လူမျက်နှာနဲ့ ငါးကို မြင်လိုက်ရတာကြောင့် အလွန် ကြောက်လန့်သွားခဲ့တဲ့ သူ (ရုပ်သံ)
206
တွေးကြည့်… နေ့ခင်းကြောင်တောင် ရေကန်ဘေးနားကို လျှောက်သွားတဲ့ အချိန်မှာ ရေကန်ထဲကနေ လူမျက်နှာနဲ့ တစ်ခုခုက သင်ကို ကြည့်နေမယ်ဆိုရင် အလွန် ကြောက်စရာ ကောင်းမှာပဲ မဟုတ်လား။
တကယ် မကြုံရပေမဲ့ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာ ကောင်းပြီး တရုတ်နိုင်ငံကို အလည်လာတဲ့ ခရီးသွား အမျိုးသမီး တစ်ဦးကတော့ အဲဒီလို ဖြစ်စဉ်ကို ကြုံခဲ့ရလို့ အလွန် ကြောက်လန့်ခဲ့ပါတယ်။
အမည်မဖော် ခရီးသွား အမျိုးသမီးတစ်ဦးဟာ ရေကန်ထဲမှာ လူမျက်နှာနဲ့ ငါးကို တေ့ွလိုက်တဲ့ အချိန်မှာ အလွန် တုန်လှုန် ကြောက်လန့်သွားခဲ့တာပါ။ တကယ်တော့ အဲဒီ ငါးဟာ Carp လို့ ခေါ်တဲ့ ငါး တစ်မျို ဖြစ်ပြီး ပါးစပ်၊ နှာခေါင်း နဲ့ မျက်လုံးတွေက လူတွေနဲ့ တကယ်တူပါတယ်။
မြန်လိုကတော့ Carp ငါးကို “ငါးကြင်းငါးသိုင်း”လို့ ခေါ်ပြီး၊ အပြင်မှာ တကယ် တွေ့ရခဲတဲ့ ငါး အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။”ငါးကြင်းငါးသိုင်း” ခေါ် “Carp” ငါးဟာ လူတွေရဲ့ မျက်နှာနဲ့ အလွန် တူတယ်လို့ လူသိ များပေမဲ့လည်း အပြင်မှာ တကယ် တွေ့ရမယ်ဆိုရင် အလွန် ကြောက်စရာ ကောင်းလှပါတယ်။
ဒါပေမဲ့ ခရီးသွား အမျိုးသမီးဖြစ်သူဟာ Carp ငါးကို အလွန် ကြောက်တဲ့ကြားက ထူးခြားလွန်းလို့ ဗီဒီယို ရိုက်ပါတယ်။ သူဟာ Carp ငါးကို ရိုက်ထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ပြီး၊ လူကြည့် အလွန် များသွားခဲ့ပါတယ်။
Worldofbuzz သတင်းက အမျိုးသမီးဟာ တရုတ်နိုင်ငံ Kunming မြို့ကို လာလည်တဲ့ ခရီးသွား ဖြစ်ပြီး Kunming မြို့က ရေကန်မှာ Carp ငါးကို တွေ့ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ခရီးသွား အမျိုးသမီးက Carp ငါးကို တွေ့တဲ့ အချိန်မှာ အလွန် အံ့သြမိပြီး၊ ဒဏ္ဍာရီပုံပြင်နဲ့ တူတယ်လို့ ပြောခဲ့ပါတယ်။ သင်ရော လူမျက်နှာနဲ့ တူတဲ့ ငါးကို ရေကန်ထဲမှာ တွေ့မယ်ဆိုရင် သူမလိုပဲ အလွန် ကြောက်မှာလား။
Ko Khant ( D Nae Khit Media )