“တက္ကသိုလ်ကျောင်းက ငွေလမင်း”မြန်မာသံသီချင်းဖြင့် အစွမ်းပြခဲ့သူ အေးမြဖြူ(ရုပ်သံ)

264

မနေ့ညက ပြိုင်ပွဲဝင် ၁၀ ယောက် အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Idol Season 4 ရဲ့ တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ညမှာတော့ ပြိုင်ပွဲဝင် အေးမြဖြူက မြန်မာသံသီချင်းတပုဒ်နဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

“ရေလှိုင်းခတ်သံ… သစ်ရွက်ကြွေသံ… ကျေးငှက်မြည်သံ… ကြားပြန်တော့လည်း … မောင့်ကိုပဲ သတိရနေ… ချိုစကားသံနွဲ့ ဆိုဖွဲ့လေသူ… ဘဝပေး၍ ချစ်ရလေသောသူ … အသည်းပေး၍ ချစ်ရလေသောသူ… သက်လုံးပုံ၍ ချစ်ရလေသောသူ”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေကြား ရင်းနှီးပြီးသားဖြစ်တဲ့ “တက္ကသိုလ် ကျောင်းက ငွေလမင်း”သီချင်းထဲက တေးသီချင်းစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

တေးရေး မောင်ဆွေနွယ်ရေးစပ်ပြီး နာမည်ကြီးသရုပ်ဆောင်အဆိုတော် ချိုပြုံးသီ ဆိုအောင်မြင်ခဲ့တဲ့ ဒီသီချင်းကို ဒီတခါမှာတော့ အေးမြဖြူရဲ့ ဆန်းသစ်သီဆိုမှုနဲ့ ပရိသတ် တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ လွမ်းခွင့်လေး သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။

ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ “မြင်သောငိုသော မျက် လုံးများ”သီချင်းနဲ့ အစွမ်းပြပြီး နောက်တဆင့် တက်လှမ်းသွားနိုင်ခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက် ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

“ဘယ်မူနွဲ့ကစား၍… တိမ်းရှောင်မှုတွေကဲ… ဘယ်သူလှည့်ဖျား၍… စိမ်းယောင် ပြုနေသလဲ… စိုးတထိတ်ထိတ် မဝေခွဲနိုင်ပေ…. ကံ့ကော်ပွင့်ရာ… ငုဝါပွင့်ရာ… စိန်ပန်း ပွင့်ရာ… တက္ကသိုလ်ကျောင်းတော်မှာလေ… ဗျာပွေလှိုက်လှဲ မေတစ်ယောက်တည်း… မပျော်နိုင်ပေ”

အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ မြန်မာသံသီချင်းနဲ့ ထူးခြားတဲ့ သီဆို ဟန်အပေါ် ဒိုင်တွေက ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြပြီး ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဖြူ ဖြူကျော်သိန်းက “အေးမြဖြူ… ဘာလဲ… ဘယ်လဲဆိုတာကို ပြလိုက်တာပဲ”လို့ ချီးကျူး စ ကားပြောခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အေးမြဖြူရဲ့ Voting No. ကတော့ 77711 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

မေန႔ညက ၿပိဳင္ပြဲဝင္ ၁၀ ေယာက္ အစြမ္းကုန္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ Myanmar Idol Season 4 ရဲ႕ တကၠသိုလ္အမွတ္တရ သီခ်င္းေတြနဲ႔ညမွာေတာ့ ၿပိဳင္ပြဲဝင္ ေအးျမျဖဴက ျမန္မာသံသီခ်င္းတပုဒ္နဲ႔ အစြမ္းျပ ယွဥ္ၿပိဳင္သြားခဲ့ပါတယ္။

“ေရလႈိင္းခတ္သံ… သစ္႐ြက္ေႂကြသံ… ေက်းငွက္ျမည္သံ… ၾကားျပန္ေတာ့လည္း … ေမာင့္ကိုပဲ သတိရေန… ခ်ိဳစကားသံႏြဲ႕ ဆိုဖြဲ႕ေလသူ… ဘဝေပး၍ ခ်စ္ရေလေသာသူ … အသည္းေပး၍ ခ်စ္ရေလေသာသူ… သက္လုံးပုံ၍ ခ်စ္ရေလေသာသူ”

ဒါကိုၾကားလိုက္တာနဲ႔ ပရိသတ္ေတြၾကား ရင္းႏွီးၿပီးသားျဖစ္တဲ့ “တကၠသိုလ္ ေက်ာင္းက ေငြလမင္း”သီခ်င္းထဲက ေတးသီခ်င္းစာသားေတြမွန္း သိၾကၿပီး ျဖစ္မွာပါ။

ေတးေရး ေမာင္ေဆြႏြယ္ေရးစပ္ၿပီး နာမည္ႀကီးသ႐ုပ္ေဆာင္အဆိုေတာ္ ခ်ိဳၿပဳံးသီ ဆိုေအာင္ျမင္ခဲ့တဲ့ ဒီသီခ်င္းကို ဒီတခါမွာေတာ့ ေအးျမျဖဴရဲ႕ ဆန္းသစ္သီဆိုမႈနဲ႔ ပရိသတ္ ေတြက ရႈစားခဲ့ၾကရတာ ျဖစ္ပါတယ္။

