ပါမောက္ခချုပ်ဆရာတော် ပါမောက္ခချုပ်ဖြစ်ချိန် မတ္တရာသူဌေးဆရာတော်ကြီး၏ ရှုမြင်သုံးသပ်မှု

135

ဥုးနန္ဒမာလာဘိဝံသကို ငယ်စဉ်မှပင် ပိဋကစာပေ ပညာရှင်ဟု သဘောထားခဲ့၏ ။

စာရေးသူ နိုင်ငံတော်သံဃမဟာနာယကတာဝန် ၁၃၆၂-ခုနှစ်မှစ၍ ထမ်းရ၏။

ထိုချိန်တွင် ဥုးနန္ဒမာလာဘိဝံသ က ဒေါက်တာနန္ဒမာလာဘိဝံသ အဖြစ်ဖြင့် ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ်ဖြင့် ရောက်နေပြီ။

၂၀၀၅-ခုနှစ် ၊သြဂုတ်လ ၁၃ – ရက်နေ့ ပါမောက္ခချုပ်ဆရာတော် ဥုးသီလာနန္ဒာဘိဝံသ ပျံလွန်တော်မူပြီဟူသော သတင်းနှင့် မရှေးမနှောင်း ❝ ပါမောက္ခချုပ် ဥုးနန္ဒမာလာဘိဝံသ ❞ ဟူသော သတင်းသည် မဟာနာယကကျောင်းတော်ကြီးသို့ ရောက်လာ၏ ။

နောက် အမှန် ဖြစ်သွားရာ အလွန့် အလွန် ဝမ်းသာအားရ ဖြစ်မိ၏။

ယခင်နှစ်များကပင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် စာပေသင်ကြားမှုနှင့်စပ်၍ စာသင်သားများက ဒေါက်တာနန္ဒမာလာဘိဝံသထံရောက်မှ အသိ အမြင်ရှင်းပြီး ကျေနပ်ကြရသည် ဟူသော သတင်း မဟာနာယက ကျောင်းတော်ကြီးမှာ ကြားနေရ၏ ။

ဥုးနန္ဒမာလာဘိဝံသ အနေဖြင့် ဤရာထူးကို မျှော်မှန်းထားခြင်းပင် ရှိမည် မထင်ပေ ။ထိုရာထူးခေါ် တာဝန်ကြီးများကို လိုချင်၍ တောင်းဆိုခဲ့ကြသည် မဟုတ်ပဲ ထိုက်တန်၍ ယုံယုံကြည်ကြည် အပ်နှင်းခံကြရသူများသာ ဖြစ်ကြပေ၏။

~~~ တွဲဖက်ရွှေကျင်သာသနာပိုင် ~~~

မတ္တရာသူဌေးဆရာတော်ကြီး (ကထိကရဟန်း)(သွေးစပ်သော မဟာသုဗောဓာရုံ ဆောင်းပါးမှ )

မှတ်တမ်းဓာတ်ပုံ —

ရန်ကုန် ကမ္ဘာအေး မဟာနာယကကျောင်းတော်ကြီး အရှေ့ဖက် မတ္တရာသူဌေးဆရာတော်ကြီးနှင့် ပါမောက္ခချုပ်ဆရာတော် အတူ မှတ်တမ်းပုံ ရိုက်ထားကြသည့် ပုံတော်များဖြစ်သည် ။

Credit > Bar Thu Ra Mandalay

ဥဳးနႏၵမာလာဘိဝံသကို ငယ္စဥ္မွပင္ ပိဋကစာေပ ပညာရွင္ဟု သေဘာထားခဲ့၏ ။

စာေရးသူ ႏိုင္ငံေတာ္သံဃမဟာနာယကတာဝန္ ၁၃၆၂-ခုႏွစ္မွစ၍ ထမ္းရ၏။

ထိုခ်ိန္တြင္ ဥဳးနႏၵမာလာဘိဝံသ က ေဒါက္တာနႏၵမာလာဘိဝံသ အျဖစ္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္မွာ ဧည့္ပါေမာကၡအျဖစ္ျဖင့္ ေရာက္ေနၿပီ။

၂၀၀၅-ခုႏွစ္ ၊ၾသဂုတ္လ ၁၃ – ရက္ေန႔ ပါေမာကၡခ်ဳပ္ဆရာေတာ္ ဥဳးသီလာနႏၵာဘိဝံသ ပ်ံလြန္ေတာ္မူၿပီဟူေသာ သတင္းႏွင့္ မေရွးမေႏွာင္း ❝ ပါေမာကၡခ်ဳပ္ ဥဳးနႏၵမာလာဘိဝံသ ❞ ဟူေသာ သတင္းသည္ မဟာနာယကေက်ာင္းေတာ္ႀကီးသို႔ ေရာက္လာ၏ ။

ေနာက္ အမွန္ ျဖစ္သြားရာ အလြန္႔ အလြန္ ဝမ္းသာအားရ ျဖစ္မိ၏။

ယခင္ႏွစ္မ်ားကပင္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္ စာေပသင္ၾကားမွဳႏွင့္စပ္၍ စာသင္သားမ်ားက ေဒါက္တာနႏၵမာလာဘိဝံသထံေရာက္မွ အသိ အျမင္ရွင္းၿပီး ေက်နပ္ၾကရသည္ ဟူေသာ သတင္း မဟာနာယက ေက်ာင္းေတာ္ႀကီးမွာ ၾကားေနရ၏ ။

ဥဳးနႏၵမာလာဘိဝံသ အေနျဖင့္ ဤရာထူးကို ေမွ်ာ္မွန္းထားျခင္းပင္ ရွိမည္ မထင္ေပ ။ထိုရာထူးေခၚ တာဝန္ႀကီးမ်ားကို လိုခ်င္၍ ေတာင္းဆိုခဲ့ၾကသည္ မဟုတ္ပဲ ထိုက္တန္၍ ယုံယုံၾကည္ၾကည္ အပ္ႏွင္းခံၾကရသူမ်ားသာ ျဖစ္ၾကေပ၏။

~~~ တြဲဖက္ေရႊက်င္သာသနာပိုင္ ~~~

မတၱရာသူေဌးဆရာေတာ္ႀကီး (ကထိကရဟန္း)(ေသြးစပ္ေသာ မဟာသုေဗာဓာ႐ုံ ေဆာင္းပါးမွ )

မွတ္တမ္းဓာတ္ပုံ —

ရန္ကုန္ ကမ႓ာေအး မဟာနာယကေက်ာင္းေတာ္ႀကီး အေရွ႕ဖက္ မတၱရာသူေဌးဆရာေတာ္ႀကီးႏွင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ အတူ မွတ္တမ္းပုံ ႐ိုက္ထားၾကသည့္ ပုံေတာ္မ်ားျဖစ္သည္ ။

Credit > Bar Thu Ra Mandalay