မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အဆောင်သရဲလေး မူးလာ(ရုပ်သံ)

142

“မာလာဆောင်နဲ့ပတ်သတ်လို့… ပုံပြင်လေးတပုဒ်ကြားဖူးတယ်… ဒီပုံပြင်ထဲက ဇာတ်လိုက်ကြီး… ဘယ်သူလဲလို့ မမေးပါနဲ့”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က တက္ကသိုလ်နယ်မြေမှာ နာမည် ကြီးခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အဆောင်သရဲသီချင်းမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကတော့ တေးရေးတွေဖြစ်ကြတဲ့ ဆလိုင်းသွှအောင် ၊ စောဘွဲ့မှူးနဲ့ ဂျွန် သင်ဇမ်းတို့ ရေးစပ်ပြီး တေးသံရှင် ဖိုးချိုသီဆိုအောင်မြင်ခဲ့တဲ့ နာမည်ကြီးသီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မူးလာရဲ့ ဆန်းသစ်သီဆိုဟန်နဲ့ တက္က သိုလ်အမှတ်တရ သီချင်းတွေနဲ့ သီတင်းပတ် ယှဉ်ပြိုင်မှုမှာ ပရိသတ်တွေက ရှုစားခဲ့ကြရ တာပါ။

“အဆောင်မှာပွင့်တဲ့ ပန်းကြောင့်လား… ဂန္တဝင်မြောက်မယ့် အချစ်ကြောင့်လား… အဆောင်နားတဝိုက် တဝဲလည်လည်… အဆောင်နားမှာ သီချင်းဆိုတယ်… ထမင်းမှ စားရဲ့လား ရေတခွက်မှ သောက်ရဲ့လား… ဘာကိုမှလည်းစိတ်မဝင်စား… အ ဆောင်ရှေ့မှာကျင့်တဲ့တရား”

အဆောင်သူလေးကို စွဲလမ်းတဲ့ စိတ်နဲ့ ချစ်ခြင်းမေတ္တာကို အတိုင်းသားမြင်တွေ့ရ မယ့် ဒီသီချင်းကို ပုံစံအမျိုးမျိုးနဲ့ အဆိုတော်တွေ ပြန်လည်သီဆိုခဲ့ကြရပြီး အခုအချိန်ထိ လည်း ရိုးမသွားတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အဆောင်သရဲသီချင်းဟာ မူးလာရဲ့ ကိုယ်ပိုင်ဟန် နဲ့ လိုက်ဖက်ညီနေခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 4 ရဲ့ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်ကို တော့ မနေ့ညက ကျင်းပ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုသိမ်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် မူးလာဟာ ပထမသီတင်းပတ် Performance Show မှာတော့ အငဲရဲ့ အနိုင်နဲ့ပိုင်းသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး Bottom 3 မှာ တကြိမ်ထိုင်ခဲ့ရဖူးပါတယ်။

နောက်တပတ်ရဲ့ Rock Week မှာတော့ နာမည်ကြီး ရော့ခ်ကာအဆိုတော် ဇော် ဝင်းထွဋ်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဒီလိုသေချာတယ်သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ခုတပတ်ရဲ့ အဆောင်သရဲသီချင်းနဲ့ သီဆိုမှုအပြီးမှာ ဒိုင်တွေက ချီးကျူးမှတ်ချက် တွေ ပေးခဲ့ကြပြီး တင်ဇာမော်ကတော့ နှစ်ထောင်းအားရကျေနပ်မိပြီး တီးဝိုင်းနဲ့ အချိတ် အဆက်မိမိ အတိမ်းအစောင်းမရှိသီဆိုနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။အောင်ကိုလတ်ကတော့ မူးလာကို Lion King လေးလို့ တင်စားပြီး ချီးကျူးခဲ့တာ ကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

မူးလာရဲ့ Voting No. ကတော့ 77710 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

“မာလာေဆာင္နဲ႔ပတ္သတ္လို႔… ပုံျပင္ေလးတပုဒ္ၾကားဖူးတယ္… ဒီပုံျပင္ထဲက ဇာတ္လိုက္ႀကီး… ဘယ္သူလဲလို႔ မေမးပါနဲ႔”

ဒါကိုၾကားလိုက္တာနဲ႔ ပရိသတ္ေတြက တခ်ိန္က တကၠသိုလ္နယ္ေျမမွာ နာမည္ ႀကီးခဲ့တဲ့ သီခ်င္းတပုဒ္ျဖစ္တဲ့ အေဆာင္သရဲသီခ်င္းမွန္း သိၾကၿပီး ျဖစ္မွာပါ။

ဒီသီခ်င္းကေတာ့ ေတးေရးေတြျဖစ္ၾကတဲ့ ဆလိုင္းသႊေအာင္ ၊ ေစာဘြဲ႕မႉးနဲ႔ ဂြၽန္ သင္ဇမ္းတို႔ ေရးစပ္ၿပီး ေတးသံရွင္ ဖိုးခ်ိဳသီဆိုေအာင္ျမင္ခဲ့တဲ့ နာမည္ႀကီးသီခ်င္းတပုဒ္ ျဖစ္ပါတယ္။

ခုတခါမွာေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ မူးလာရဲ႕ ဆန္းသစ္သီဆိုဟန္နဲ႔ တကၠ သိုလ္အမွတ္တရ သီခ်င္းေတြနဲ႔ သီတင္းပတ္ ယွဥ္ၿပိဳင္မႈမွာ ပရိသတ္ေတြက ရႈစားခဲ့ၾကရ တာပါ။