အသက္ ၉ ႏွစ္အ႐ြယ္ေလာက္ကတည္းက Starlet’s Sky – ၾကယ္ကေလးေတြရဲ႕ ဂီတမိုးေကာင္းကင္သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ Myanmar Idol ရဲ႕ စင္ျမင့္ဆီကို တက္လွမ္း လာခဲ့တဲ့ ေအးျမျဖဴဟာ လက္ရွိမွာေတာ့ အသက္ ၁၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ကာ အသက္ အငယ္ဆုံးၿပိဳင္ပြဲဝင္ျဖစ္လာခဲ့ပါတယ္။

ေအးျမျဖဴဟာ Myanmar Idol ရဲ႕ Audition အဆင့္မွာလည္း နီနီခင္ေဇာ္ရဲ႕ သီခ်င္းတပုဒ္ျဖစ္တဲ့ ရက္စက္သြားသူသီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တာပါ။

Top Finalists ၁၁ ေယာက္ အၿပိဳင္ႀကဲယွဥ္ၿပိဳင္ၾကရမယ့္ ပထမသီတင္းပတ္မွာ ေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ သူတို႔ႀကိဳက္ႏွစ္သက္ရာသီခ်င္းေတြနဲ႔ အစြမ္းကုန္ယွဥ္ၿပိဳင္ခဲ့ၾက တာ ျဖစ္ၿပီး ေအးျမျဖဴက နီနီခင္ေဇာ္ရဲ႕ လြမ္းခြင့္ေလး သီခ်င္းနဲ႔ အစြမ္းျပယွဥ္ၿပိဳင္ခဲ့တာ ပါ။

ေရာ့ခ္သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတဲ့ ေနာက္တပတ္မွာေတာ့ သူက သ႐ုပ္ ေဆာင္အဆိုေတာ္ မင္းသားႀကီး ေက်ာ္ဟိန္း သီဆိုေအာင္ျမင္ခဲ့တဲ့ “ျမင္ေသာငိုေသာ မ်က္ လုံးမ်ား”သီခ်င္းနဲ႔ အစြမ္းျပၿပီး ေနာက္တဆင့္ တက္လွမ္းသြားႏိုင္ခဲ့တာပါ။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အ ဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္အမွတ္ေပး ေနၾကတာျဖစ္ၿပီး Host အေနနဲ႔ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္က တင္ဆက္ေပးေနတာပါ။

“ဘယ္မူႏြဲ႕ကစား၍… တိမ္းေရွာင္မႈေတြကဲ… ဘယ္သူလွည့္ဖ်ား၍… စိမ္းေယာင္ ျပဳေနသလဲ… စိုးတထိတ္ထိတ္ မေဝခြဲႏိုင္ေပ…. ကံ့ေကာ္ပြင့္ရာ… ငုဝါပြင့္ရာ… စိန္ပန္း ပြင့္ရာ… တကၠသိုလ္ေက်ာင္းေတာ္မွာေလ… ဗ်ာေပြလႈိက္လွဲ ေမတစ္ေယာက္တည္း… မေပ်ာ္ႏိုင္ေပ”

ေအးျမျဖဴရဲ႕ သီဆိုယွဥ္ၿပိဳင္မႈအဆုံးမွာေတာ့ ျမန္မာသံသီခ်င္းနဲ႔ ထူးျခားတဲ့ သီဆို ဟန္အေပၚ ဒိုင္ေတြက ခ်ီးက်ဴးမွတ္ခ်က္ေတြ ေပးခဲ့ၾကၿပီး ဒိုင္ေတြထဲက တဦးျဖစ္တဲ့ ျဖဴ ျဖဴေက်ာ္သိန္းက “ေအးျမျဖဴ… ဘာလဲ… ဘယ္လဲဆိုတာကို ျပလိုက္တာပဲ”လို႔ ခ်ီးက်ဴး စ ကားေျပာခဲ့တာကို ေတြ႕ရပါတယ္။

လတ္တေလာမွာေတာ့ ၿပိဳင္ပြဲဝင္ေတြကို မဲေပးေ႐ြးခ်ယ္ႏိုင္မယ့္ Voting Line ေတြကို ဖြင့္ထားေပးၿပီး MPT, Ooredoo နဲ႔ Mytel စတဲ့ ႀကိဳက္ႏွစ္သက္ရာ ဖုန္းလိုင္းေတြက တဆင့္လည္း Vote ေပးႏိုင္မွာ ျဖစ္ပါတယ္။

ေအးျမျဖဴရဲ႕ Voting No. ကေတာ့ 77711 ျဖစ္ၿပီး ဒီကေန႔ညေန ၆ နာရီအထိ မဲ ေပးေ႐ြးခ်ယ္ အားေပးႏိုင္မွာ ျဖစ္ပါတယ္။

Top Finalists ၁၀ ေယာက္သာ က်န္ရွိေနတဲ့ ခုတပတ္ရဲ႕ တကၠသိုလ္အမွတ္တရသီ ခ်င္းေတြနဲ႔ သီတင္းပတ္ရဲ႕ Result Show ကိုေတာ့ ခုညေနမွာ သိၾကရေတာ့မွာ ျဖစ္ပါ တယ္။

ခုတပတ္မွာေတာ့ ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ တက္သြားမလဲ၊ ဘယ္သူ ေတြကေတာ့ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာသြားရမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။