ကျောင်းဆရာမဝတ်စုံနဲ့ အမျိုးသမီးတစ်ဦးက အဋ္ဌမတန်းကျောင်းသားတစ်ဦးအား.. .ဆွဲခေါ်မှုဖြစ်ပွား

79

မိုးညႇင္းၿမိဳ့ေပၚ ရပ္ကြက္တစ္ခု၌ ေက်ာင္းဆရာမပုံစံဝတ္ဆင္ထားသည့္ အသက္(၃၀)ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦးက အ႒မတန္း ေက်ာင္းသားတစ္ဦးအား အတင္းအဓမၼဆြဲေခၚစဥ္ ပတ္ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦး ဝင္ေရာက္ဟန႔္တားမွုေၾကာင့္ ကားျဖင့္ ထြက္ေျပးသြားသည့္ ျဖစ္စဥ္တစ္ခု နိုဝင္ဘာ ၄ ရက္ေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း မိုးညႇင္းၿမိဳ့မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ နိုဝင္ဘာလ ၄ ရက္ေန႔၊ နံနက္ (၈း၄၅)နာရီ အခ်ိန္ခန႔္က မိုးညႇင္းၿမိဳ့၊ နတ္ႀကီးကုန္း(ဗမာပိုင္း) ရပ္ကြက္ ေန၊ အဘ ဦးေဂၚသန္း၏ သားျဖစ္သူ အသက္(၁၃)ႏွစ္အရြယ္၊ အ႒မတန္းေက်ာင္းသား ေမာင္ေအာင္သီဟေက်ာ္ သည္ ၎ေနအိမ္မွ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းသို့ အသြား

စိုးသူကားဝပ္ေရွာ့အနီး အေရာက္တြင္ HONDA FIT အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီးမွ ၎၏ ေရွ႕ပိတ္ရပ္ကာ ေက်ာင္းဆရာမပုံစံဝတ္ဆင္ထားသည့္ အသက္(၃၀)ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦးက “ဆရာမကို ကူညီပါဦး” ဆိုကာ လက္ေမာင္အားဆြဲကိုင္ၿပီး ပါးစပ္ပိတ္ဆြဲေခၚေနစဥ္


အနီးပတ္ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးက “ဘာျဖစ္တာလဲ” ဟု ေမးျမန္းရာ ယင္းအမ်ိဳးသမီးက “ကေလးက ဆိုးလို့ ထိန္းတာ” ဟု ျပန္ေျပာခဲ့သည္။

ကူညီသူ အမ်ိဳးသားမွ “ဆရာမကဘယ္ေက်ာင္းကလဲ”ဟု ဆက္လက္ေမးျမန္းခဲ့ရာ ယင္းအမ်ိဳးသမီးက ဘာမွျပန္မေျပာဘဲ ကားေပၚတက္ကာ ယာဥ္ေမာင္း ျဖစ္သူႏွင့္ အတူ မိုးညႇင္းၿမိဳ့တြင္းသို့ ေမာင္းႏွင္ ထြက္ေျပးသြားေၾကာင္း၊ ယာဥ္နံပါတ္ အား မမွတ္မိျခင္းေၾကာင္းႏွင့္ ကားေပၚတြင္ အဆိုပါ အမ်ိဳးသမီးႏွင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးတို့သာ ေတြ႕ရွိရေၾကာင္း၊

ထို့အျပင္ အ႒မတန္းေက်ာင္းသား ေမာင္ေအာင္သီဟေက်ာ္ ေမးျမန္းၾကည့္ရာတြင္လည္း ၎တို့ ၂ ဦးအား တစ္ခါမွ မျမင္ဘူးေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အ႒မတန္းေက်ာင္းသားအား အဓမၼေခၚေဆာင္ရန္ ႀကံစည္သူမ်ားအား ဖမ္းဆီးရမိေရး အတြက္ ေဆာင္ရြက္လၽွက္ရွိေၾကာင္း မိုးညႇင္းၿမိဳ့မရဲစခန္းမွ သိရသည္။

မဂၤလာဦး

ကျောင်းဆရာမပုံစံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အဋ္ဌမတန်းကျောင်းသားတစ်ဦးအား အဓမ္မဆွဲခေါ်မှုဖြစ်ပွား

မိုးညှင်းမြို့ပေါ် ရပ်ကွက်တစ်ခု၌ ကျောင်းဆရာမပုံစံဝတ်ဆင်ထားသည့် အသက်(၃၀)နှစ်အရွယ် အမျိုးသမီး တစ်ဦးက အဋ္ဌမတန်း ကျောင်းသားတစ်ဦးအား အတင်းအဓမ္မဆွဲခေါ်စဉ် ပတ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်ဟန့်တားမှုကြောင့် ကားဖြင့် ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက် (၈း၄၅)နာရီ အချိန်ခန့်က မိုးညှင်းမြို့၊ နတ်ကြီးကုန်း(ဗမာပိုင်း) ရပ်ကွက် နေ၊ အဘ ဦးဂေါ်သန်း၏ သားဖြစ်သူ အသက်(၁၃)နှစ်အရွယ်၊ အဋ္ဌမတန်းကျောင်းသား မောင်အောင်သီဟကျော် သည် ၎င်းနေအိမ်မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ အသွား

စိုးသူကားဝပ်ရှော့အနီး အရောက်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ်တစ်စီးမှ ၎င်း၏ ရှေ့ပိတ်ရပ်ကာ ကျောင်းဆရာမပုံစံဝတ်ဆင်ထားသည့် အသက်(၃၀)နှစ်အရွယ် အမျိုးသမီး တစ်ဦးက “ဆရာမကို ကူညီပါဦး” ဆိုကာ လက်မောင်အားဆွဲကိုင်ပြီး ပါးစပ်ပိတ်ဆွဲခေါ်နေစဉ်

အနီးပတ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက “ဘာဖြစ်တာလဲ” ဟု မေးမြန်းရာ ယင်းအမျိုးသမီးက “ကလေးက ဆိုးလို့ ထိန်းတာ” ဟု ပြန်ပြောခဲ့သည်။

ကူညီသူ အမျိုးသားမှ “ဆရာမကဘယ်ကျောင်းကလဲ”ဟု ဆက်လက်မေးမြန်းခဲ့ရာ ယင်းအမျိုးသမီးက ဘာမှပြန်မပြောဘဲ ကားပေါ်တက်ကာ ယာဉ်မောင်း ဖြစ်သူနှင့် အတူ မိုးညှင်းမြို့တွင်းသို့ မောင်းနှင် ထွက်ပြေးသွားကြောင်း၊ ယာဉ်နံပါတ် အား မမှတ်မိခြင်းကြောင်းနှင့် ကားပေါ်တွင် အဆိုပါ အမျိုးသမီးနှင့် ယာဉ်မောင်းအမျိုးသားတစ်ဦးတို့သာ တွေ့ရှိရကြောင်း၊

ထို့အပြင် အဋ္ဌမတန်းကျောင်းသား မောင်အောင်သီဟကျော် မေးမြန်းကြည့်ရာတွင်လည်း ၎င်းတို့ ၂ ဦးအား တစ်ခါမှ မမြင်ဘူးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဋ္ဌမတန်းကျောင်းသားအား အဓမ္မခေါ်ဆောင်ရန် ကြံစည်သူများအား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျှက်ရှိကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဦး