AA ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေးအစီအစဉ် အစိုးရလက်မခံ

151

AA ရခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ သမ္မတရုံး လစဉ် သတင်းစာရှင်းလင်းပွဲမှာ AA အဖွဲ့ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလိုပြောခဲ့တာပါ။

ပြည်သူက ရွေးချယ်ထားတဲ့ လွှွတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဖမ်းဆီးထားတာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင် ဆိုမာလီယာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲငွေတောင်းတဲ့ လုပ်ရပ်သဘောမျိုး ဆံတယ်လို့ ပြောပါတယ်။

AA အဖွဲ့နဲ့ဆက်စပ်ပြီး အစိုးရနဲ့တပ်မတော်က ဖမ်းဆီးထားသူတွေကို တည်ဆဲဥပဒေနဲ့အညီ စစ်ဆေး အရေးယူနေပြီး သူတို့ကို သုံ့ပန်းအဖြစ် မသတ်မှတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

AA က ဖမ်းဆီးသွားတဲ့ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ ပြန်လွတ်မြောက်ရေးအတွက် AA နဲ့ ဆွေးနွေးပွဲတွေမှာရော၊ ငြိမ်းချမ်းရေးကော်မရှင်က တဆင့်ရော၊ AA အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကတဆင့်ပါ ကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့… အပြစ်မဲ့ပြည်သူတွေကို အစိုးရနဲ့ စစ်တပ်က မတရားနဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် တပ်မတော်ဟာ စစ်သုံ့ပန်းဖြစ်သွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေအပေါ် ရဲဘော်ရဲဘက်စိတ် မရှိတာကို ဖော်ပြနေတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက.. ရခိုင်ပြည်နယ်မှာ AA အဖွဲ့ စတင် လှုပ်ရှားလာကတည်းက အစိုးရအနေနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကိုသာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တပ်မတော်ကို ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုချင်တာ ဟုတ်မဟုတ် အစိုးရက သုံးသပ်နေတယ်လို့လည်း ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

TNLA ပြောခွင့်ရသူ မိုင်းအိုက်ကျော်ကတော့… မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က အပစ်အခတ်ရပ်စဲရေး မလိုလားဘူးဆိုရင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လာဖို့အကြောင်း မရှိတဲ့အကြောင်း၊

လက်ရှိမှာ မိမိတို့ဘက်က ဆွေးနွေးပွဲတွေကို တောက်လျှောက် တက်ရောက်ခဲ့ကြောင်း၊ ဦးဇော်ဌေးရဲ့ အခု ပြောဆိုချက်ဟာ ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲဆိုတာ မသိကြောင်း RFA ကို ပြောလိုက်ပါတယ်။

 This news is published with the permission of RFA Burmese.

AA ရခိုင့္တပ္ေတာ္ရဲ႕ လုပ္ရပ္ေတြဟာ ဥပေဒနဲ႔မညီတဲ့အတြက္ AA က ကမ္းလွမ္းထားတဲ့ သုံ႔ပန္းလဲလွယ္ေရး အစီအစဥ္ကို လက္ခံမွာမဟုတ္ဘူးလို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာလိုက္ပါတယ္။

ေနျပည္ေတာ္မွာ ဒီကေန႔ျပဳလုပ္တဲ့ သမၼတ႐ုံး လစဥ္ သတင္းစာရွင္းလင္းပြဲမွာ AA အဖြဲ႕ဖမ္းဆီးထားတဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း လြတ္ေျမာက္ေရးနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြက ေမးျမန္းရာမွာ ဦးေဇာ္ေဌးက အခုလိုေျပာခဲ့တာပါ။

ျပည္သူက ေ႐ြးခ်ယ္ထားတဲ့ လႊြတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးကို ဖမ္းဆီးထားတာဟာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးရာေရာက္တဲ့အျပင္ ဆိုမာလီယာ အၾကမ္းဖက္သမားေတြရဲ႕ ျပန္ေပးဆြဲေငြေတာင္းတဲ့ လုပ္ရပ္သေဘာမ်ိဳး ဆံတယ္လို႔ ေျပာပါတယ္။

AA အဖြဲ႕နဲ႔ဆက္စပ္ၿပီး အစိုးရနဲ႔တပ္မေတာ္က ဖမ္းဆီးထားသူေတြကို တည္ဆဲဥပေဒနဲ႔အညီ စစ္ေဆး အေရးယူေနၿပီး သူတို႔ကို သုံ႔ပန္းအျဖစ္ မသတ္မွတ္ဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

AA က ဖမ္းဆီးသြားတဲ့ စစ္သည္ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ဝန္ထမ္းေတြ ျပန္လြတ္ေျမာက္ေရးအတြက္ AA နဲ႔ ေဆြးေႏြးပြဲေတြမွာေရာ၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္က တဆင့္ေရာ၊ AA အေပၚ ၾသဇာလႊမ္းမိုးႏိုင္စြမ္း ရွိတဲ့ အဖြဲ႕အစည္း လူပုဂၢိဳလ္ေတြကတဆင့္ပါ ႀကိဳးပမ္းခဲ့တယ္လို႔လည္း ဆိုပါတယ္။

AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့… အျပစ္မဲ့ျပည္သူေတြကို အစိုးရနဲ႔ စစ္တပ္က မတရားနဲ႔ပုဒ္မေတြနဲ႔ ဖမ္းဆီးႏွိပ္စက္ အႏိုင္က်င့္ေနတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါ့ျပင္ တပ္မေတာ္ဟာ စစ္သုံ႔ပန္းျဖစ္သြားတဲ့ သူတို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြအေပၚ ရဲေဘာ္ရဲဘက္စိတ္ မရွိတာကို ေဖာ္ျပေနတယ္လို႔လည္း ေဝဖန္လိုက္ပါတယ္။

ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက.. ရခိုင္ျပည္နယ္မွာ AA အဖြဲ႕ စတင္ လႈပ္ရွားလာကတည္းက အစိုးရအေနနဲ႔ အၾကမ္းဖက္ေသာင္းက်န္းသူ ႏွိမ္နင္းေရးကိုသာ ထိထိေရာက္ေရာက္ လုပ္ေဆာင္ဖို႔ တပ္မေတာ္ကို ၫႊန္ၾကားထားတယ္လို႔လည္း ေျပာပါတယ္။

AA အပါအဝင္ ေျမာက္ပိုင္းေလးဖြဲ႕ အေနနဲ႔ ၿငိမ္းခ်မ္းေရးကို တကယ္လိုခ်င္တာ ဟုတ္မဟုတ္ အစိုးရက သုံးသပ္ေနတယ္လို႔လည္း ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာဆိုသြားပါတယ္။

TNLA ေျပာခြင့္ရသူ မိုင္းအိုက္ေက်ာ္ကေတာ့… ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြဘက္က အပစ္အခတ္ရပ္စဲေရး မလိုလားဘူးဆိုရင္ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို လာဖို႔အေၾကာင္း မရွိတဲ့အေၾကာင္း၊

လက္ရွိမွာ မိမိတို႔ဘက္က ေဆြးေႏြးပြဲေတြကို ေတာက္ေလွ်ာက္ တက္ေရာက္ခဲ့ေၾကာင္း၊ ဦးေဇာ္ေဌးရဲ႕ အခု ေျပာဆိုခ်က္ဟာ ဘာရည္႐ြယ္ခ်က္နဲ႔ ေျပာတာလဲဆိုတာ မသိေၾကာင္း RFA ကို ေျပာလိုက္ပါတယ္။

This news is published with the permission of RFA Burmese.