မန်စီးတီးကို ၉ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်သွားတဲ့ လီဗာပူးလ် ရုပ်သံ

92

ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပါတယ်။ ကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့သလို မန်စီးတီးရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းကို ဖိအားပေးနိုင်ခဲ့ပြီး နိုင်ပွဲရခဲ့တာပါ။ ဒီနှစ်သင်းအကြား ၆မှတ်ကွာနေတာကနေ ၉မှတ်အထိ ဖြတ်ထားနိုင်ပြီး အဓိက ပြိုင်ဖက်ကို အမှတ်ဖြတ်လိုက်တာပါ။

နောက်ဆုံး ပရီးမီးယားလိဂ် ပွဲပေါင်း ၂၁ပွဲမှာ ပွဲ ၂၀အထိ အနိုင်ရခဲ့သလို ချန်ပီယံဆုကို ထိုက်တန်ကြောင်းကို ပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အဓိက ထားတဲ့ မန်စီးတီးကို ယာဂမ်ကလော့ပ်က တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ယူခဲ့တဲ့နောက် လီဗာပူးလ်ဟာ ၂၉နှစ်အတွင်း ပထမဆုံး လိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်လာတာပါ။

လီဗာပူးလ်ကို ၄နှစ်တာ ကာလအတွင်း ဥရောပ ချန်ပီယံဖြစ်တဲ့အထိ ရအောင် စွမ်းဆောင်ပေးထားသလို ပရီးမီးယားလိဂ်မှာပါ အကောင်းဆုံး အသင်းအဖြစ် ရအောင် တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲပေါင်း ၅၁ပွဲမှာ ၁ပွဲပဲ ရှုံးခဲ့သလို နောက်ဆုံး ၂၉ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာ သူတို့ရဲ့ သမိုင်းတစ်လျောက် အကောင်းဆုံး ရာသီအဖွင့်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။


၁၉၈၉-၉၀ တုန်းက နောက်ဆုံးရခဲ့တဲ့ လီဗာပူးလ်ဟာ နိုင်ငံတကာပွဲတွေကြောင့် ရပ်နားမယ့် ပရီးမီးယားလိ၈် ပွဲစဉ် ၁၂အပြီးမှာ ဇယားထိပ်ကနေ လက်စတာ၊ ချယ်လ်ဆီးတို့ကို ၈မှတ်အထိ ဖြတ်လာနိုင်တာပါ။ မန်စီးတီးကိုပါ ၉မှတ်ဖြတ်ထား လိုက်တာကြောင့် လက်ကျန်ပွဲစဉ် ၂၆ပွဲမှာ ၃ပွဲအထိ အမှားခံလို့ရမယ့် အနေအထားပါ။ ဒီဇင်ဘာလအတွင်း ပွဲကျပ်တွေ ဆက်တိုက် ကန်ရမှာ ဖြစ်ပေမယ့် ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်အတွက် အမှတ်ပေး ချန်ပီယံဆုကို ရယူဖို့ ထိုက်တန်ပြီလို့ ဆိုရမှာပါ။

မန်စီးတီးကတော့ လာပေါ့ ဒဏ်ရာ ရသွားပြီးကတည်းက ခံစစ်ပိုင်း အားနည်းမှုတွေနဲ့ ရာသီအစပိုင်း ၁၂ပွဲမှာတင် ၃ပွဲအထိ ရှုံးခဲ့တာပါ။ ဒီပွဲ ရှုံးပွဲကြောင့် အဆင့် ၄နေရာအထိ ကျသွားခဲ့သလို လီဗာပူးလ်ရဲ့ အမှတ်ဖြတ်မှုကို လိုက်ဖို့ ခက်ခဲသွားတဲ့ အနေအထားပါ။

မန်စီးတီးဟာ နိုင်ငံတာပွဲတွေအပြီးမှာလည်း ခြေမှန်နေတဲ့ ချယ်လ်ဆီးနဲ့လည်း ကန်ရမှာဖြစ်လို့ နောက်ထပ် ပွဲကျပ်ကို ဘယ်လို ကျော်ဖြတ်ရမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၂၉နှစ်တာကာလ စောင့်စားခဲ့ရတဲ့ လီဗာပူးလ်နဲ့ ယာဂမ်ကလော့ပ် အသင်းဟာ ပရီးမီးယားလိဂ် အမည်နဲ့ ပထမဆုံး လိဂ်ဖလားကြီးကို ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ခြေစွမ်းအရရော၊ စိတ်ဓာတ်ပိုင်းအရပါ ပြိုင်ဖက်တွေထက် အသာရနေတဲ့ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ၂၀၁၇ခုနှစ် ဧပြီလမှာ ပဲလေ့စ်ကို ရှုံးပြီး လုံး၀ မရှိသေးတဲ့ အချက်ကလည်း လီဗာပူးလ် ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီလို့ ဆိုနိုင်ပြီ ဖြစ်ပါတယ်။

BBC Burmese

ယာဂမ္ကေလာ့ပ္ရဲ႕ လီဗာပူးလ္ကေတာ့ ပတ္ဂြါဒီယိုလာရဲ႕ မန္စီးတီးကို အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပါတယ္။ ေကာင္းဆုံး ေျခစြမ္းကို ျပသႏိုင္ခဲ့သလို မန္စီးတီးရဲ႕ အားနည္းေနတဲ့ ခံစစ္ပိုင္းကို ဖိအားေပးႏိုင္ခဲ့ၿပီး ႏိုင္ပြဲရခဲ့တာပါ။ ဒီႏွစ္သင္းအၾကား ၆မွတ္ကြာေနတာကေန ၉မွတ္အထိ ျဖတ္ထားႏိုင္ၿပီး အဓိက ၿပိဳင္ဖက္ကို အမွတ္ျဖတ္လိုက္တာပါ။

