ကလေးထိန်း အမျိုးသမီးက၊ အလုပ်ခန့်ပြီး တစ်ရက်အကြာမှာ ကလေးကိုခိုးပြေး

488

ကလေးမိခင်တစ်ဦးဟာ အလုပ်က တစ်ဖက်ဖြစ်တာကြောင့် Facebook ပေါ်ကနေ ရှာတွေတဲ့ ကလေးထိန်းတစ်ဦးကို ယုံကြည်စွာနဲ့ ကလေးထိန်းဖို့ အလုပ်အပ်နှံခဲ့ပါတယ်။ အဆိုပါ ကလေးထိန်းအမျိုးသမီးဟာ အလုပ်လုပ်လို့ တစ်ရက်သာ ကြာတဲ့အချိန်မှာ ကလေးကို ခိုးပြေးကြောင်း သိရပါတယ်။

ဒီအကြောင်းကို The Sun သတင်းစာက ဖော်ပြထားတာပါ။ ကလေးမိခင်ဖြစ်သူဟာ CCTV တွေကို စစ်ဆေးကြည့်တဲ့အချိန်မှာ ကလေးထိန်းအမျိုးသမီးက ကလေးကို ခိုးယူထွက်ပြေးသွားတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ကလေးမိခင်ရဲ့မည်ကတော့ Princess Jean Perrin ဖြစ်ပါတယ်။

Jean ဟာ ဖိလစ်ပိုင်မှာ နေထိုင်တာပါ။ သူဟာ ကလေးပျောက်သွားသွားချင်းပဲ ရဲကို တိုင်ခဲ့ပါတယ်။ ကလေးသူခိုးရဲ့ မှတ်ပုံတင်ကိုတော့ မိတ္ထူယူထားနိုင်ခဲ့ပါသတဲ့။ ဒါပေမယ့် အဲဒီကတ်က အတုဖြစ်နေပါတယ်။ ရဲက ကလေးသူခိုးရဲ့ဗွီဒီယိုကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။

ဗွီဒီယိုက လူသိများလာတဲ့အခါမှာ အဲဒီ ကလေးထိန်းဟာ ကလေးကို ပြန်လာပြီးအပ်ပါတယ်။ သူမ ကလေးခိုးသွားတာ မဟုတ်ကြောင်း စျေးခဏအဝယ်ထွက်တာ နားလည်မှုလွဲသွားတာ ဖြစ်ကြောင်းဆိုပါတယ်။ ဒါပေမယ့် ကလေးမိဘတွေကတော့ သူမရဲ့ ငြင်းဆိုမှုကို လက်မခံဘဲ ကလေးထိန်းနဲ့ သူမရဲ့ ဖခင်ကို ပြန်ပေးဆွဲမှုနဲ့ အမှုဖွင့်ထားပါတယ်။

လင်းဇော်ကို  D Nae Khit Media

ကေလးမိခင္တစ္ဦးဟာ အလုပ္က တစ္ဖက္ျဖစ္တာေၾကာင့္ Facebook ေပၚကေန ရွာေတြတဲ့ ကေလးထိန္းတစ္ဦးကို ယုံၾကည္စြာနဲ႔ ကေလးထိန္းဖုိ႔ အလုပ္အပ္ႏွံခဲ့ပါတယ္။ အဆုိပါ ကေလးထိန္းအမ်ိဳးသမီးဟာ အလုပ္လုပ္လုိ႔ တစ္ရက္သာ ၾကာတဲ့အခ်ိန္မွာ ကေလးကို ခုိးေျပးေၾကာင္း သိရပါတယ္။

ဒီအေၾကာင္းကို The Sun သတင္းစာက ေဖာ္ျပထားတာပါ။ ကေလးမိခင္ျဖစ္သူဟာ CCTV ေတြကို စစ္ေဆးၾကည့္တဲ့အခ်ိန္မွာ ကေလးထိန္းအမ်ိဳးသမီးက ကေလးကို ခုိးယူထြက္ေျပးသြားတာကို ေတြ႕လုိက္ရတာ ျဖစ္ပါတယ္။ ကေလးမိခင္ရဲ႕မည္ကေတာ့ Princess Jean Perrin ျဖစ္ပါတယ္။

Jean ဟာ ဖိလစ္ပိုင္မွာ ေနထုိင္တာပါ။ သူဟာ ကေလးေပ်ာက္သြားသြားခ်င္းပဲ ရဲကုိ တုိင္ခဲ့ပါတယ္။ ကေလးသူခုိးရဲ႕ မွတ္ပုံတင္ကိုေတာ့ မိတၳဴယူထားႏုိင္ခဲ့ပါသတဲ့။ ဒါေပမယ့္ အဲဒီကတ္က အတုျဖစ္ေနပါတယ္။ ရဲက ကေလးသူခုိးရဲ႕ဗြီဒီယုိကို လူမႈကြန္ရက္မွာ ျဖန္႔ေဝခဲ့ပါတယ္။

ဗြီဒီယုိက လူသိမ်ားလာတဲ့အခါမွာ အဲဒီ ကေလးထိန္းဟာ ကေလးကို ျပန္လာၿပီးအပ္ပါတယ္။ သူမ ကေလးခုိးသြားတာ မဟုတ္ေၾကာင္း ေစ်းခဏအဝယ္ထြက္တာ နားလည္မႈလြဲသြားတာ ျဖစ္ေၾကာင္းဆုိပါတယ္။ ဒါေပမယ့္ ကေလးမိဘေတြကေတာ့ သူမရဲ႕ ျငင္းဆုိမႈကို လက္မခံဘဲ ကေလးထိန္းနဲ႔ သူမရဲ႕ ဖခင္ကို ျပန္ေပးဆြဲမႈနဲ႔ အမႈဖြင့္ထားပါတယ္။

လင္းေဇာ္ကို D Nae Khit Media