နေပြည်တော် ရေပန်းဥယျာဉ်တွင် မိုင်းဟုဆရသည့် မသင်္ကာဖွယ်ရာအထုပ်တွေ့ရှိ

94

နေပြည်တော်၊ သပြေကုန်းမှာရှိတဲ့ ရေပန်းဥယျာဉ်အတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့က မိုင်းလို့ ယူဆရတဲ့ မသင်္ကာဖွယ်ရာ အထုပ်တထုပ်ကို စည်ပင်လုံခြုံရေးဝန်ထမ်းတဦးက တွေ့ရှိခဲ့ပါတယ်။

ရေပန်းဥယျာဉ်ထဲက ဗိုလ်ကတော်မျက်ခုံးပင်အောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အထုပ်ထဲမှာတော့ ဖောက်ခွဲရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုတွေ့ရပြီး မိုင်းဟုတ်မဟုတ်ကိုတော့ အသေအချာ မသိရသေးပါဘူး။

စည်ပင်ဝန်ထမ်းက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တဲ့အတွက် အခင်းဖြစ်တဲ့ နေရာကို လုံ/နယ်ဝန်ကြီး အပါအဝင် အမှတ် (၃) စစ်ဗျူဟာမှူး၊ မှုခင်းရဲတပ်ဖွဲ့တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေကလည်း လာရောက်စစ်ဆေးသွားပါတယ်။


DVB TV News

ေနျပည္ေတာ္၊ သေျပကုန္းမွာရွိတဲ့ ေရပန္းဥယ်ာဥ္အတြင္းမွာ ႏိုဝင္ဘာ ၁၀ ရက္ေန႔က မိုင္းလို႔ ယူဆရတဲ့ မသကၤာဖြယ္ရာ အထုပ္တထုပ္ကို စည္ပင္လုံၿခဳံေရးဝန္ထမ္းတဦးက ေတြ႕ရွိခဲ့ပါတယ္။

ေရပန္းဥယ်ာဥ္ထဲက ဗိုလ္ကေတာ္မ်က္ခုံးပင္ေအာက္မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အထုပ္ထဲမွာေတာ့ ေဖာက္ခြဲရာမွာအသုံးျပဳတဲ့ ဆက္စပ္ပစၥည္းေတြကိုေတြ႕ရၿပီး မိုင္းဟုတ္မဟုတ္ကိုေတာ့ အေသအခ်ာ မသိရေသးပါဘူး။

စည္ပင္ဝန္ထမ္းက သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့တဲ့အတြက္ အခင္းျဖစ္တဲ့ ေနရာကို လုံ/နယ္ဝန္ႀကီး အပါအဝင္ အမွတ္ (၃) စစ္ဗ်ဴဟာမႉး၊ မႈခင္းရဲတပ္ဖြဲ႕ေတြနဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးေတြကလည္း လာေရာက္စစ္ေဆးသြားပါတယ္။

DVB TV News