ေနာက္ဆုံး ပရီးမီးယားလိဂ္ ပြဲေပါင္း ၂၁ပြဲမွာ ပြဲ ၂၀အထိ အႏိုင္ရခဲ့သလို ခ်န္ပီယံဆုကို ထိုက္တန္ေၾကာင္းကို ျပသႏိုင္ခဲ့တဲ့ ပြဲလည္း ျဖစ္ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈကို အဓိက ထားတဲ့ မန္စီးတီးကို ယာဂမ္ကေလာ့ပ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ အႏိုင္ယူခဲ့တဲ့ေနာက္ လီဗာပူးလ္ဟာ ၂၉ႏွစ္အတြင္း ပထမဆုံး လိဂ္ဖလားကို ရယူႏိုင္ဖို႔ နီးစပ္လာတာပါ။

လီဗာပူးလ္ကို ၄ႏွစ္တာ ကာလအတြင္း ဥေရာပ ခ်န္ပီယံျဖစ္တဲ့အထိ ရေအာင္ စြမ္းေဆာင္ေပးထားသလို ပရီးမီးယားလိဂ္မွာပါ အေကာင္းဆုံး အသင္းအျဖစ္ ရေအာင္ တည္ေဆာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ပြဲေပါင္း ၅၁ပြဲမွာ ၁ပြဲပဲ ရႈံးခဲ့သလို ေနာက္ဆုံး ၂၉ပြဲဆက္ ရႈံးပြဲမရွိ ကစားႏိုင္ခဲ့တဲ့ လီဗာပူးလ္ဟာ သူတို႔ရဲ႕ သမိုင္းတစ္ေလ်ာက္ အေကာင္းဆုံး ရာသီအဖြင့္ကို ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။

၁၉၈၉-၉၀ တုန္းက ေနာက္ဆုံးရခဲ့တဲ့ လီဗာပူးလ္ဟာ ႏိုင္ငံတကာပြဲေတြေၾကာင့္ ရပ္နားမယ့္ ပရီးမီးယားလိ၈္ ပြဲစဥ္ ၁၂အၿပီးမွာ ဇယားထိပ္ကေန လက္စတာ၊ ခ်ယ္လ္ဆီးတို႔ကို ၈မွတ္အထိ ျဖတ္လာႏိုင္တာပါ။ မန္စီးတီးကိုပါ ၉မွတ္ျဖတ္ထား လိုက္တာေၾကာင့္ လက္က်န္ပြဲစဥ္ ၂၆ပြဲမွာ ၃ပြဲအထိ အမွားခံလို႔ရမယ့္ အေနအထားပါ။ ဒီဇင္ဘာလအတြင္း ပြဲက်ပ္ေတြ ဆက္တိုက္ ကန္ရမွာ ျဖစ္ေပမယ့္ ယာဂမ္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အတြက္ အမွတ္ေပး ခ်န္ပီယံဆုကို ရယူဖို႔ ထိုက္တန္ၿပီလို႔ ဆိုရမွာပါ။

မန္စီးတီးကေတာ့ လာေပါ့ ဒဏ္ရာ ရသြားၿပီးကတည္းက ခံစစ္ပိုင္း အားနည္းမႈေတြနဲ႔ ရာသီအစပိုင္း ၁၂ပြဲမွာတင္ ၃ပြဲအထိ ရႈံးခဲ့တာပါ။ ဒီပြဲ ရႈံးပြဲေၾကာင့္ အဆင့္ ၄ေနရာအထိ က်သြားခဲ့သလို လီဗာပူးလ္ရဲ႕ အမွတ္ျဖတ္မႈကို လိုက္ဖို႔ ခက္ခဲသြားတဲ့ အေနအထားပါ။

မန္စီးတီးဟာ ႏိုင္ငံတာပြဲေတြအၿပီးမွာလည္း ေျခမွန္ေနတဲ့ ခ်ယ္လ္ဆီးနဲ႔လည္း ကန္ရမွာျဖစ္လို႔ ေနာက္ထပ္ ပြဲက်ပ္ကို ဘယ္လို ေက်ာ္ျဖတ္ရမလဲ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ဘာပဲျဖစ္ျဖစ္ ႏွစ္ေပါင္း ၂၉ႏွစ္တာကာလ ေစာင့္စားခဲ့ရတဲ့ လီဗာပူးလ္နဲ႔ ယာဂမ္ကေလာ့ပ္ အသင္းဟာ ပရီးမီးယားလိဂ္ အမည္နဲ႔ ပထမဆုံး လိဂ္ဖလားႀကီးကို ရဖို႔ နီးစပ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ေျခစြမ္းအရေရာ၊ စိတ္ဓာတ္ပိုင္းအရပါ ၿပိဳင္ဖက္ေတြထက္ အသာရေနတဲ့ လီဗာပူးလ္ဟာ အိမ္ကြင္းမွာ ၂၀၁၇ခုႏွစ္ ဧၿပီလမွာ ပဲေလ့စ္ကို ရႈံးၿပီး လုံး၀ မရွိေသးတဲ့ အခ်က္ကလည္း လီဗာပူးလ္ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ၿပီလို႔ ဆိုႏိုင္ၿပီ ျဖစ္ပါတယ္။