အခုအချိန်ထိ သင့်မှာ ချစ်သူကောင်မလေး မရှိရခြင်းရဲ့ အကြောင်းအရင်းများ

99

ဘဝမှာ ချစ်သူလက်တွဲဖော်ဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အချစ်ကို ရှာဖွေနေကြတာပေါ့။ အခု အပျိုကြီးလူပျိုကြီး ဖြစ်နေသူတွေလည်း အချစ်ကို ရှာဖွေဖူးကြပါတယ်။ မရှာခဲ့ဖူးဘူးလို့ ညာချင်သာ ညာမယ် ရှာကို ရှာခဲ့ပါတယ်။

တစ်ချို့အပျိုကြီး လူပျိုကြီးတွေဆို အခုထိ ရှာနေဆဲပါဘဲ။ အခုအချိန်ထိ သင့်မှာ ချစ်သူကောင်မလေး မရှိသေးတာဟာ သူတို့အပြစ်မဟုတ်ပါဘူး။ သင့် အပြစ်တွေပါ။ ဘယ်လိုလဲဆိုတာ D Nae Khit-က အကြံပေးချင်ပါတယ်။ ရည်းစားလိုချင်ရင် ဖော်ပြပါ အပြစ်တွေ ပြင်မှဖြစ်မယ်နော်။

(၁) မိသားစုကို ခင်တွယ်လွန်းတဲ့သူမို့

မိသားစုကို လူတိုင်း ချစ်ကြပါတယ်။ ဒါပေမယ့် အချစ်ကို ရချင်တယ်ဆိုရင်တော့ ဖြစ်နိုင်သမျှ အတ္တ၊ မာနတွေ၊ အချိန်တွေ မျှရပါမယ်။ တစ်ဖက် ကောင်မလေးက သင်ဟာ မိဘကို အလွန်ချစ်သူ၊ သူမကိုတော့ ဖြစ်သင့်သလောက် ဂရုမစိုက်သူလို့ သိနေတဲ့အတွက် သင် လက်တွဲဖော်မဲ့နေတာပါ။

(၂) အတ္တကြီးလွန်းလို့

တစ်ချို့ကတွေက အတ္တကြီးလွန်းကြပါတယ်။ အတ္တဆိုတာ ဘာလဲလို့ အလွယ်ပြောရရင် “ငါ့ဖို့”ကြည့်တာပါဘဲ။ ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘယ်သူနဲ့ဆက်ဆံဆက်ဆံ ငါ့ဖို့-ဆိုတာချည်းပဲ ကြည့်နေလို့ မရပါဘူး။ အဲဒီလို တစ်ဖက်ကို ထည့်မတွက်တဲ့ အတ္တကြီးသူတွေမှာ ချစ်သူမရှိပါဘူး။

(၃) အချစ်ကြောင့် တစ်ခါသေဖူးလို့

တစ်ခါသေဖူး ပြဉ်ဖိုး နားလည်ဆိုတဲ့စကားလည်း ရှိပါတယ်။ တစ်ချို့က ကိုယ်ကြိုက်တဲ့ သဘောကျတဲ့ ကောင်မလေး ရှိနေပေမယ့် အတိတ်မှာ ရင်နှင့်အမျှ နာကျင်ခဲ့ဖူးတာကြောင့် ချစ်ရမှာ ကြောက်နေတတ်ကြပါတယ်။ ဒီဝေဒနာတွေကို သင့်အာရုံက မဖျောက်ဖျက်နိုင်သေးသရွေ့ ချစ်သူမရနိုင်ပါဘူး။

(၄) သဘောထား မပြည့်ဝခြင်း/ တာဝန်ခံမှုမရှိခြင်း

ယောက်ျားတွေ သဘောထား မပြည့်ဝတာကို နားလည်လွယ်အောင် ရှင်းရှင်းပြောရရင် မိန်းမလိုမိန်းမရ နိုင်တာ၊ တစ်ဖက်သားအပေါ်ကို ကောက်ကျစ်ဖူးတာ၊ ယုတ်မာဖူးတာ၊ ဒါမှမဟုတ် မိန်းကလေးတစ်ဦးဦးကို တာဝန်ယူနိုင်ပါလျှက် မယူခဲ့တာ၊ တာဝန်မဲ့ခဲ့တာ .. အခြား မကောင်းတဲ့ အတိတ်တွေ ရှိနေတာကို ဆိုလိုပါတယ်။

(၅) မိန်းကလေးတွေ မက်မောတဲ့အရည်အချင်း မရှိလို့

မိန်းကလေးတွေ ဘာကို မက်မောလဲဆိုတာ သူတို့ စိတ်ခံစားမှုပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပါတယ်။ တစ်ချို့က ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးတယ်၊ တစ်ချို့က စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုကို ဦးစားပေးတယ်။ နောက် ပညာ၊ ဥစ္စာစည်းစိမ်၊ ဓနဂုဏ် … စသဖြင့် သူတို့ မက်မောတဲ့အခါ တစ်ခုခု ချို့ယွင်းနေရင်လည်း ချစ်သူ မရနိုင်ပါဘူး။

နတ်စည်တော် ( D Nae Khit Media )

ဘဝမွာ ခ်စ္သူလက္တြဲေဖာ္ဆုိတာ အေရးပါတဲ့ အခန္းက႑တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လူေတြဟာ အခ်စ္ကုိ ရွာေဖြေနၾကတာေပါ့။ အခု အပ်ိဳႀကီးလူပ်ိဳႀကီး ျဖစ္ေနသူေတြလည္း အခ်စ္ကို ရွာေဖြဖူးၾကပါတယ္။ မရွာခဲ့ဖူးဘူးလုိ႔ ညာခ်င္သာ ညာမယ္ ရွာကို ရွာခဲ့ပါတယ္။

