မကျန်းမာတဲ့သားကို စိတ်မချလို့၊ အလုပ်ခွင်မှာ ငိုတဲ့အမျိုးသမီး၊ သူဌေးနဲ့ ပက်ပင်းတိုးတဲ့အခါ

247

အလုပ်ခွင်မှာ အစားအစာခိုးစားခြင်း၊ အတင်းပြောခြင်း၊ ငိုယိုခြင်း စတာတွေဟာ သူဌေးတွေအတွက် သာမန်အားဖြင့်တော့ အနှောက်အယှက်တွေဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးငယ်တစ်ယောက်ဟာ နေမကောင်းလျှက် အိမ်မှာကျန်ခဲ့ရတဲ့သားကို သနားလွန်းလို့ မျက်ရည်မဆည်နိုင် ငိုကျွေးခဲ့ရာ၊ သူဌေးနဲ့ ပက်ပင်းတိုးခဲ့ပါတယ်။

ဒါပေမယ့် သူဌေးက သူမကို ဆူပူငေါက်ငမ်းခြင်းမရှိဘဲ သားကို ပြူစုစောင့်ရှောက်ဖို့ အိမ်ပြန်လွှတ်ခဲ့ပါတယ်။ အိမ်ပြန်လွှတ်ရုံတင်မကဘဲ သားဖြစ်သူအတွက် ဆေးဖိုးဝါးခကိုပါ အထောက်အပံ့ပေးခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို Bernie Reifking အမည်ရအမျိုးသားက လူမှုကွန်ရက်ပေါ် မျှဝေခဲ့တာပါ။

ကုမ္ပဏီပိုင်ရှင် Bernie က ဝန်ထမ်းတစ်ယောက်ရဲ့ အရေးဟာ သူ့အရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ငိုသံကြားလိုိ့ အလုပ်ခန်းမဘက်ကို သွားကြည့်တော့ ဝန်ထမ်းအမျိုးသမီးတစ်ဦး ငိုနေတာကို တွေ့ခဲ့တာပါ။ သူမကို အကြောင်းစုံ မေးလိုက်တဲ့အခါ အိမ်မှာ ကလေး နေမကောင်းဘူးလို့ ပြောပါတယ်။

သူမဟာ သားဖြစ်သူကို ပြုစုရလို့ ပြီးခဲ့တဲ့ညက တစ်ရေးမှ မအိပ်ခဲ့ရပါဘူးတဲ့။ Bernie ဟာ သူကိုယ်တိုင်က မိဘဖြစ်လို့ ကိုယ်ချင်းစာပြီး ကလေးအတွက် ဆေးဖိုးကို ချက်လက်မှတ်မှာ ရေးပေးလိုက်ပါတယ်။ Bernie က သူ့အနေနဲ့ ဝန်ထမ်းတွေနဲ့ ရင်းနီးအောင်နေတယ်လို့ ပြောပါတယ်။

တစ်ချို့သော ဝန်ထမ်းတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာဖိအားတွေကို အလုပ်ခွင်မှာ မသိကျိုးကျွံပြုထားရကြောင်း၊ သူတို့ ဒီဖိအားတွေကြောင့် ပေါက်ကွဲထွက်တဲ့အခါ အလုပ်ဖြုတ်ခံရမှာကိုလည်း စိုးရိမ်ကြပါသတဲ့။ ဒါဟာအလုပ်ရဲ့ ထုတ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အကြောင်းကတော့ ဘယ်လိုအလုပ်ခွင်မှာပဲဖြစ်ဖြစ် မိသားစုဖိအား၊ ဆွေမျိုးနဲ့ ငွေရေးကြေးရေး ဖိအားတွေကင်းနေမှ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်နိုင်စွမ်းက ပိုကောင်းမှာဖြစ်ကြောင်း Bernie က ပြောပါတယ်။ သူရဲ့ လူသားချင်းစာနာတဲ့ လုပ်ရပ်ကြောင့် လူမှုကွန်ရက်ပေါ်မှာတော့ သူ့ကို ချီးကျူးနေကြပါတယ်။

