၉ ကြိမ်မြောက် အောင်ဘာလေထီ သိန်း ၅၀ ဆုကို ထီလက်မှတ်အတုဖြင့် လိမ်လည်ထုတ်ယူသွားမှုဖြစ်

226

တောင်ငူမြို့ ရှိ “ရတနာသိန်းထိုက်အောင် ” ထီဆိုင်မှ ထီလက်မှတ်အတုဖြင့် ငွေ သိန်း ၅၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွါးခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့က သိရသည်။

တောင်ငူမြို့ ၊ ၁၉ ရပ်ကွက် ၊ စတီးလမ်းနေ ကိုဇော်လွင်( ၄၀)နှစ် ၊(ဘ) ဦးဌေးမောင် သည် နိုဝင်ဘာ ၁၀ ရက် မနက်၉ နာရီခွဲအချိန်တွင် ၁၇ ရပ်ကွက်၊ ကန်လမ်းတွင် ” ရတနာသိန်းထိုက်အောင် ” အမည်ဖြင့် ထီဆိုင်ဖွင့်လစ်ရောင်းချနေစဉ် ကိုမင်းသူ(၄၀)နှစ် ၊ ကျောင်းစုရပ်ကွက် ၊ အိမ်မဲမြို့ ၊ ဧရာဝတီတိုင်း( ယခု ခတ္တဆွာမြို့ ) နေသူရောက်လာကြောင်း တိုင်ကြားစာအရ သိရသည်။

ယင်းသို့ရောက်ရှိလာပြီး မန္တလေးမြို့ ထီဆိုင်တစ်ဆိုင်မှ ထိုးလာသော နိုဝင်ဘာ( ၁ )ရက်နေ့ တွင် ဖွင့်လှစ်သည့်( ၉) ကြိမ်မြောက် အောင်ဘာလေဆုမှ သိန်း( ၅၀ )ဆုအတွက် ထုတ်ယူလိုကြောင်းပြောပြီး ထီလက်မှတ်အား ထုတ်ပေးခဲ့ကြောင်းသိရသည်။


သတင်း ဓာတ်ပုံ – နေလင်းအောင် (တောင်ငူ)

ထုတ်ပေးလာသော ထီလက်မှတ်အား ကိုဇော်လွင် မှ ထုတ်ကြည့်ရာ ” ဒ ၆၆၀၇၆၄ ” ပေါက်ထားသော ကျပ်သိန်း( ၅၀) ဆု လက်မှတ် တစ်စောင်ဖြစ်နေသောကြောင့် တိုက်ဆိုင်စစ်ဆေးပြီး ကျပ်သိန်း ( ၅၀ )ဆု ထုတ်ပေးရန်အတွက် နှစ်ဦးသဘောတူ အရောင်းအဝယ် စာချုပ်ကို သက်သေများ နှင့်အတူ လက်မှတ်ထိုး ဝယ်ယူခဲ့ပြီး ကိုမင်းသူ အား ကျပ်သိန်း( ၅၀ ) ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ကိုမင်းသူ ငွေ သိန်း( ၅၀ )ကျပ် ထုတ်ယူပြီး ပြန်သွားချိန်တွင် ( ၉ )ကြိမ်မြောက် ” ဒ ၆၆၀၇၆၄ ” နံပါတ်ပါ အောင်ဘာလေ သိန်းဆု လက်မှတ်အား အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ အောင်ဘာလေ သိန်းဆု လက်မှတ် ” ဒ” ထိပ်ဆုံး ၆ ဂဏန်းနှင့် နောက်ဆုံး ၄ ဂဏန်းမှာ ပြင်ဆင်ပြုလုပ်ထားသည်ကို သိလိုက်ရကြောင်း တိုင်ကြားစာအရ သိရသည်။

ထီလက်မှတ် အတုဖြင့်ငွေ ကျပ်သိန်း( ၅၀ ) ထုတ်ယူသွားသော ကိုမင်းသူအား တောင်ငူမြို့မ ရဲစခန်းတွင် (ပ) ၁၁၉၇ /၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ / ၄၆၈ ဖြင့်အမှုထားကြောင်းသိရသည်။

AlinnMyay(အလင်းမြေ)

