လေးဖြူသီဆိုသည့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ဝင်တေး အွန်လိုင်းပေါ် ရေပန်းစား(ရုပ်သံ)

345

နာမည်ကြီး ရော့ခ်တေးသံရှင်တဦးဖြစ်တဲ့ လေးဖြူသီဆိုထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည်ရုပ်ရှင်ဇာတ်ဝင်တေးဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်း စားနေခဲ့ပါတယ်။

“ပင်လယ်ပြင်သမုဒ္ဒရာ… ရေတွေဝင်လာနားဖို့ ရင်ခွင်ဖွင့်ပေးထား… ကောင်းကင် တိမ်တွေ လေပေါ်ပိုက်လို့… ရင်ဖွင့်စောင့်ရှောက်လို့ထား… ကမ္ဘာမြေပြင်အနှံ့မှာ… အနာ ခံအကြင်နာမေတ္တာ… သံသရာရှည်ခဲ့ကြ… သက္ကရာဇ်များစွာ ဘဝအဆက်ဆက်… ထာဝ ရသက်ရှိ အလှတရား”

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုရရှိနေခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စာရေးဆ ရာ တင်ညွန့်ရဲ့ ဝတ္ထုကို သက်ဦးမောင်နဲ့ မင်းသခင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

စာရေးဆရာ တင်ညွန့်ရဲ့ ဒီဝတ္ထုဟာ အမျိုးသားစာပေဆုလည်း ရရှိခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလက ပဲခူးရိုးမထဲက ရွာလေးတရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေတည်ထားခဲ့တာပါ။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ အဲဒီခေတ်ကာလ အ ပြင်အဆင်တွေ၊ ကျေးလက်ဒေသကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘဝအခြေအနေတွေနဲ့ အ တူ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ထူး အောင်၊ အောင်ရေချမ်း၊ အိနြ္ဒာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်နဲ့ တခြားသရုပ် ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။

“ကျောခင်းတံတားများ”လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကို တော့ တေးရေး ထုံကြီးက ရေးဖွဲ့ပေးထားတာဖြစ်ပြီး လေးဖြူရဲ့ သီဆိုမှုနဲ့အတူ ဇာတ်ဝင် ခန်းမြင်ကွင်းတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

“မြင်နိုင်သည်ဖြစ်စေ… မမြင်သည်ဖြစ်စေ… မရပ်တန့် ကရုဏာများ… ကိုယ်တိုင် ဝင်ခံစားလေ… ပိုနက်ရှိုင်းလေ… ကျောခင်းတံတားပေါ်က အမှန်တရား… မြေဆီလွှာ ပေါ်မှာ ထွန်ယက်သွား… အသက်ထက်ရင့်မှည့်တဲ့ ပေးဆပ်ခြင်းတွေအား… နာကျင်လေ တဲ့ ဝဋ်ကြွေး… ချိုမြိန်စွာဟစ်ကြွေး”

လတ်တလောမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၅ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

This news is published with the permission of DVB TV News.

နာမည္ႀကီး ေရာ့ခ္ေတးသံရွင္တဦးျဖစ္တဲ့ ေလးျဖဴသီဆိုထားတဲ့ ႐ိုးမေပၚက်တဲ့ မ်က္ရည္႐ုပ္ရွင္ဇာတ္ဝင္ေတးဟာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရပန္း စားေနခဲ့ပါတယ္။

“ပင္လယ္ျပင္သမုဒၵရာ… ေရေတြဝင္လာနားဖို႔ ရင္ခြင္ဖြင့္ေပးထား… ေကာင္းကင္ တိမ္ေတြ ေလေပၚပိုက္လို႔… ရင္ဖြင့္ေစာင့္ေရွာက္လို႔ထား… ကမာၻေျမျပင္အႏွံ႔မွာ… အနာ ခံအၾကင္နာေမတၱာ… သံသရာရွည္ခဲ့ၾက… သကၠရာဇ္မ်ားစြာ ဘဝအဆက္ဆက္… ထာဝ ရသက္ရွိ အလွတရား”

ျဖစ္ရပ္မွန္ဇာတ္လမ္းတပုဒ္ကို အေျခခံ႐ိုက္ကူးထားတဲ့ “႐ိုးမေပၚက်တဲ့ မ်က္ရည္” ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၇ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနတာ ျဖစ္ၿပီး ပရိသတ္ေတြ အားေပးလက္ခံမႈရရွိေနခဲ့တဲ့ ဇာတ္ကားတကား ျဖစ္ပါတယ္။

ဘိုဘို႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ စာေရးဆ ရာ တင္ၫြန႔္ရဲ႕ ဝတၳဳကို သက္ဦးေမာင္နဲ႔ မင္းသခင္တို႔က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္ တာ ကိုေပါက္က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

စာေရးဆရာ တင္ၫြန႔္ရဲ႕ ဒီဝတၳဳဟာ အမ်ိဳးသားစာေပဆုလည္း ရရွိခဲ့ၿပီး ၁၉၈၀ ျပည့္လြန္ကာလက ပဲခူး႐ိုးမထဲက ႐ြာေလးတ႐ြာမွာ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြကို အေျခတည္ထားခဲ့တာပါ။ ခုတခါ ႐ုပ္ရွင္အေနနဲ႔ ဖန္တီးမႈမွာေတာ့ အဲဒီေခတ္ကာလ အ ျပင္အဆင္ေတြ၊ ေက်းလက္ေဒသေက်ာင္းဆရာ၊ ဆရာမေတြရဲ႕ ဘဝအေျခအေနေတြနဲ႔ အ တူ ဘဝသ႐ုပ္ေဖာ္ ဒရာမာဇာတ္လမ္းတပုဒ္အေနနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသား ျမင့္ျမတ္၊ ထူး ေအာင္၊ ေအာင္ေရခ်မ္း၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္၊ ေမျမင့္မိုရ္နဲ႔ တျခားသ႐ုပ္ ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားၾကတာပါ။

“ေက်ာခင္းတံတားမ်ား”လို႔ အမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ ဇာတ္ဝင္ေတးကို ေတာ့ ေတးေရး ထုံႀကီးက ေရးဖြဲ႕ေပးထားတာျဖစ္ၿပီး ေလးျဖဴရဲ႕ သီဆိုမႈနဲ႔အတူ ဇာတ္ဝင္ ခန္းျမင္ကြင္းေတြနဲ႔ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။

“ျမင္ႏိုင္သည္ျဖစ္ေစ… မျမင္သည္ျဖစ္ေစ… မရပ္တန႔္ က႐ုဏာမ်ား… ကိုယ္တိုင္ ဝင္ခံစားေလ… ပိုနက္ရႈိင္းေလ… ေက်ာခင္းတံတားေပၚက အမွန္တရား… ေျမဆီလႊာ ေပၚမွာ ထြန္ယက္သြား… အသက္ထက္ရင့္မွည့္တဲ့ ေပးဆပ္ျခင္းေတြအား… နာက်င္ေလ တဲ့ ဝဋ္ေႂကြး… ခ်ိဳၿမိန္စြာဟစ္ေႂကြး”

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ဇာတ္ဝင္ေတး႐ုပ္သံဗြီဒီယိုဖိုင္ကို ေဖ့စ္ဘြတ္ခ္အင္ တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ၂ ရက္အတြင္း ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ ေရ ၅ သိန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

This news is published with the permission of DVB TV News.