နေသူရိန် D Nae Khit Media

အလုပ္ခြင္မွာ အစားအစာခုိးစားျခင္း၊ အတင္းေျပာျခင္း၊ ငုိယုိျခင္း စတာေတြဟာ သူေဌးေတြအတြက္ သာမန္အားျဖင့္ေတာ့ အေႏွာက္အယွက္ေတြျဖစ္ပါတယ္။ ကုမၸဏီတစ္ခုမွ ဝန္ထမ္းအမ်ိဳးသမီးငယ္တစ္ေယာက္ဟာ ေနမေကာင္းလွ်က္ အိမ္မွာက်န္ခဲ့ရတဲ့သားကုိ သနားလြန္းလုိ႔ မ်က္ရည္မဆည္ႏုိင္ ငုိေကၽြးခဲ့ရာ၊ သူေဌးနဲ႔ ပက္ပင္းတုိးခဲ့ပါတယ္။

ဒါေပမယ့္ သူေဌးက သူမကုိ ဆူပူေငါက္ငမ္းျခင္းမရွိဘဲ သားကုိ ျပဴစုေစာင့္ေရွာက္ဖုိ႔ အိမ္ျပန္လႊတ္ခဲ့ပါတယ္။ အိမ္ျပန္လႊတ္႐ုံတင္မကဘဲ သားျဖစ္သူအတြက္ ေဆးဖုိးဝါးခကိုပါ အေထာက္အပံ့ေပးခဲ့ေၾကာင္း သိရပါတယ္။ ဒီအေၾကာင္းကို Bernie Reifking အမည္ရအမ်ိဳးသားက လူမႈကြန္ရက္ေပၚ မွ်ေဝခဲ့တာပါ။

ကုမၸဏီပုိင္ရွင္ Bernie က ဝန္ထမ္းတစ္ေယာက္ရဲ႕ အေရးဟာ သူ႕အေရးပဲျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူဟာ ငုိသံၾကားလုိိ႔ အလုပ္ခန္းမဘက္ကို သြားၾကည့္ေတာ့ ဝန္ထမ္းအမ်ိဳးသမီးတစ္ဦး ငုိေနတာကို ေတြ႕ခဲ့တာပါ။ သူမကုိ အေၾကာင္းစုံ ေမးလုိက္တဲ့အခါ အိမ္မွာ ကေလး ေနမေကာင္းဘူးလုိ႔ ေျပာပါတယ္။

သူမဟာ သားျဖစ္သူကို ျပဳစုရလုိ႔ ၿပီးခဲ့တဲ့ညက တစ္ေရးမွ မအိပ္ခဲ့ရပါဘူးတဲ့။ Bernie ဟာ သူကုိယ္တုိင္က မိဘျဖစ္လုိ႔ ကုိယ္ခ်င္းစာၿပီး ကေလးအတြက္ ေဆးဖုိးကုိ ခ်က္လက္မွတ္မွာ ေရးေပးလုိက္ပါတယ္။ Bernie က သူ႕အေနနဲ႔ ဝန္ထမ္းေတြနဲ႔ ရင္းနီးေအာင္ေနတယ္လုိ႔ ေျပာပါတယ္။

တစ္ခ်ိဳ႕ေသာ ဝန္ထမ္းေတြဟာ ပုဂၢိဳလ္ေရးဆုိင္ရာဖိအားေတြကို အလုပ္ခြင္မွာ မသိက်ိဳးကၽြံျပဳထားရေၾကာင္း၊ သူတုိ႔ ဒီဖိအားေတြေၾကာင့္ ေပါက္ကြဲထြက္တဲ့အခါ အလုပ္ျဖဳတ္ခံရမွာကုိလည္း စုိးရိမ္ၾကပါသတဲ့။ ဒါဟာအလုပ္ရဲ႕ ထုတ္လုပ္ႏုိင္စြမ္းကိုလည္း ထိခုိက္ေစႏုိင္ပါတယ္။

အေၾကာင္းကေတာ့ ဘယ္လုိအလုပ္ခြင္မွာပဲျဖစ္ျဖစ္ မိသားစုဖိအား၊ ေဆြမ်ိဳးနဲ႔ ေငြေရးေၾကးေရး ဖိအားေတြကင္းေနမွ သူတုိ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ထုတ္လုပ္ႏုိင္စြမ္းက ပုိေကာင္းမွာျဖစ္ေၾကာင္း Bernie က ေျပာပါတယ္။ သူရဲ႕ လူသားခ်င္းစာနာတဲ့ လုပ္ရပ္ေၾကာင့္ လူမႈကြန္ရက္ေပၚမွာေတာ့ သူ႕ကို ခ်ီးက်ဴးေနၾကပါတယ္။

ေနသူရိန္ D Nae Khit Media