ဆေးလိပ်သောက်ဖို့ တစ်ကြိမ် တွေးတိုင်း ၄၀၀၀ စုပြီး၊ ပြတ်သွားတော့ (၈၇) သိန်းအထိ စုနိုင်တဲ့ ဖခင်

148
Source: China Press



Source: China Press



Source: China Press




တရုတ်နိုင်ငံ၊ ထိုင်ဝမ်းမြို့က (၃၇) နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ဆေးလိပ်ကို (၂၃) နှစ်ကြာအထိ သောက်ခဲ့ပြီး အကောင်းဆုံး ဆေးလိပ် ဖြတ်နည်းကို တွေ့ရှိသွားခဲ့တာပါ။ သူဟာ အသက် (၁၄) နှစ်မှာ ဆေးလိပ် စသောက်ခဲ့ပြီး၊ တစ်နေ့ကို ဆေးလိပ် (၁) ဗူး ဒါမှမဟုတ် (၂) ဗူး သောက်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ အသက် (၃၇) နှစ် အရွယ်ရောက်တော့ ဆေးလိပ်ဖြတ်ဖို့ စတင် ဆုံးဖြတ်သွားခဲ့ပါတယ်။သူဟာ ဆေးလိုက်သောက်လိုက်ရင် သူ့ရဲ့ ကျန်းမာရေးကို ထိခိုက်မှာထက် သူ့သားရဲ့ ကျန်းမာရေးကို ထိခိုက်မှာ စိုးလို့ ဆေးလိပ် ဖြတ်သွားတာပါ။

သူဟာ ဆေးလိုက်သောက်တဲ့ အချိန်မှာ (၄) လ အရွယ် သူ့ရဲ့ သားက တစ်ဆင့်ခံ ဆေးလိပ်သောက်သလို ဖြစ်သွားမှာ စိုးလို့ ဆေးလိပ် ဖြတ်သွားတာပါ။ သူ့ရဲ့ ဆေးလိပ် ဖြတ်နည်းက သူ ဆေးလိပ် သောက်ဖို့ တွေးတိုင်း ယွမ်ငွေ (၅၀)၊ (၄) ထောင် စုတာပါပဲ။

သူဟာ ဆေးလိပ် သောက်ဖို့ တွေးတဲ့ အခါတိုင်း ယွမ်ငွေ (၅၀) စုပြီး၊ (၄) နှစ် အကြာမှာတော့ ယွမ်ငွေ (1) သိန်းခွဲကျော်၊ မြန်မာငွေ သိန်း (၈၇) သိန်းကျော် စုနိုင်သွားခဲ့တာပါ။ သူက (၄) နှစ်ကြာ ဆေးလိပ် မသောက်တဲ့ အချိန်မှာ ဆေးလိပ်သောက်ရင် ကုန်မယ့် ပိုက်ဆံတွေကိုပါ စုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

(၄) နှစ်အတွင်းမှာ ဆေးလိပ်မသောက်လို့ ယွမ်ငွေ (၃) သိန်း၊ ကျပ်သိန်း (၁၅၀) ကျော် စုခဲ့ပါတယ်။သူဟာ သူ့ရဲ့ (၄) လအရွယ် သားအတွက် ဆေးလိပ် ဖြတ်ပေးခဲ့ပြီး၊ အွန်လိုင်းပေါ်မှာ သူ့ရဲ့ အကြောင်း ပျံ့သွားတဲ့ အချိန်မှာ လူတွေက သူ့ကို ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ လူအချို့ကတော့ သူ့ကို ဘဏ်မှာ ပိုက်ဆံ သွားထုတ်တဲ့ အခါမှာ ငွေအတု ရှိလိမ့်မယ်လို့ သတိပေးခဲ့ကြပါတယ်။ တကယ်လည်း သူဟာ ဘဏ်မှာ သွားထုတ်တဲ့ အခါမှာ ငွေစက္ကူအတု (၃) ရွက်တောင် ရှိခဲ့တယ်လို့ ပြောပြသွားခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )