မနက်ဖြန်စာမေးပွဲ ဖြေရမှာ စိတ်ဖိစီးလွန်းလို့ ညမှာ လွန်ဆွဲပွဲ လုပ်ပြီး စိတ်အပန်းဖြေကြတဲ့ ကျောင်းသားတွေ
83
ကျောင်းသူ/ သားတွေ အများစုဟာ စားမေးပွဲရက် နီးကပ်လာတာနဲ့ အမျှ အနည်း နဲ့ အများ စိတ်ဖိစီးမှုခံစားကြရပါတယ်။ အချို့သူတွေဟာ စိတ်ဖိစီးမှု များလာပြီဆိုရင် ခဏ နားကြပြီး အချို့သူတွေကတော့ စိတ်ဖိစီးမှု များလာပြီဆိုရင် လေ့ကျင့်ခန်း လုပ်ကြပါတယ်။
အခုလည်းပဲ မလေးရှားနိုင်ငံက တက္ကသိုလ် အဆောင်မှာ နေထိုင်တဲ့ သူတွေဟာ စိတ်ဖိစီးလွန်းကြလို့ ညဘက်မှာ လွန်ဆွဲပွဲ လုပ်ခဲ့ကြပါတယ်။သူတို့ကတော့ မလေးရှားနိုင်ငံက Universiti Tecknologi Petronas (UTP) တက္ကသိုလ်ရဲ့ နည်းပညာ ကျောင်းသားတွေဖြစ်ပါတယ်။
သူတု့ိ မနက်ဖြန် စာမေးပွဲ ဖြေရတော့မှာ ဖြစ်ပြီး အလွန် စိတ်ဖိစီးလွန်လို့ ညဘက်မှာ လွန်ဆွဲပွဲ လုပ်ခဲ့ကြပါတယ်။ အဆောင် တစ်ဖက် နဲ့ တစ်ဖက် ယှဉ်ပြိုင်ခဲ့ကြပြီး ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ အဆောင်က အကြာကြီး လွန်ဆွဲကြပြီးတဲ့နောက် လွန်ဆွဲပွဲကို အနိုင်ရရှိသွားပါတယ်။
သူတို့ရဲ့ လွန်ဆွဲပွဲကို Amri Hakim ဆိုတဲ့ လူ တစ်ဦးက ဗီဒီယိုနဲ့ ရိုက်ပြီး လူမှုကွန်ရက် တွစ်တာပေါ်မှာ တင်သွားခဲ့ပါတယ်။ ဗီဒီယိုဟာ ဖွင့်ဖွင့်ချင်းမှာ တစ်ဖက် နဲ့ တစ်ဖက် လွန်ဆွဲနေကြတဲ့ အချိန်ကနေ စပြီး အမျိုးသမီးတွေ မပါဘဲ ယောင်္ကျားလေးတွေချည်းပါပဲ။
သူတို့တွေဟာ တစ်ဖက်ကို တစ်ဖက် အားရပါရ အားနဲ့ ဆွဲခဲ့ကြပြီး၊ အင်္ကျီအပြာနဲ့ ဦးဆောင်ထားတဲ့ တစ်ဖက်က လွန်ဆွဲပွဲကို အနိုင်ရရှိသွားပါတယ်။WorldofBuzz သတင်းအရ ဗီဒီယိုရဲ့ Comment တွေထဲမှာ သူတို့ဟာ စားမေးပွဲ ဖြေရတော့မှာ ဖြစ်ပြီး စိတ် အပန်းဖြေနေကြတာ ဖြစ်တယ်လို့ ရေးထားတာကို တွေ့ရတယ်လို့ ဖော်ပြသွားပါတယ်။
ဗီဒီယိုကို တင်တဲ့ အချိန်မှာ လူကြည့် အလွန် များခဲ့ပြီး၊ ဒါဟာ တက္ကသိုလ် ဘဝ ဖြစ်တယ်လို့ ရေးခဲ့ကြပါတယ်။ UTP နည်းပညာ ကျောင်းသားတွေရဲ့ စိတ်အပန်းဖြေပုံဟာ ဟိုလေးတစ်ကျော် ဖြစ်သွားခဲ့ရပါတယ်။
Ko Khant ( D Nae Khit Media )