ေတာင္ငူၿမိဳ႕ ရွိ “ရတနာသိန္းထိုက္ေအာင္ ” ထီဆိုင္မွ ထီလက္မွတ္အတုျဖင့္ ေငြ သိန္း ၅၀ လိမ္လည္ထုတ္ယူမႈ ျဖစ္ပြါးခဲ့ေၾကာင္း ႏိုဝင္ဘာ ၁၀ ရက္ေန႔က သိရသည္။

ေတာင္ငူၿမိဳ႕ ၊ ၁၉ ရပ္ကြက္ ၊ စတီးလမ္းေန ကိုေဇာ္လြင္( ၄၀)ႏွစ္ ၊(ဘ) ဦးေဌးေမာင္ သည္ ႏိုဝင္ဘာ ၁၀ ရက္ မနက္၉ နာရီခြဲအခ်ိန္တြင္ ၁၇ ရပ္ကြက္၊ ကန္လမ္းတြင္ ” ရတနာသိန္းထိုက္ေအာင္ ” အမည္ျဖင့္ ထီဆိုင္ဖြင့္လစ္ေရာင္းခ်ေနစဥ္ ကိုမင္းသူ(၄၀)ႏွစ္ ၊ ေက်ာင္းစုရပ္ကြက္ ၊ အိမ္မဲၿမိဳ႕ ၊ ဧရာဝတီတိုင္း( ယခု ခတၱဆြာၿမိဳ႕ ) ေနသူေရာက္လာေၾကာင္း တိုင္ၾကားစာအရ သိရသည္။

ယင္းသို႔ေရာက္ရွိလာၿပီး မႏၲေလးၿမိဳ႕ ထီဆိုင္တစ္ဆိုင္မွ ထိုးလာေသာ ႏိုဝင္ဘာ( ၁ )ရက္ေန႔ တြင္ ဖြင့္လွစ္သည့္( ၉) ႀကိမ္ေျမာက္ ေအာင္ဘာေလဆုမွ သိန္း( ၅၀ )ဆုအတြက္ ထုတ္ယူလိုေၾကာင္းေျပာၿပီး ထီလက္မွတ္အား ထုတ္ေပးခဲ့ေၾကာင္းသိရသည္။

ထုတ္ေပးလာေသာ ထီလက္မွတ္အား ကိုေဇာ္လြင္ မွ ထုတ္ၾကည့္ရာ ” ဒ ၆၆၀၇၆၄ ” ေပါက္ထားေသာ က်ပ္သိန္း( ၅၀) ဆု လက္မွတ္ တစ္ေစာင္ျဖစ္ေနေသာေၾကာင့္ တိုက္ဆိုင္စစ္ေဆးၿပီး က်ပ္သိန္း ( ၅၀ )ဆု ထုတ္ေပးရန္အတြက္ ႏွစ္ဦးသေဘာတူ အေရာင္းအဝယ္ စာခ်ဳပ္ကို သက္ေသမ်ား ႏွင့္အတူ လက္မွတ္ထိုး ဝယ္ယူခဲ့ၿပီး ကိုမင္းသူ အား က်ပ္သိန္း( ၅၀ ) ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္ ။

ကိုမင္းသူ ေငြ သိန္း( ၅၀ )က်ပ္ ထုတ္ယူၿပီး ျပန္သြားခ်ိန္တြင္ ( ၉ )ႀကိမ္ေျမာက္ ” ဒ ၆၆၀၇၆၄ ” နံပါတ္ပါ ေအာင္ဘာေလ သိန္းဆု လက္မွတ္အား အႀကိမ္ႀကိမ္ စစ္ေဆးၾကည့္ရာ ေအာင္ဘာေလ သိန္းဆု လက္မွတ္ ” ဒ” ထိပ္ဆုံး ၆ ဂဏန္းႏွင့္ ေနာက္ဆုံး ၄ ဂဏန္းမွာ ျပင္ဆင္ျပဳလုပ္ထားသည္ကို သိလိုက္ရေၾကာင္း တိုင္ၾကားစာအရ သိရသည္။

ထီလက္မွတ္ အတုျဖင့္ေငြ က်ပ္သိန္း( ၅၀ ) ထုတ္ယူသြားေသာ ကိုမင္းသူအား ေတာင္ငူၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၁၉၇ /၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၄၂၀ / ၄၆၈ ျဖင့္အမႈထားေၾကာင္းသိရသည္။

AlinnMyay(အလင္းေျမ)