရက္အၾကာမွာ ေသဆုံးသြားပါေတာ့တယ္။

*** အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပပါမည္။

လင္းေဇာ္ကို D Nae Khit Media