“အေဆာင္မွာပြင့္တဲ့ ပန္းေၾကာင့္လား… ဂႏၲဝင္ေျမာက္မယ့္ အခ်စ္ေၾကာင့္လား… အေဆာင္နားတဝိုက္ တဝဲလည္လည္… အေဆာင္နားမွာ သီခ်င္းဆိုတယ္… ထမင္းမွ စားရဲ႕လား ေရတခြက္မွ ေသာက္ရဲ႕လား… ဘာကိုမွလည္းစိတ္မဝင္စား… အ ေဆာင္ေရွ႕မွာက်င့္တဲ့တရား”

အေဆာင္သူေလးကို စြဲလမ္းတဲ့ စိတ္နဲ႔ ခ်စ္ျခင္းေမတၱာကို အတိုင္းသားျမင္ေတြ႕ရ မယ့္ ဒီသီခ်င္းကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ အဆိုေတာ္ေတြ ျပန္လည္သီဆိုခဲ့ၾကရၿပီး အခုအခ်ိန္ထိ လည္း ႐ိုးမသြားတဲ့ သီခ်င္းတပုဒ္ျဖစ္တဲ့ အေဆာင္သရဲသီခ်င္းဟာ မူးလာရဲ႕ ကိုယ္ပိုင္ဟန္ နဲ႔ လိုက္ဖက္ညီေနခဲ့တာကို ေတြ႕ရပါတယ္။

ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားတဲ့ နာမည္ႀကီးသီခ်င္းဆိုၿပိဳင္ပြဲတခုျဖစ္တဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲ Season 4 ရဲ႕ အမွတ္တရ တကၠသိုလ္သီခ်င္းေတြနဲ႔ သီတင္းပတ္ကို ေတာ့ မေန႔ညက က်င္းပ ခဲ့ၿပီး ၿပိဳင္ပြဲဝင္ ၁၀ ဦးက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပုသိမ္ၿမိဳ႕က လာေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲဝင္ မူးလာဟာ ပထမသီတင္းပတ္ Performance Show မွာေတာ့ အငဲရဲ႕ အႏိုင္နဲ႔ပိုင္းသီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ၿပီး Bottom 3 မွာ တႀကိမ္ထိုင္ခဲ့ရဖူးပါတယ္။

ေနာက္တပတ္ရဲ႕ Rock Week မွာေတာ့ နာမည္ႀကီး ေရာ့ခ္ကာအဆိုေတာ္ ေဇာ္ ဝင္းထြဋ္ရဲ႕ သီခ်င္းတပုဒ္ျဖစ္တဲ့ ဒီလိုေသခ်ာတယ္သီခ်င္းနဲ႔ အေကာင္းဆုံးယွဥ္ၿပိဳင္ၿပီး ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့တာပါ။

ခုတပတ္ရဲ႕ အေဆာင္သရဲသီခ်င္းနဲ႔ သီဆိုမႈအၿပီးမွာ ဒိုင္ေတြက ခ်ီးက်ဴးမွတ္ခ်က္ ေတြ ေပးခဲ့ၾကၿပီး တင္ဇာေမာ္ကေတာ့ ႏွစ္ေထာင္းအားရေက်နပ္မိၿပီး တီးဝိုင္းနဲ႔ အခ်ိတ္ အဆက္မိမိ အတိမ္းအေစာင္းမရွိသီဆိုႏိုင္ခဲ့တယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေအာင္ကိုလတ္ကေတာ့ မူးလာကို Lion King ေလးလို႔ တင္စားၿပီး ခ်ီးက်ဴးခဲ့တာ ကို ေတြ႕ရပါတယ္။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အ ဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္အမွတ္ေပးေန ၾကတာျဖစ္ၿပီး Host အေနနဲ႔ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္က တင္ဆက္ေပးေနတာပါ။

လတ္တေလာမွာေတာ့ ၿပိဳင္ပြဲဝင္ေတြကို မဲေပးေ႐ြးခ်ယ္ႏိုင္မယ့္ Voting Line ေတြ ကို ဖြင့္ထားေပးၿပီး MPT, Ooredoo နဲ႔ Mytel စတဲ့ ႀကိဳက္ႏွစ္သက္ရာ ဖုန္းလိုင္းေတြက တဆင့္လည္း Vote ေပးႏိုင္မွာ ျဖစ္ပါတယ္။

မူးလာရဲ႕ Voting No. ကေတာ့ 77710 ျဖစ္ၿပီး ဒီကေန႔ညေန ၆ နာရီအထိ မဲ ေပးေ႐ြးခ်ယ္ အားေပးႏိုင္မွာ ျဖစ္ပါတယ္။

Top Finalists ၁၀ ေယာက္သာ က်န္ရွိေနတဲ့ ခုတပတ္ရဲ႕ တကၠသိုလ္အမွတ္တရသီ ခ်င္းေတြနဲ႔ သီတင္းပတ္ရဲ႕ Result Show ကိုေတာ့ ခုညေနမွာ သိၾကရေတာ့မွာ ျဖစ္ပါ တယ္။

ခုတပတ္မွာေတာ့ ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ တက္သြားမလဲ၊ ဘယ္သူ ေတြကေတာ့ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာသြားရမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။