‘အချစ်တွေနဲ့ လွမ်းနေတယ်’ သီချင်းဖြင့် မြန်မာအိုင်ဒေါညကို သိမ်းပိုက်သွားသည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)

181

“ကံ့ကော်တွေနဲ့ဒီလမ်းရယ်… ကန်ရေထက် ဖြတ်လျှောက်လာတဲ့ လေပြေညင်း ရယ်… သတိရမိနေတယ်… အတိတ်က အဖြစ်တွေရယ်… တခါပြန်ထပ်ပြီး ရချင်တယ်”

မနေ့ညက တက္ကသိုလ်အမှတ်တရသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲညမှာတော့ ပြိုင်ပွဲဝင်အက်စတာဒေါ့သ်ချင်းဆုန်က အချစ်အလွမ်းဖွဲ့ သီချင်းတပုဒ်နဲ့ အားလုံးကိုပါ ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

ဒီသီချင်းကတော့ ‘အချစ်တွေနဲ့ လွမ်းနေတယ်’ အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး အချစ်ဖြင့်လွမ်းစေရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ နာမည်ကြီးတေးသံရှင် မဒီက သီဆိုပေးထားတာဖြစ်ပြီး တေးရေး ရယ်ဂျီ က ရေးစပ်ပေးထားခဲ့တာပါ။

“အချစ်ဆိုတာလည်း အခက်သားကွယ်… ထာဝစဉ် ပေးဆပ်ရရင်လည်း… ကျေနပ်နှစ်သိမ့်နိုင်တယ်… တိုတောင်းတဲ့ ဒီဘဝထဲ… ရင်ထဲအချစ်က အေးမြတယ်… တို့နှစ် ဦးဆုံခွင့် မရှိရင်လည်း”

အချစ်ဖြင့်လွမ်းစေရုပ်ရှင်ကားကတော့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ စာရေးဆရာမနုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်နောက်ခံ လွမ်းမောဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းကို ပေါ်လွင်စေတဲ့ ဒီ သီချင်း ဟာ အက်စတာရဲ့ ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်အသံနဲ့အတူ တမူထူးခြားနေခဲ့တာကို တွေ့ရပါတယ်။

အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် ချောစုခင်ရဲ့ ကိုယ့်အတွက်အိပ်မက်မင်းမက်လား၊ ဒုတိယသီချင်းပတ် Rock Weekမှာတော့ တေးသံရှင် ကော်နီရဲ့ ရင်ကိုဖွင့်လိုက်စမ်းသီချင်းတွေနဲ့အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီး တဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။

“လွမ်းနေမယ်… ပြန်လာပါ ချစ်သူရေ… စောင့်မျှော်နေတယ်… ပြန်လာမယ့် နေ့ ရက်တိုင်ကွယ်… ဘဝကံကြမ္မာရယ် ဘာကြောင့်များ တို့နှစ်ယောက် ဝေးစေသလဲ… တောင်းပန်တယ် အရင်လို အတူရှိချင်တယ်… အနားမှာကွယ် အချိန်တွေတိုင်း ပေးဆပ် လိုက်ချင်ရဲ့”

ချင်းတိုင်းရင်းသူလေး အက်စတာဟာ ဒီသီချင်းကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ လှလှပပ သီဆိုပြသွား ခဲ့ပြီး လွမ်းဆွေးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ မယ်လိုဒီတေးသွားတွေနဲ့အတူ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ သီချင်းဆုံးတဲ့ အချိန်ထိ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါ တယ်။

သီချင်းအလှည့်အပြောင်းတွေနဲ့အစွမ်းကုန်လှပစွာ သီဆိုခဲ့တဲ့ အက်စတာရဲ့ သီဆို ယှဉ်ပြိုင်မှု အတွက် ဒိုင် ၃ ယောက်လုံးက မတ်တပ်ရပ်အားပေးခဲ့ပြီး သီချင်းအဆုံးမှာ ဒိုင်တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက စင်ပေါ်ထိတက်ပြီး ပွေ့ဖက်အားပေးခဲ့တာကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အက်စတာရဲ့ Voting No.ကတော့ 77708 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

This news is published with the permission of DVB TV News.