တစ္ခ်ိဳ႕အပ်ိဳႀကီး လူပ်ိဳႀကီးေတြဆုိ အခုထိ ရွာေနဆဲပါဘဲ။ အခုအခိ်န္ထိ သင့္မွာ ခ်စ္သူေကာင္မေလး မရွိေသးတာဟာ သူတုိ႔အျပစ္မဟုတ္ပါဘူး။ သင့္ အျပစ္ေတြပါ။ ဘယ္လုိလဲဆုိတာ D Nae Khit-က အႀကံေပးခ်င္ပါတယ္။ ရည္းစားလုိခ်င္ရင္ ေဖာ္ျပပါ အျပစ္ေတြ ျပင္မွျဖစ္မယ္ေနာ္။

(၁) မိသားစုကုိ ခင္တြယ္လြန္းတဲ့သူမုိ႔

မိသားစုကို လူတုိင္း ခ်စ္ၾကပါတယ္။ ဒါေပမယ့္ အခ်စ္ကို ရခ်င္တယ္ဆုိရင္ေတာ့ ျဖစ္ႏုိင္သမွ် အတၱ၊ မာနေတြ၊ အခ်ိန္ေတြ မွ်ရပါမယ္။ တစ္ဖက္ ေကာင္မေလးက သင္ဟာ မိဘကို အလြန္ခ်စ္သူ၊ သူမကိုေတာ့ ျဖစ္သင့္သေလာက္ ဂ႐ုမစုိက္သူလုိ႔ သိေနတဲ့အတြက္ သင္ လက္တြဲေဖာ္မဲ့ေနတာပါ။

(၂) အတၱႀကီးလြန္းလုိ႔

တစ္ခ်ိဳ႕ကေတြက အတၱႀကီးလြန္းၾကပါတယ္။ အတၱဆုိတာ ဘာလဲလုိ႔ အလြယ္ေျပာရရင္ “ငါ့ဖုိ႕”ၾကည့္တာပါဘဲ။ ဘာလုပ္လုပ္၊ ဘယ္သြားသြား၊ ဘယ္သူနဲ႔ဆက္ဆံဆက္ဆံ ငါ့ဖုိ႔-ဆုိတာခ်ည္းပဲ ၾကည့္ေနလုိ႔ မရပါဘူး။ အဲဒီလုိ တစ္ဖက္ကို ထည့္မတြက္တဲ့ အတၱႀကီးသူေတြမွာ ခ်စ္သူမရွိပါဘူး။

(၃) အခ်စ္ေၾကာင့္ တစ္ခါေသဖူးလုိ႔

တစ္ခါေသဖူး ျပဥ္ဖုိး နားလည္ဆုိတဲ့စကားလည္း ရွိပါတယ္။ တစ္ခ်ိဳ႕က ကိုယ္ႀကိဳက္တဲ့ သေဘာက်တဲ့ ေကာင္မေလး ရွိေနေပမယ့္ အတိတ္မွာ ရင္ႏွင့္အမွ် နာက်င္ခဲ့ဖူးတာေၾကာင့္ ခ်စ္ရမွာ ေၾကာက္ေနတတ္ၾကပါတယ္။ ဒီေဝဒနာေတြကို သင့္အာ႐ုံက မေဖ်ာက္ဖ်က္ႏုိင္ေသးသေရြ႕ ခ်စ္သူမရႏုိင္ပါဘူး။

(၄) သေဘာထား မျပည့္ဝျခင္း/ တာဝန္ခံမႈမရွိျခင္း

ေယာက္်ားေတြ သေဘာထား မျပည့္ဝတာကို နားလည္လြယ္ေအာင္ ရွင္းရွင္းေျပာရရင္ မိန္းမလုိမိန္းမရ ႏုိင္တာ၊ တစ္ဖက္သားအေပၚကို ေကာက္က်စ္ဖူးတာ၊ ယုတ္မာဖူးတာ၊ ဒါမွမဟုတ္ မိန္းကေလးတစ္ဦးဦးကို တာဝန္ယူႏုိင္ပါလွ်က္ မယူခဲ့တာ၊ တာဝန္မဲ့ခဲ့တာ .. အျခား မေကာင္းတဲ့ အတိတ္ေတြ ရွိေနတာကို ဆုိလုိပါတယ္။

(၅) မိန္းကေလးေတြ မက္ေမာတဲ့အရည္အခ်င္း မရွိလုိ႔

မိန္းကေလးေတြ ဘာကုိ မက္ေမာလဲဆုိတာ သူတုိ႔ စိတ္ခံစားမႈေပၚမူတည္ၿပီး တစ္ဦးနဲ႔တစ္ဦး ကြဲျပားႏုိင္ပါတယ္။ တစ္ခ်ိဳ႕က ႐ုပ္ပုိင္းဆုိင္ရာကို ဦးစားေပးတယ္၊ တစ္ခ်ိဳ႕က စိတ္ပုိင္းဆုိင္ရာ ျပည့္ဝမႈကို ဦးစားေပးတယ္။ ေနာက္ ပညာ၊ ဥစၥာစည္းစိမ္၊ ဓနဂုဏ္ … စသျဖင့္ သူတုိ႔ မက္ေမာတဲ့အခါ တစ္ခုခု ခ်ိဳ႕ယြင္းေနရင္လည္း ခ်စ္သူ မရႏုိင္ပါဘူး။

နတ္စည္ေတာ္ ( D Nae Khit Media )