လပြည့်နေ့ မန္တလေး.. ပြင်ဦးလွင်လမ်း ကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်

113








11-11-2019 ရက်နေ့ (00:15) နာရီ

မန္တလေး – ပြင်ဦးလွင် ကားလမ်း (တမာတောင်)အကျဉ်းဦးစီးကွေ့ (15/7) မိုင်တိုင် တွင်(22)ဘီး မော်တော်ယာဉ် တစ်စီး အရှိန်လွန်ကာလမ်း၏ ညာဘက်ချောက်အတွင်း တိမ်းမှောက်ပြီးယာဉ်မောင်သည် ယာဉ်၏အောက်၌ဦးခေါင်း ပိမိ အနေအထားဖြင့် ညပ်နေကြောင်းသတင်းရ သောကြောင့်

တိုင်းကော်မတီ ဥက္ကဋ္ဌ ၏ လမ်းညွှန်ချက်အရပြင်ဦးလွင် – မန္တလေးကားလမ်းမကြီးပေါ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းကူညီနိုင်ရန် အတွက်စေတနာမွန်အသင်း (အုန်းချော) ၌ ပူးပေါင်းအခြေပြုထားသော တိုင်းဒေသကြီးရုံး မှရှာဖွေကယ်ဆယ်ရေး အဖွဲ့ သည်အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ယာဉ်ဖြင့်

နယ်မြေခံ စေတနာမွန် လှူမှုကူညီရေးအသင်း နှင့်အတူ လျှင်မြန်စွာ သွားရောက်ခဲ့ပြီးယာဉ်၏ အောက်၌ ဦးခေါင်းညပ်နေသော လူနာအား(7)မိနစ် အတွင်း အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်ပေးပါသောစေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)သုခလွင်အသင်း (ကျောက်ချော) နှင့်
ဝိုင်းဝန်းကူညီကြသူများအားအထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ဒေသကြီး ကော်မတီ)