“ကံ့ေကာ္ေတြနဲ႔ဒီလမ္းရယ္… ကန္ေရထက္ ျဖတ္ေလွ်ာက္လာတဲ့ ေလေျပညင္း ရယ္… သတိရမိေနတယ္… အတိတ္က အျဖစ္ေတြရယ္… တခါျပန္ထပ္ၿပီး ရခ်င္တယ္”

မေန႔ညက တကၠသိုလ္အမွတ္တရသီခ်င္းေတြနဲ႔သီဆိုယွဥ္ၿပိဳင္ခဲ့တဲ့ Myanmar Idol Season 4 ရဲ႕ ၿပိဳင္ပြဲညမွာေတာ့ ၿပိဳင္ပြဲဝင္အက္စတာေဒါ့သ္ခ်င္းဆုန္က အခ်စ္အလြမ္းဖြဲ႕ သီခ်င္းတပုဒ္နဲ႔ အားလုံးကိုပါ ဖမ္းစားသြားႏိုင္ခဲ့ပါတယ္။

ဒီသီခ်င္းကေတာ့ ‘အခ်စ္ေတြနဲ႔ လြမ္းေနတယ္’ အမည္ရတဲ့ သီခ်င္းထဲက စာသားေတြျဖစ္ၿပီး အခ်စ္ျဖင့္လြမ္းေစ႐ုပ္ရွင္ရဲ႕ ဇာတ္ဝင္ေတးတပုဒ္ ျဖစ္ပါတယ္။

ဒီသီခ်င္းကိုေတာ့ နာမည္ႀကီးေတးသံရွင္ မဒီက သီဆိုေပးထားတာျဖစ္ၿပီး ေတးေရး ရယ္ဂ်ီ က ေရးစပ္ေပးထားခဲ့တာပါ။

“အခ်စ္ဆိုတာလည္း အခက္သားကြယ္… ထာဝစဥ္ ေပးဆပ္ရရင္လည္း… ေက်နပ္ႏွစ္သိမ့္ႏိုင္တယ္… တိုေတာင္းတဲ့ ဒီဘဝထဲ… ရင္ထဲအခ်စ္က ေအးျမတယ္… တို႔ႏွစ္ ဦးဆုံခြင့္ မရွိရင္လည္း”

အခ်စ္ျဖင့္လြမ္းေစ႐ုပ္ရွင္ကားကေတာ့ ရန္ကုန္တကၠသိုလ္ႏွစ္ ၁၀၀ျပည့္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ စာေရးဆရာမႏုႏုရည္အင္းဝရဲ႕ ဇာတ္လမ္းကို ဒါ႐ိုက္တာ ေနသန္ေမာင္က ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

တကၠသိုလ္ေနာက္ခံ လြမ္းေမာဆြတ္ပ်ံ႕ဖြယ္ အခ်စ္ဇာတ္လမ္းကို ေပၚလြင္ေစတဲ့ ဒီ သီခ်င္း ဟာ အက္စတာရဲ႕ ကိုယ္ပိုင္ဟန္၊ကိုယ္ပိုင္အသံနဲ႔အတူ တမူထူးျခားေနခဲ့တာကို ေတြ႕ရပါတယ္။

အက္စတာဟာ ျမန္မာအိုင္ေဒါရဲ႕ Performance Show မွာေတာ့ ေတးသံရွင္ ေခ်ာစုခင္ရဲ႕ ကိုယ့္အတြက္အိပ္မက္မင္းမက္လား၊ ဒုတိယသီခ်င္းပတ္ Rock Weekမွာေတာ့ ေတးသံရွင္ ေကာ္နီရဲ႕ ရင္ကိုဖြင့္လိုက္စမ္းသီခ်င္းေတြနဲ႔အစြမ္းျပယွဥ္ၿပိဳင္ခဲ့ၿပီး တဆင့္ၿပီး တဆင့္ တက္လွမ္းလာ ႏိုင္ခဲ့တာပါ။

