သတို့သားရှေ့မှာ ချစ်သူဟောင်းအမျိုးသားကို ဝမ်းနည်းစွာ ဖက်ငိုခဲ့တဲ့ သတို့သမီး ရုပ်သံ

899

ချစ်သူတိုင်း ပေါင်းရမယ်လို့ အာမခံချက် မရှိပါဘူး။ တစ်ခါတလေ ဘဝပေး ကံကြမ္မာအရ ကိုယ်သိပ်မုန်းတဲ့သူနဲ့လည်း လက်ဆက်ရတတ်ပါတယ်။ တစ်ချို့က ငယ်ကချစ်ရင် အနှစ်တစ်ရာ မမေ့သာဘူးဆိုတဲ့ စကားသာ တွင်တွင်ပြောကြပေမယ့်၊ သူတို့ဟာ လက်တွေ့မှာ ကိုယ်တစ်ကယ် ချစ်ရသူနဲ့ နီးစပ်အောင်မလုပ်ခဲ့တာ သေချာပါတယ်။

အခုလည်း မင်္ဂလာပွဲတစ်ခုမှာ ချစ်သူဟောင်း အမျိုးသားဟာ သူနဲ့ ကံချင်းမနီးစပ်ခဲ့တဲ့ သတို့သမီးလေးကို ဝမ်းနည်းစွာနဲ့ ဖက်ပြီး ငိုခဲ့တာပါ။ သတို့သမီးကလည်း မျက်ရည်မဆည်နိုင် ဖြစ်နေပြီး၊ သူတို့တစ်တွေရဲ့ နီးစပ်မှုဟာ အခုဘဝမှာတော့ ဖြစ်နိုင်ဖို့ အတော်လေး ခဲယဉ်းပါတယ်။

သူတို့နှစ်ယောက်ဟာ မင်္ဂလာပွဲလာ ပရိသတ်ရှေ့မှာ အလွမ်းသယ် ငိုပွဲဆင်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အများသဘောကျနေတာကတော့ သတို့သားပါ။ သူဟာ တည်ငြိမ်ရင့်ကျက်စွာနဲ့ သတို့သမီးနဲ့ သူမရဲ့ ရည်းစားဟောင်းတို့ အလွမ်းသယ်တာကို စိတ်ရှည်ရှည် စောင့်နေခဲ့ပါတယ်။

နောက်တော့ ဇနီးအသစ်စက်စက်လေးရဲ့ ရည်းစားဟောင်း ကောင်လေးကို ပရိုဆန်ဆန် လက်ဆွဲနှုတ်ဆက်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သတင်းမှာ တိတိကျကျ ဖော်ပြမထားပါဘူး။ စတင်ဖြန့်ဝေတဲ့ နေရာကတော့ AkocAne Kulitz FUN PAGE လို့ သိရပါတယ်။

လင္းေဇာ္ကုိ D Nae Khit Media

ခ်စ္သူတုိင္း ေပါင္းရမယ္လုိ႔ အာမခံခ်က္ မရွိပါဘူး။ တစ္ခါတေလ ဘဝေပး ကံၾကမၼာအရ ကိုယ္သိပ္မုန္းတဲ့သူနဲ႔လည္း လက္ဆက္ရတတ္ပါတယ္။ တစ္ခ်ိဳ႕က ငယ္ကခ်စ္ရင္ အႏွစ္တစ္ရာ မေမ့သာဘူးဆုိတဲ့ စကားသာ တြင္တြင္ေျပာၾကေပမယ့္၊ သူတုိ႔ဟာ လက္ေတြ႕မွာ ကုိယ္တစ္ကယ္ ခ်စ္ရသူနဲ႔ နီးစပ္ေအာင္မလုပ္ခဲ့တာ ေသခ်ာပါတယ္။

အခုလည္း မဂၤလာပြဲတစ္ခုမွာ ခ်စ္သူေဟာင္း အမ်ိဳးသားဟာ သူနဲ႔ ကံခ်င္းမနီးစပ္ခဲ့တဲ့ သတုိ႔သမီးေလးကို ဝမ္းနည္းစြာနဲ႔ ဖက္ၿပီး ငိုခဲ့တာပါ။ သတုိ႔သမီးကလည္း မ်က္ရည္မဆည္ႏုိင္ ျဖစ္ေနၿပီး၊ သူတုိ႔တစ္ေတြရဲ႕ နီးစပ္မႈဟာ အခုဘဝမွာေတာ့ ျဖစ္ႏုိင္ဖုိ႔ အေတာ္ေလး ခဲယဥ္းပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ မဂၤလာပြဲလာ ပရိသတ္ေရွ႕မွာ အလြမ္းသယ္ ငုိပြဲဆင္ခဲ့ၾကတဲ့ ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔လာခဲ့ပါတယ္။ အမ်ားသေဘာက်ေနတာကေတာ့ သတုိ႔သားပါ။ သူဟာ တည္ၿငိမ္ရင့္က်က္စြာနဲ႔ သတုိ႔သမီးနဲ႔ သူမရဲ႕ ရည္းစားေဟာင္းတုိ႔ အလြမ္းသယ္တာကုိ စိတ္ရွည္ရွည္ ေစာင့္ေနခဲ့ပါတယ္။

ေနာက္ေတာ့ ဇနီးအသစ္စက္စက္ေလးရဲ႕ ရည္းစားေဟာင္း ေကာင္ေလးကို ပ႐ုိဆန္ဆန္ လက္ဆြဲႏႈတ္ဆက္ခဲ့တာပါ။ ဒီအျဖစ္အပ်က္ဟာ ဘယ္ေနရာမွာ ျဖစ္ပ်က္ခဲ့တယ္ဆုိတာ သတင္းမွာ တိတိက်က် ေဖာ္ျပမထားပါဘူး။ စတင္ျဖန္႔ေဝတဲ့ ေနရာကေတာ့ AkocAne Kulitz FUN PAGE လုိ႔ သိရပါတယ္။

လင္းေဇာ္ကုိ D Nae Khit Media

Previous articleရန်ကုန်ငလျင် လူအများထိတ်လန့်
Next articleရေအသောက်များခြင်းဟာ ကောင်းသလား … ဆိုးသလား …?
လင်းဇော်ကိုသည် ... D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။ လင်းဇော်ကို သည် ဂျာနယ်/မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ စီနီယာအယ်ဒီတာ အစရှိသည့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိအချိန်တွင်လည်း နိုင်ငံခြားသတင်းများ၊ ဆောင်းပါးများ၊ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ရေးသားလျှက် ရှိပါသည်။ လင်းဇော်ကိုသည် နတ်စည်တော်၊ လင်းသူရိန်၊ လင်းသုတ၊ နေသူရိန် အစရှိသည့် ကလောင်ခွဲများဖြင့်လည်း ဘာသာပြန်သတင်းဆောင်းပါးများ ရေးသားလျှက် ရှိပါသည်။