“လြမ္းေနမယ္… ျပန္လာပါ ခ်စ္သူေရ… ေစာင့္ေမွ်ာ္ေနတယ္… ျပန္လာမယ့္ ေန႔ ရက္တိုင္ကြယ္… ဘဝကံၾကမၼာရယ္ ဘာေၾကာင့္မ်ား တို႔ႏွစ္ေယာက္ ေဝးေစသလဲ… ေတာင္းပန္တယ္ အရင္လို အတူရွိခ်င္တယ္… အနားမွာကြယ္ အခ်ိန္ေတြတိုင္း ေပးဆပ္ လိုက္ခ်င္ရဲ႕”

ခ်င္းတိုင္းရင္းသူေလး အက္စတာဟာ ဒီသီခ်င္းကို သူ႔ရဲ႕ကိုယ္ပိုင္ဟန္နဲ႔ လွလွပပ သီဆိုျပသြား ခဲ့ၿပီး လြမ္းေဆြးဆြတ္ပ်ံ႕ဖြယ္ေကာင္းတဲ့ မယ္လိုဒီေတးသြားေတြနဲ႔အတူ ဒိုင္ေတြကိုေရာ ပရိသတ္ေတြကိုပါ သီခ်င္းဆုံးတဲ့ အခ်ိန္ထိ ဖမ္းစားထားႏိုင္ခဲ့တာကို ေတြ႕ရပါ တယ္။

သီခ်င္းအလွည့္အေျပာင္းေတြနဲ႔အစြမ္းကုန္လွပစြာ သီဆိုခဲ့တဲ့ အက္စတာရဲ႕ သီဆို ယွဥ္ၿပိဳင္မႈ အတြက္ ဒိုင္ ၃ ေယာက္လုံးက မတ္တပ္ရပ္အားေပးခဲ့ၿပီး သီခ်င္းအဆုံးမွာ ဒိုင္တဦးျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက စင္ေပၚထိတက္ၿပီး ေပြ႕ဖက္အားေပးခဲ့တာကို ေတြ႕ရပါတယ္။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အဆိုေတာ္ ေအာင္ကိုလတ္၊တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္အမွတ္ေပးေန ၾကတာျဖစ္ၿပီး Host အေနနဲ႔ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္က တင္ဆက္ေပးေနတာပါ။

လတ္တေလာမွာေတာ့ ၿပိဳင္ပြဲဝင္ေတြကို မဲေပးေ႐ြးခ်ယ္ႏိုင္မယ့္ Voting Line ေတြကို ဖြင့္ထားေပးၿပီး MPT, Ooredoo နဲ႔ Mytel စတဲ့ ႀကိဳက္ႏွစ္သက္ရာ ဖုန္းလိုင္းေတြက တဆင့္လည္း Vote ေပးႏိုင္မွာ ျဖစ္ပါတယ္။

အက္စတာရဲ႕ Voting No.ကေတာ့ 77708 ျဖစ္ၿပီး ဒီကေန႔ညေန ၆ နာရီအထိ မဲ ေပးေ႐ြးခ်ယ္ အားေပးႏိုင္မွာ ျဖစ္ပါတယ္။

Top Finalists ၁၀ ေယာက္သာ က်န္ရွိေနတဲ့ ခုတပတ္ရဲ႕ တကၠသိုလ္အမွတ္တရသီ ခ်င္းေတြနဲ႔ သီတင္းပတ္ရဲ႕ Result Show ကိုေတာ့ ခုညေနမွာ သိၾကရေတာ့မွာ ျဖစ္ပါ တယ္။

ခုတပတ္မွာေတာ့ ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ တက္သြားမလဲ၊ဘယ္သူ ေတြကေတာ့ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာသြားရမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။

This news is published with the permission of DVB TV News.